အပိုင်း(၉၈) သူ့ရဲ့ သေခြင်းရှင်ခြင်းက မင်းရဲ့ အတွေးတစ်ချက်ပေါ်မှာ မူတည်တယ်

1.5K 163 0
                                    

ထိုအချိန်တုန်းက လီယွဲ့သည် ရှက်လွယ်သော ကလေးတစ်ယောက်ဖြစ်နေတုန်းပင်။ သို့သော် လျှိုအန်း၏ စူပုပ်နေသော မျက်နှာကို မြင်တော့ စိတ်ထဲ အနည်းငယ် ဝမ်းနည်းမိသွားသည်။ သူစဉ်းစားပြီးနောက် တိုးတိုးလေးပြောလိုက်သည်။

"ငါက သူ့ကို တိတ်တိတ်ကလေး သဘောကျတာပါ၊ သူမသိပါဘူး"
   
ထို့အပြင် သူလည်း မိမိကို မကြိုက်ပေ။

လီယွဲ့ခေါင်းထဲ ရုတ်တရက် ထိုစကားတစ်ခွန်း ထွက်ပေါ်လာခဲ့သည်။ အနှီအရာက အမှန်တရားဖြစ်ပေမယ့် ဘာလို့လည်းမသိပေ။ လီယွဲ့က ဤမျှသိသာနေသော အမှန်တရားကို ထုတ်မပြောချင်ပေ။
 
လျှိုအန်းက ခေါင်းငုံ့ထားဆဲဖြစ်ပြီး ကြည့်ရတာ ဝမ်းနည်းကြေကွဲနေသလိုပင်။

လီယွဲ့က သူ့ပုံစံကို မြင်တော့ ထပ်ဖြည့်ပြောလိုက်သည်။

"ငါတိတ်တိတ်ကလေး ကြိုက်လို့တောင် မရဘူးလား"
   
သူ ငယ်ငယ်လေးကတည်းက သူငယ်ချင်းမရှိပေ။ လျှိုအန်းက သူ့ရဲ့ ပထမဆုံး သူငယ်ချင်းဖြစ်သည်။ မိမိရဲ့ သူငယ်ချင်းကို နာကျင်အောင်မလုပ်ရက်ပေမယ့် လျှိုဖင်ကိုလည်း လက်မလွှတ်ချင်ပေ။
   
လီယွဲ့က စိုးရိမ်တကြီးနဲ့ လျှိုအန်း၏ မျက်နှာကို ကြည့်လိုက်ပြီး စိတ်ထဲ စနိုးစနှောက်ဖြစ်နေလေသည်။

"ကောင်းပြီ"

လျှိုအန်းက ရုတ်တရက် ခေါင်းမော့ကြည့်လာပြီး သူ့အားပြောလိုက်သည်။

"အဲ့ဒါဆို ငါတို့ မျှမျှတတ ပြိုင်ရအောင်"
 
လျှိုအန်းက လီယွဲ့ကို ဖျစ်ညှစ်ပြုံးပြပြီး ဆက်ပြောလိုက်သည်။

"တကယ်လို့ ဖင်ဖင် မင်းကို ကြိုက်ရင် ငါလည်းစိတ်မဆိုးဘူး"

သူက လောကကြီးအကြောင်းမသိသေးသည့် ကလေးတစ်ယောက်လို မိမိစိတ်ထဲက ဆန္ဒကို ရိုးသားစွာ ထုတ်ပြောလိုက်သည်။

လီယွဲ့က တစ်ချက်ကြောင်သွားပြီး မတုံ့ပြန်ရသေးခင်မှာ လျှိုအန်းက သူ့လက်ကို တွဲလိုက်သည်။ လျှိုအန်း၏ အသံကို ပြတ်ပြတ်သားသား သူကြားလိုက်သည်။ သူက

"ဖင်ဖင်က ဒီလောက်ကောင်းတာ၊ မင်းသူ့ကို ကြိုက်မိတာလည်း ပုံမှန်ပါပဲ၊ ဒါမဲ့ ဘာတွေပဲဖြစ်လာပါစေ ငါတို့က သူငယ်ချင်းကောင်းတွေပဲဖြစ်နေဦးမှာ၊ဟုတ်တယ်ဟုတ်"
 
လျှိုအန်းက ပြိုးပြိုးပျက်ပျက်လက်နေသော ထိုမျက်ဝန်းအစုံနဲ့ လီယွဲ့ကို ကြည့်လိုက်သည်။ လီယွဲ့ ရုတ်တရက် ရင်ထဲထိသွားလေသည်။ သူက ပြုံးလျက် ခေါင်းငြိမ့်ပြီးပြောလိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now