အခန်း(၂၆) ရွှဲယိ

5.1K 680 25
                                    

ထိုယောင်္ကျားက မျက်လုံးနက်နက် နှာတံမြင့်မြင့်နှင့် ဟူလူမျိုးတစ်ယောက်၏ ပုံပန်းသွင်ပြင်ရှိသည်။ ရုပ်သွင်က အနည်းငယ် ကြင်နာတတ်မည့် ပုံစံရှိပြီး အလယ်ပိုင်းမြေပြန့်ဒေသနှင့် သွေးနှောမည့်ပုံပေါ်သည်။

သူ ဝတ်ထားသည့် အဝတ်အစားက ဟောင်းနွမ်းနေကာ ပါးပြင်တစ်ခုလုံးကို မုတ်ဆိတ်မွေးထူထူတွေနှင့် ဖုံးအုပ်ထားသဖြင့် ပုံပန်းသွင်ပြင်ကို ထင်ထင်ရှားရှား မမြင်ရပေ။ သို့ပေမယ့် မျက်ခုံးကနေ ပါးပြင်ထိ တဖြောင့်တည်းတန်းနေသည့် အမာရွတ်ရည်ကြီးတစ်ခုကို ရေးတေးတေးလေး မြင်ရသည်။ သူဟာ နဂိုက ချောမောခန့်ငြားသည့် လူတစ်ယောက်ဖြစ်သင့်တာဖြစ်သည်။ ထိုအမာရွတ်တစ်ခုရှိနေတော့ မိုက်ရူးရဲဆန်၍ ရက်စက်သည့် ဟန်ပန်တချို့ ရှိသွားသည်။

လုပ်ကြံသူအချို့ကလည်း ဒီလူက သွားဆွလို့မသင့်တဲ့လူဖြစ်မှန်း အထင်အရှားခံစားမိလိုက်သည်။ သို့ပေမယ့် သူတို့ လုပ်တာက ပုန်ကန်မှုဖြစ်သဖြင့် အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှ ချန်ထားခဲ့လို့မဖြစ်ပေ။

လုပ်ကြံသူနှစ်ယောက်က  အပြန်အလှန် အကြည့်ချင်းဖလှယ်ပြီး ထိုလူဆီကို တိုက်ရိုက် တိုးဝင်လိုက်သည်။

သို့ပေမယ့် ထိုလူရဲ့ တုံပြန်မှုက ဒီလောက်ထိ လျင်မြန်လိမ့်မယ်လို့ မထင်ထားပေ။ သူရဲ့ ဓါးရှည်ကို ကိုင်ထားရင်း  လုပ်ကြံသူ နှစ်ယောက်၏ လည်ပင်းအား တိုက်ရိုက် ထိတွေ့လိုက်၏။

"ညီအစ်ကို၊ မင်း ငါ့ကို ဘယ်လိုကျေးဇူးဆပ်မှာလဲ"

သည်လောက် အန္တရာယ်များတဲ့ အနေအထားဖြစ်နေမှန်း သိသာနေတာတောင် သူကတော့ ပွဲလာကြည့်တဲ့ လူတစ်ယောက်သကဲ့သို့ ပေါ့‌ ပေါ့ပါးပါးပုံစံဖြစ်နေသည်။

"ကျေးဇူးတင်ပါတယ်"

ကုထင်ရန်က မြေပြင်ပေါ်၌ ပြုတ်ကျနေတဲ့ ဓါးကို ကောက်လိုက်ပြီး ဓါးဖျားကို လုပ်ကြံသူတစ်စုဆီသို့ ချိန်ရွယ်လိုက်သည်။ လေသံကတော့ ဘယ်လို ခံစားချက်အတတ်အကျမှရှိမနေဘဲ အေးတိအေးစက်ဖြစ်‌‌နေလေသည်။

ခန်းမှန်းကြည့်ရရင်တော့ လူအယောက်နှစ်ဆယ်လောက် ကျန်သေးသည်။ ကုထင်ရန်က ထိုဟူလူမျိုး၏ ကိုယ်ခံပညာက မဆိုးဘူးလို့ မြင်မိသည်။ အားထုတ်လုံးပန်း၍ တိုက်ခိုက်ရင်တော့ အောင်ပွဲရနိုင်
မည့် အလားအလာ အနည်းငယ်ရှိသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now