အပိုင်း(၉၃) ကတောက်ကဆဖြစ်ခြင်း (တတိယပိုင်း)

2.7K 390 27
                                    

ကျောက်ဝမ်ယုံးက သူ့ပုံစံကို ကြည့်ရင်း စိတ်ထဲမှာ အလိုလို ဒေါသထွက်လာသည်။

"အနိုင်ရတော့မှာ?၊ မင်းက ဘာကို အနိုင်ရမှာလဲ!"

"ရှောင်းဖင်လက်ထဲမှာ ချင်းကျိုးစစ်တပ်ရဲ့ အမိန့်ပြားရှိတယ်၊ နန်းတော်ထဲမှာ တရားဝင် ဧကရီတစ်ပါးရှိသေးတယ်၊ ဒီနေ့ ဘာလှိုင်းဂယက်မှ ထဖို့မပြောနဲ့၊ ကိုယ်တော် ဒီနေ့ ဒီမှာ သေသွားရင်တောင် မင်းလည်း ဘာမှ အမြတ်ထုတ်လို့ရမှာမဟုတ်ဘူး"

သူက ကုထင်ရန်ကို  သတိသံဝေဂမရသေးသည့် အရူးလို သဘောထားပြီး ဖျောင်းဖျနှစ်သိမ့်လေသည်။

"မင်းစကားနားထောင်၊ ကိုယ် သေချာပေါက် မင်းကို ကာကွယ်ပေးပါ့မယ်၊ ပြီးတော့
မင်းအမေရော ရှီးအာရော"

ကုထင်ရန်၏ မျက်ဝန်းက တစ်ခဏလောက်  သိသာထင်ရှားစွာ လှုပ်ရှားသည်။
ကျောက်ဝမ်ယုံးက အခွင့်အရေးကို မြင်သည်နှင့်

"ကိုယ်တို့ ရှီးအာလေးက အခုမှ အသက်ဘယ်လောက်ပဲရှိသေးလဲ၊ သူ့ကို ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဖခင်ဆုံးရှုံးအောင် မင်းလုပ်ရက်လား"

"မင်း ကိုယ့်ကို အမှန်အတိုင်းပြော၊ မင်း တကယ်ပဲ ဘာတွေလုပ်ခဲ့တာလဲ၊ မင်းကိုကိုယ် ပြေလည်အောင် ကူညီပေးမယ်၊ မင်းပြောလေ"

ကျောက်ဝမ်ယုံးက ကုထင်ရန်ကို ကြည့်ရင်း သူ့နှုတ်ခမ်းလွှာဖွင့်ဟလာဖို့ မျှော်လင့်နေသည်။

သို့ပေမယ့် ကုထင်ရန်က ဝါးဇရပ်ရှိရာဘက်သို့ တလျှောက်လုံး စိုက်ကြည့်နေပြီး အကြည့်လေးတစ်ချက်တောင် သူ့ကို မပေးချေ။

ကျောက်ဝမ်ယုံးက အလွန်အမင်း စိတ်လောလာလေသည်။ အစက ဒီအခွင့်အရေးကို သုံးပြီး ထို အာဏာရှိမူးမတ်အသိုင်းအဝိုင်းကို အမြစ်ဖြတ်သုတ်သင်ရန် ပြင်ဆင်ထားသည်။ နောက်ဆုံးမှာတော့ ကုထင်ရန်က ရှောင်းအိမ်တော်နဲ့အတူ ပြေးဝင်လာပြီး ခြေထိုးခံခဲ့သည်။

ရှောင်းမိသားစုက ထားလိုက်ပါ။ အစကတည်းက နှစ်ဦးနှစ်ဖက် အပြန်အလှန်အသုံးချဖို့အတွက်သာဖြစ်သည်။

သို့ပေမယ့် ကုထင်ရန်က ထပ်ပြီး နှုတ်မဟလာရင် ကျန်းလူက အားလုံးကို နှိမ်နင်းလိုက်တော့မည်ဖြစ်သည်။ စစ်တပ်ကြီးရောက်ချလာရင် ဒီကိစ္စက အကြီးအကျယ် ပွက်လောရိုက်သွားမှာ သေချာသည်။ ထိုအချိန်ကျရင် ကုထင်ရန်က အများတကာ၏ ပစ်မှတ်ဖြစ်သွားလေမည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now