အခန်း(၈) ကိုယ်မင်းအပေါ် ကောင်းပါ့မယ် (ပထမပိုင်း)

7.3K 787 27
                                    

ကုထင်ရန်နိုးလာသည့်အချိန်တွင် အသိစိတ်က နိုးနိုးကြားကြားမရှိသေး‌သဖြင့် မူးနောက်နောက်နှင့်ပြန်အိပ်ပျော်သွားလေသည်။ နောက်တစ်ခေါက် နိုးလာသည့်အချိန်တွင် ညနေတောင်ရောက်နေပြီဖြစ်သည်။

ကုတင်ဘေးတွင် အစေခံမိန်းကလေးတစ်ယောက်က ဆေးပန်းကန်လုံးကို ကိုင်လျက် ရိုရိုသေသေ ရပ်နေသည်။ ကုထင်ရန် တစ်ချက်သာကြည့်ပြီး လက်မြှောက်၍ ဆေးပန်းကန်ကို မှောက်ချလိုက်သည်။

"ထွက်သွား"

သူ့အသံကသိပ်မကျယ်ပေ။ လူကိုကြည့်လိုက်ရင်တော့ အေးတိအေးစက်ဖြစ်‌နေပေမယ့် ရှိန်လောက်သည့် အရှိန်အဝါတစ်ချို့
ခပ်ရေးရေးလေးကိန်းအောင်းနေခဲ့သည်။

ထိုအစေခံမိန်းကလေးက မဆန့်ကျင်ရဲပေ။  အထိတ်တလန့်ဖြင့်ပြေးထွက်သွားပြီး ချက်ချင်း မိန်းမစိုးချုပ် ရှုကုန်းကုန်းကို အသိသွားပေးလိုက်သည်။

"သခင်လေး သောက်လိုက်ပါ၊ သမားတော်လီပြောတယ်၊ ဒီဆေးက သခင်လေးရဲ့ ကျန်းမာရေးအတွက် ကောင်းတယ်တဲ့"

"တကယ်လို့ အရှင်မင်းကြီး သိသွားရင် သခင်လေးအတွက်လည်း အကျိုးရှိမှာမဟုတ်ဘူး နော်"

ရှုကုန်းကုန်း အကြာကြီးနားချတာ‌တောင် နားချလို့မရပေ။ အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်တော့သည်။

ကုထင်ရန်က ခေါင်းကိုငုံထားလေသည်။ နာကျင်စရာကောင်းသည့်ကိစ္စတွေကို အစွမ်းကုန် အောင့်အီး သည်းခံနေသလိုပင်။

သူ၏ မျက်တောင်မွှေးလေးတွေက တဖျက်ဖျက်ခတ်လျက် ဖြာကျနေသည့်လရောင်အောက်တွင် အထီးကျန်ဆန်သည့် ခံစားချက်မျိုး  ပေးစွမ်းနေသည်။

ကုထင်ရန်လည်း ဘာလို့လည်းမသိပေ။ အဲ့ဒီဆေးကို မသောက်ချင်ပေ။ သူက ထိုဆေးကို မြင်ရင် ခေါင်း‌ကိုက်ချင်လာသည်။

သူအရမ်းရယ်စရာကောင်းတယ်လို့ထင်မိသည်။ ဒီဆေးကို သောက်သည်ဖြစ်စေ မသောက်သည်ဖြစ်‌စေ ဘာကွာခြားချက်ရှိမည်နည်း။သူတို့က သူ့ကို သေစေချင်မှတော့ သူ သေသွားတာပဲကောင်းပါသည်။ ကိုယ်လည်း သူတို့ပြောတာကို နားထောင်မှာမဟုတ်ပေ။ သူခံစားရတာ လုံလောက်‌နေပြီဖြစ်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now