အပိုင်း(၈၆) အသနားခံတောင်းဆိုခြင်း

3.3K 454 48
                                    

ထိုအကြည့်က အရမ်းကို ရှင်းရှင်းလင်းလင်းဖြစ်နေတော့ ကျောက်ဝမ်ယုံးက သဘောပေါက်ဘူးဆိုတာ မဖြစ်နိုင်။

ကုထင်ရန်မေးတာက ဒီနေ့ကို မဟုတ်ဘဲ နောက်ပိုင်းကိုဖြစ်သည်။

ကျောက်ဝမ်ယုံး၏ နှလုံးသားထဲမှာ တစ်ဆစ်ဆစ် နာကျင်သွားပေမယ့် ကုထင်ရန်၏ မျက်ဝန်းများကို ရှောင်ဖယ်လိုက်သည်။

သူက ကုထင်ရန်ကို ဖက်ထားပြီး သူ့မျက်နှာကို သူ့ရဲ့ရင်ဘတ်ပေါ်မှာ ဖိထားလိုက်သည်။ သူ တစ်ချက်လှမ်းကြည့်လိုက်တော့
ကုထင်ရန်၏ ခေါင်းထိပ်ကိုသာ မြင်ရသည်။

ဒီအနေအထားက ခုနက စူးရှသည့် အကြည့်တစ်စုံကို မေ့ဖျောက်ထားလို့ရသည့်နှယ်။

ကျောက်ဝမ်ယုံးက လူကို ရင်ခွင်ထဲမှာ တင်းတင်းကြပ်ကြပ်ဖက်ထားပြီး မဆိုင်သည့် စကားများကို ပြောလိုက်သည်။

"စောသေးတယ်လေ...သူက အရမ်းငယ်သေးပြီး သောင်းကျန်းတတ်တော့...ဘယ်လိုလုပ် မင်းနဲ့ ခွဲထားလို့ရမှာလဲ"

ကုထင်ရန်၏ မေးခွန်းကို တမင်တကာ ရှောင်ဖယ်လိုက်သည်။ ကုထင်ရန်က ကလေးကို ဘယ်လောက်ထိ ဂရုစိုက်လည်းဆိုတာ သူသိသည်။ အစကတည်းက ဒီကိစ္စကိုအခု ပြောဖို့ မရည်ရွယ်ထားပေ။

သူ စောင့်ဖို့ တွေးထားသည်။ ကုထင်ရန်၏ ကျန်းမာရေး အနည်းငယ် ထပ်ကောင်းမှ
ရှီးအာ၏ ကိစ္စကို ထပ်ဆွေးနွေးမည်။

သူ့စိတ်ထဲမှာ ထိုကဲ့သို့ တွေးထားပေမယ့် ကျောက်ဝမ်ယုံး ကိုယ်တိုင်လည်း ရှင်းရှင်းလင်းလင်းသိသည်။ ထိုအချိန်ရောက်ရင် ဆွေးနွေးဖြစ်မှာမဟုတ်ပေ။ထိုအချိန်ရောက်ရင် ကုထင်ရန်က ဘာပြောပြော အသုံးမဝင်တော့ချေ။ သေချာပေါက် ရှီးအာကို သူခေါ်သွားရမည်။

သမားတော်ချန် ပြောခဲ့တာကို
ကျောက်ဝမ်ယုံးက မှတ်မိသေးသည်။
ကုထင်ရန်၏ အခုလက်ရှိ ကျန်းမာရေးအခြေအနေက နောက်တစ်ယောက်ထပ်မွေးဖို့ မဖြစ်နိုင်တော့ချေ။ ထို့အပြင် သူ့ကို မိန်းမတွေနဲ့လည်း ထိတွေ့ခွင့် မပြုနိုင်ပေ။

ထိုကြောင့် ရှီးအာက သူ့တစ်ဘဝလုံးမှာ တစ်ဦးတည်းသော ကလေးဖြစ်လိမ့်မည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now