အပိုင်း(၂၄) သံသယ (ပထမပိုင်း)

1.6K 228 7
                                    

တော်ဝင်ဥယျာဉ်ထဲတွင် တောင်ဇလပ်ပန်းနှင့် ကမီလီယာပန်းများက လှလှပပ ဖူးဖွင့်နေကြသဖြင့် ကုထင်ရန်က လေးငါးခြောက်ပွင့်လောက် ခူးဆွတ်ရန် ပြင်လိုက်လေသည်။ ခဏနေ ပန်းအိုးထိုးပြီး အခန်းထဲမှာ ထားရမည်။

ကျောက်ရှန့်ရှီး အသေးလေးက အနုပညာစွမ်းရည်ထုတ်ပြဖို့လိုသည့် အရာများအပေါ် စိတ်ဝင်စားမှုမရှိချေ။ ထိုင်စောင့်နေရင်း ပျင်းရိလာသဖြင့် ဘေးနားက ပန်းများကို ရက်ရက်စက်စက် ဖဲ့ချွေတော့သည်။ လှလှပပပွင့်လန်းနေကြသည့် ပန်းများခမျာ သူ့ကြောင့် ပျက်စီးကုန်လေသည်။

ဥယျာဉ်မှုးဖြစ်သည့် ကုန်းကုန်းလေးက ကြည့်ရင်း နှလုံးသားထဲမှာတောင် သွေးစိမ်းရှင်ရှင်စီးကျလာလေသည်။ တကယ် မတတ်နိုင်တော့တဲ့အဆုံး မင်းသား‌ငယ်လေးအား လှလှပပပွင့်လန်းနေကြသည့် စက္ကူပန်းများကို ညွှန်ပြပေးလိုက်လေသည်။ ထိုပန်းက
များများစားစား ရှိသေးသဖြင့် ခူးလို့ကုန်သွားရင်တောင် ဥယျာဉ်ထဲမှာ အစားထိုးပြန်စိုက်ဖို့ ရှိသည်။

ကျောက်ရှန့်ရှီးက သူ့ဖေဖေကို တစ်ချက်ကြည့်လိုက်သည်။ ကုထင်ရန်က ဇရပ်ထဲမှာ ထိုင်နေပြီး ပန်းအိုးလေးကို ကြည့်၍ ခေါင်းညိတ်နေလေသည်။ တစ်ခဏလောက် အတွေးများဦးမည့်ပုံပေါ်သည်။

သူက ခေါင်းငြိမ့်လိုက်ပြီး တခြားပန်းများကို သွားဖျက်ဆီးရန် ကုန်းကုန်းလေးနောက်လိုက်သွားသည်။ ကုထင်ရန်တစ်ယောက် ပန်းတစ်ပုံကို ကြည့်ရင်း ကူကယ်ရာမဲ့သလို ခံစားသွားရလေသည်။

"မင်းပြော အဲ့ဒီတောင်ဇလပ်ပန်းတွေကို ဘာနဲ့တွဲထိုးသင့်လဲ"

သူက ခဏတဖြုတ်စဉ်းစားခဲ့ပြီးနောက် အဖြေမရသဖြင့် ဘေးနားက ဝမ်ကုန်းကုန်းကို မေးလိုက်လေသည်။

ဝမ်ကုန်းကုန်းက အဖြေမပေးရသေးခင်မှာ ရုတ်တရက် ချောမောလှပသည့် မိန်းကလေးတစ်ယောက် ရောက်လာခဲ့ပြီး ကုထင်ရန်ဘေးနားက ခုံပေါ်မှာ တန်းထိုင်ချလိုက်လေသည်။ အားမနာလျှာမကျိုးဘဲ ကုထင်ရန် စားပွဲပေါ်မှာ တင်ထားသည့် လက်ဖက်ရည်ခွက်ကို ယူ၍ တစ်ခွန်းပြောလိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now