အပိုင်း(၈၇) အချိန်သိပ်မကျန်တော့ခြင်း

3.3K 413 19
                                    

ကျောက်ဝမ်ယုံးက ကြားတော့ မျက်နှာပေါ်မှာ အတင်းအကြပ် ထိန်းထားသည့် တည်ငြိမ်မှုများက တဒင်္ဂအတွင်း ပြိုလဲသွားသည်။

"မင်း....မင်း ဘာပြောလိုက်တာ"

ချန်ရှင်းက သူ့ရဲ့ တုံ့ပြန်မှုကို မမြင်လိုက်သလိုဖြင့် စကားကို နောက်တစ်ခေါက် ထပ်ပြောလိုက်သည်။ လေသံက ပေါ့ပြက်ပြက်ဖြစ်နေပေမယ့် ဘာမှမပြောင်းလဲပေ။

"သခင်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးမယ့် လက္ခဏာရှိတယ်"

ပြောရင်း သူက ကျောက်ဝမ်ယုံး၏ မျက်နှာအမူအရာကို မမြင်လိုက်သလိုဖြင့် ဆက်ပြောလိုက်သည်။

"သခင်လေးရဲ့ ကိုယ်ခံအားက တကယ်တော့ အရမ်းအားနည်းတယ်လို့ပြောလို့မရဘူး....ဒါပေမယ့် ငယ်ငယ်က ခန္ဓာကိုယ်က အနည်းငယ် ထိခိုက်မိထားပြီး ကောင်းကောင်း အနားမယူပြန်တော့ နှစ်တွေလတွေကြာလာတာနဲ့အမျှ ချို့တဲ့မှု ကြောင့် ရောဂါဖြစ်လာတာပါ....ပြီးတော့ မီးဖွားရခက်မှုက ခန္ဓာကိုယ်ထဲရှိ အားအင်တွေကို တစ်ဝက်လောက် ယူထုတ်သွားတော့
တကယ့်ကို သက်တမ်းအတွက် အချည်းနှီးဖြစ်သွားတယ်"

ကျောက်ဝမ်ယုံးက နားထောင်လေ မျက်နှာထားက ပိုမဲမှောင်လာလေဖြစ်သည်။ သူ့ခေါင်းထဲတွင် အတိတ်ကကိစ္စများ အဆက်မပြတ် တရေးရေးပေါ်လာသည်။

ကုထင်ရန်၏ ခေါင်းမာမာနဲ့ ကလန်ကဆန်လုပ်မှုများ၊ ဖြူဖျော့နေသည့် မျက်နှာအပြင် သူက တမင်သော်၎င်း အမှုမဲ့အမှတ်မဲ့သော်၎င်း ထိခိုက်နစ်နာစေမှုများက တဖွားဖွားပေါ်လာသည်။

ကျောက်ဝမ်ယုံးက နှလုံးသားထဲရှိ နာကျင်မှုကို ထိန်းချုပ်လို့တောင်မရနိုင်တော့သဖြင့် စားပွဲပေါ်ရှိ ပစ္စည်းများကို မြေပြင်ပေါ် တွန်းချလိုက်လေသည်။ မလုံလောက်သေးသဖြင့် ရုတ်တရက် သူက မတ်တပ်ရပ်လာပြီး ဘေးက ခွေးခြေခုံကို အားပြင်းပြင်းဖြင့် ကန်ထည့်လိုက်သည်။

သစ်သားခွေးခြေခုံက သူ့ကန်ချက်ကြောင့် တစ်စစီ ကျိုးသွားလေသည်။

ကျောက်ဝမ်ယုံးက ထောင်ချောက်မိနေသည့် တောရိုင်းတိရစ္ဆာန်တစ်ကောင်ပမာ မူလနေရာတွင် အဆက်မပြတ် လှည့်ပတ်နေသည်။ မျက်နှာပေါ်ရှိ အမူအရာက သည်းခံ၍မရနိုင်လောက်အောင် နာကျင်နေလေသည်။ ခွဲလို့ရသမျှပစ္စည်းအားလုံးကို ခွဲလိုက်ပေမယ့် စိတ်ထဲမှာ အထိတ်တလန့်ဖြစ်နေတုန်းပင်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now