အပိုင်း (၈၃) ဟာကွက် (ဒုတိယပိုင်း)

1.6K 304 33
                                    

ချန်ရှင်း မှတ်စုထဲ၌ ရေးသားထားသည့် စာကို သူရှင်းရှင်းလင်းလင်းမှတ်မိသည်။ 'သဘာဝအအေးဓါတ်အတွက် စိမ်းလန်းစိုပြည်သော တောင်ထဲတွင် မွေးမြူရန် သင့်လျော်သည်' ထို ကူပိုးကောင်နှစ်ကောင်ကို စိမ်းလန်းစိုပြည်သော တောင်ထဲမှာ မွေးမြူခဲ့သဖြင့် အခုလို ခရမ်းရောင်ဖြစ်နေရမှာ မဟုတ်ပေ။

ကုထင်ရန်၏ ခေါင်းထဲ ရုတ်တရက် ဝုန်းခနဲ တစ်ချက် မြည်ဟီးသွားသည်။ အတွေးပေါင်းသောင်းခြောက်ထောင်က သူ့ခေါင်းထဲ တဟုန်ထိုး လိပ်တတ်လာပေမယ့် နောက်ဆုံးမှာတော့ သူက ဆွံအသွားခဲ့သည်။

ထို နတ်ဆေးဆရာက ကူပိုးကောင်နှစ်ကောင်ကို ယူပြီး အတွင်းနန်းဆောင်ထဲမှထွက်သွားသည်ကို ကြောင်တက်တက်နဲ့ ကြည့်နေခဲ့သည်။ ဝမ်ကုန်းကုန်း၏ ဦးဆောင်မှုအောက်တွင် သူ့ မြင်ကွင်းထဲမှ တစ်လှမ်းချင်းစီ လှမ်း၍ ထွက်ခွာသွားခဲ့သည်။ ထိုလူက ကျောက်ဝမ်ယုံးအတွက် ကိုယ်တိုင်ကိုယ်ကျ ဆေးဖော်ပေးရမည်ဟု ပြောသွားသည်။

"မင်း ဘာဖြစ်လို့လဲ၊ ပျော်လွန်းလို့ ရူးသွားတာလား"

ကျောက်ဝမ်ယုံးက သူ့မျက်စိရှေ့မှာ လက်တစ်ချက် ရမ်းပြပြီး သူ့အား ပြုံးလျက် ကြည့်နေလေသည်။

ကုထင်ရန်က ကြက်သေသေနေသည်။ ထို့နောက် ကူကယ်ရာမဲ့သည့် အပြုံး ပြုံးပြလိုက်သည်။

"ဟုတ်တယ်၊ ကျွန်တော် အရမ်း ပျော်သွားလို့"

သူ ဤသို့ တဲ့ဝန်ခံလိုက်ခြင်းသည်
ကျောက်ဝမ်ယုံးကို တစ်ချက် ကြက်သေသေသွားစေသည်။ ထို့နောက် သူ့နှုတ်ခမ်းထောင့်စွန်းရှိ အပြုံးက ရုတ်တရက်ကြီး ပွင့်အာလာသည်။

သူ့ရဲ့ ဤသို့ သိသိသာသာ ပျော်ရွင်နေသော ပုံစံသည် ကုထင်ရန်၏ မျက်လုံးထဲမှာတော့ အနည်းငယ် နာကျင်စရာကောင်းသည့် သဘောသက်ရောက်နေသည်။

သို့ပေမယ့် ဘာလို့လည်း မသိပေ။ ကုထင်ရန်သည် မိမိခုနက သတိထားမိသော အရာကို ကျောက်ဝမ်ယုံးအား မပြောပြလိုက်ပေ။ သူ့စိတ်ထဲတွင် ကျောက်ဝမ်ယုံးကို စိတ်မပူစေချင်လို့ ဖြစ်ကောင်းဖြစ်နိုင်သည်ဟု တွေးလိုက်သည်။ အကယ်၍ ထိုလူက တကယ်ပဲ ရှောင်နုဘက်မှလွှတ်လိုက်သော သူလျှိုဖြစ်နေလျှင် ကျောက်ဝမ်ယုံးက အခု စိတ်ဓါတ်ကျသွားမှာ စိုးမိသည်။ သူ့ကို အသိမခံနိုင်ပေ။ မဟုတ်လျှင် သူ့ရောဂါအခြေအနေ ပိုးဆိုးသွားလိမ့်မည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now