အပိုင်း(၂၆) ဧကရီလာရောက်လည်ပတ်ခြင်း (ပထမပိုင်း)

1.9K 229 6
                                    

ကုထင်ရန်က စေ့စေ့စပ်စပ်မေးနေခဲ့သဖြင့် ကျောက်ဝမ်ယုံးက အစီအစဉ်များအားလုံးကို အကုန်ပြောပြလိုက်တော့သည်။

ဖန်ချန်ဆိုသူကို သူ သေချာ အကဲခတ်ပြီးပြီဖြစ်သည်။ အင်မတန် အရည်အချင်းရှိပြီး သတ္တိလည်းရှိသူဖြစ်သည်။ ထို့အပြင် သူတို့ တစ်အိမ်သားလုံး၏ တာဝန်က သူ့ကိုယ်ပေါ် ပိနေသဖြင့် ရေကုန်ရေခန်းကြိုးစားပြီး ဧကရာဇ် အပေါ်သစ္စာရှိမှသာလျှင် သူက သည်ခရီးလမ်းကို သေချာပေါက်ဖြတ်ကျော်နိုင်မည်။

ထို့ကြောင့် ကျောက်ဝမ်ယုံးက လူတစ်ယောက်ရှာ၍ သူ့ဆီ သတင်းပါးခိုင်းခဲ့ပြီးလေထန်သည့် လမိုက်ညတစ်ညမှာ သူနှင့်တွေ့ခဲ့သည်။ ထိုအချိန်တုန်းက သူသည် တုံ့ဆိုင်းမှုအလျဉ်းမရှိဘဲ အရှင်မင်းကြီးအတွက် အသက်နှင့်ခန္ဓာကို စတေးရန် ဆန္ဒရှိပါသည်ဟု ကျောက်ဝမ်ယုံးအား ကျိန်ဆိုပြခဲ့သည်။

ကျောက်ဝမ်ယုံးက သူ့ကို လုပ်ခိုင်းမည့် ကိစ္စက လူသတ်မီးရှို့သည့်ကိစ္စမဟုတ်တာသေချာပါသည်။

သူစီစဉ်ထားတာကလည်း ရိုးရှင်းသည်။ ဒီနေ့ အရင်ဆုံး ဖန်ချန်အား အနှီကိစ္စကို လျှောက်တင်ခိုင်းပြီး လူပေါင်းများစွာ၏ စိတ်ထဲမှာ မျိုးစေ့တစ်စေ့ကြဲလိုက်မှာဖြစ်သည်။ အနှီမျိုးစေ့က ‌အဆုံးမှာ မည်သည့် အသီးသီးမလဲဆိုတာကိုတော့ မသိချေ။

သည်ကိစ္စက လူတော်တော်များများ၏ အကျိုးအမြတ်ကို ထိပါးမိမှာသေချာပေါက်ပင်။ တစ်စုံတစ်ယောက်က အနှီကိစ္စအတွက်နဲ့ အရဲတောင်စွန့်လိမ့်မည်။

ကျောက်ဝမ်ယုံးက စစချင်းမှာ ဆန့်ကျင်ကြမည့်အသံများကြောင့် အနည်းငယ် ပွက်လောရိုက်လိမ့်မည်ကို သိပါသည်။ သူလည်း မလောချေ။ ဖန်ချန်အား ဆင်းရဲနွမ်းပါးသည့် တောင်ပိုင်း နယ်စပ်‌ ဒေသသို့ သွားခိုင်းလိုက်သည်။ ထိုနေရာကနေ စတင်မည်ဖြစ်သည်။ အကယ်၍ ဆင်းရဲနွမ်းပါးဆုံးဖြစ်သည့် ဒေသတောင် အခွန်တိုးပေးနိုင်လျှင် ဘယ်လောက်ပဲ ဆန့်ကျင်ရဲရဲ မရတော့ချေ။

ကုထင်ရန်က နားထောင်ကြည့်တော့ အဆင်ပြေနိုင်မည်ဟုလည်း ထင်မိသည်။ သူက ချက်ချင်း ကိစ္စတစ်ရပ်ကို စိတ်ပူသွား‌လေသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now