အခန်း(၁၀)ကျိုးနွံလိမ္မာသော

6.4K 771 17
                                    

"အရှင်မင်းကြီး ကျွန်မတို့ မယ်မယ်က ရှေ့ရက်မှာ တိုက်တိုက်ဆိုင်ဆိုင် နှစ်တစ်ရာ ဂျင်ဆင်းရလိုက်တယ်၊ စွပ်ပြုတ်ကျိုပြီး လူကြီးမင်းကုရဲ့ ခန္ဓာကိုယ်အားဖြည့်ဖို့ တကူးတကလာပို့ပေးတာပါ"

ကျောက်ဝမ်ယုံးက ခေါင်းကို ညင်ညင်သာသာဖြင့်တချက် ညိမ့်လိုက်လေသည်။ ထိုအစေခံမိန်းကလေးက အလိုက်တသိဖြင့် စွပ်ပြုတ်ကို ကုထင်ရန်ရှေ့ ထားလိုက်သည်။

နောက်ဆုံးတွင် သူ့သခင်အတွက် စကားကောင်းပြောပေးဖို့လည်း မမေ့လိုက်ပေ။

"မယ်မယ်က ရှေ့ရက်တုန်းက သတိမထားမိဘဲရေထဲပြုတ်ကျထားလို့ အအေးမိသွားပြီး လူကြီးမင်းကုကိုလာမကြည့်နိုင်တာပါ၊ အထူးတလည် ကျွန်တော်မျိုးမကို လွှတ်ပြီး တောင်းပန်ခိုင်းလိုက်ပါတယ်"

ထိုစကားထဲတွင် သိသိသာသာ တခြားအဓိပ္ပာယ်တချို့ပါဝင်နေသည်။
ကျောက်ဝမ်ယုံးက‌တော့ လုံးဝဘသတိမထားမိတဲ့ပုံပေါ်သည်။

"စိတ်ရှိသားပဲ၊ ကိုယ်တော် ညနေကျရင်သွားကြည့်လိုက်မယ်"

"ရှုရွေ့၊ ခုရက်ပိုင်း တောင်ဘက်ပင်လယ်ကဆက်သထားတဲ့ သန္တာကျောက်ကို ရို့လန်ဆီကို သွားပို့ပေးလိုက်"

ကုထင်ရန်က ထိုစွပ်ပြုတ်ကို ကြည့်လိုက်တော့ ကြက်စွပ်ပြုတ်ထဲ ဂျင်ဆင်းထည့်ပြီး အတူရောကျိုထားတာဖြစ်သည်။ အပေါ်ဘက်မှာ ဆီအချို့ဝေ့နေလေသည်။ ကြည့်‌ နေရင်း ဗိုက်ထဲမှာ မအီမသာဖြစ်လာလေသည်။ ထိုအစေခံအမျိုးသမီးက အလိုက်
တသိဖြင့် ထွက်ခွာသွားသည်။

ကျောက်ဝမ်ယုံးက ကုထင်ရန်ကို ပေါင်ပေါ်မှာ ဖက်ထားကာ ကျန်လက်တစ်ဖက်ဖြင့် စွပ်ပြုတ်ကို ခပ်ပြီး သူ့ကို ခွံကျွေးတော့သည်။

"ပါးစပ်ဟ"

သူရဲ့ အသံက အမိန့်ပါနေတော့ အလွယ်
တကူဆန့်ကျင်လို့မရပေ။
ရှေ့နှစ်ရက်က ထိုတစ်ခေါက်မှာတင်
အဆုံးသတ်မှာ ကုထင်ရန်က ကိုယ့်ရဲ့ နေရာအဆင့်အတန်းကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွား‌ခဲ့သည်။

တလောကလုံး၏ အာဏာကိုဆုပ်ကိုင်ထားသည့်လူရဲ့ရှေ့တွင် သူက သတိထားပြီးနေရပေမည်။ အောက်ကျို့နှိမ့်ချ၍ အသက်ရှင်ရပေမည်။ ကိုယ်ရဲ့ အလိုဆန္ဒအတိုင်းနေလို့မဖြစ်ပေ။ မဟုတ်ရင် ထိခိုက်နစ်နာမှုကို ခံစားရမှာက ကိုယ်တိုင်ပင်ဖြစ်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now