အပိုင်း (၇၀) ကိုယ်လုပ်တော်လန်

3.9K 554 37
                                    

ကျန်းကျီလန်သည် ရှေ့ရက်က သင်ခန်းစာကို မှတ်သွားပြီး ထပ်ပြီးတော့လည်း မုချန်နန်းဆောင်နှင့်ပတ်သက်သည့်ကိစ္စတွေအပေါ် ဘယ်လို ထင်မြင်ယူဆချက်ကိုမှ ထုတ်ဖော်မပြောကြားတော့ပေ။ ထိုထက်ပင်မက သိပ်မကြာသေးခင်က အရှေ့ပင်လယ်မှ ဆက်သထားသည့် ပုလဲတွေအကုန်လုံးကို ပို့ဆောင်ရန် နန်းတွင်းရေးရာဌာနကို စေခိုင်းလိုက်သည်။

ကျောက်ဝမ်ယုံး၏ သတိပေးချက်က အကျိုးသက်ရောက်မှုရှိသည်။ ကျန်းကျီလန်သည် ကုကွေ့ကျွင်း၏ မုချန်နန်းဆောင်က ဘိုးဘေးတွေချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်ထားတာ‌ကို  လုံအောင် ဖုံးဖိထားပေးသဖြင့် ကောလဟာလ အနည်းငယ်တောင် ထွက်မလာပေ။

အလုပ်ကို ပို၍ အာရုံစိုက်လုပ်ပြီး နန်းတွင်းရေးရာကိစ္စများကို  စနစ်တကျ စီမံခန်ခွဲခဲ့သည်။ သူမသည် အနောက်နန်းဆောင်၏ ကြီးကြီးသေးသေးကိစ္စရပ်များကို စီမံခန့်ခွဲနေရ၍ ဟိုပြေးသည်ပြေးဖြင့် တကယ်ကို အလုပ်ရှုပ်နေသည်။ ကုရို့လန်ဆီ ပြဿနာသွားရှာမည့်ကိစ္စကိုပင် မေ့သွားသည်။

သူမသည် ရက်အနည်းငယ်လောက် ရင်တမမဖြစ်ခဲ့သည်။ လူချင်း‌မတွေ့ဖူးသည့် ကုကွေ့ကျွင်းက ကျောက်ဝမ်ယုံးကို ဘာညာပြောပြီး သူမရဲ့ အာဏာကို ပြန်ရုတ်သိမ်းလိုက်မည်ကို ကြောက်နေခဲ့သည်။

သို့ပေမယ့် ကျောက်ဝမ်ယုံးမှာရော
ကုထင်ရန်မှာရော ထိုအတွေးမရှိပေ။
ကုထင်ရန်သည် အရင်ထဲက အနောက်နန်းဆောင်၏ အရေးကိစ္စကို ဝင်စွက်ဖက်ရန် မသင့်တော်ပေ။ ထိုအပြင် တဖြည်းဖြည်းဖြင့် ကိုယ်ဝန်က သိသာထင်ရှားလာတော့ ထိုအရာတွေကို လုံးဝ မလုပ်နိုင်ပေ။

ကျန်းကျီလန်အပြင် ဒီနန်းတော်ထဲမှာ အသုံးဝင်တာဆိုလို့ အပေါ်စားမိန်းမ
ကုရို့လန်သာရှိသည်။ ကုထင်ရန်သည် အလကားနေရင်း သူမကို အမြတ်မထွက်စေချင်သောကြောင့် ကျန်းကျီလန်ကို  ပြဿနာလာရှာမည့်လူ မရှိတာဖြစ်သည်။

ရက်အနည်းငယ်ကြာပြီးတာတောင်
ကျောက်ဝမ်ယုံးက လူလွတ်ပြီး ဘာညာပြောဆိုခြင်းမရှိပေ။  ကျန်းကျီလန်၏ မတင်မကျဖြစ်နေသည့်စိတ်က ထိုကျမှသာ သက်သာရာရသွားသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now