အခန်း(၃၃) ယှဉ်ပြိုင်ခြင်း(ပထမပိုင်း)

4.9K 667 27
                                    

ကုထင်ရန်က စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်မိသွားသည်။

မျက်စိရှေ့က ထိုအမျိုးသမီးက အလိုရမ္မက်ကြီးပြီး မိုက်မဲတုံးအသည့် လူစားမျိုးဖြစ်သည်။ ကျောက်ဝမ်ယုံးက မျက်စိရှေ့က အပြောအဆိုအပြုအမူမသင့်တော်
မလျောက်ပတ်သည့် ထိုမိန်းကလေးကို မြင်တော့ မျက်နှာက ဒေါသကြောင့် ကြည့်ရဆိုးသွားသည်။

"ဒါ မင်းဝင်ပြောသင့်တဲ့နေရာလား"

သူ့ရဲ့လေသံက သိပ်မဟန်တာ အနည်းငယ်သိသာနေသည်။ မျက်ဝန်းတွေက ဧကရာဇ်တစ်ပါး၏ ဩဇာအာဏာအရှိန်အဝါတွေနှင့် ဖုံးလွှမ်းနေသဖြင့် မုဟယ်က လန့်ဖျန့်ကာ တစ်ကိုယ်လုံး တုန်ယင်သွားသည်။

သူက ကုရို့လန်ကို မျက်နှာသာမပေးတော့
ကုရို့လန်က ဘာမှမမြင်မတွေ့သလို ထပ်ဟန်ဆောင်လို့မရနိုင်တော့ပေ။

"အရှင်မင်းကြီး မုဟယ်ကလည်း ကျွန်တော်မျိုးမနဲ့ ကလေးအတွက်မို့လို့ပါ"

သူမက မျက်စိရှေ့က လူ၏ အာရုံစိုက်မှုကို လိုချင်သဖြင့် လက်ကို တမင်တကာ ဝမ်းဗိုက်ပေါ် တင်လိုက်ပြီး ကျောက်ဝမ်ယုံး၏  အကြည့်တွေကို လမ်းညွှန်ခေါ်ဆောင်လိုက်သည်။

ကျောက်ဝမ်ယုံးက မျက်မှောင်ကြုပ်လိုက်ပြီး သူက ထိုကလေးအပေါ်ထားရှိသည့် စိတ်အားထက်သန်မှုတွေက အမြဲတမ်း သူစိတ်ကူးယာဉ်ထားသလို တတ်ကြွထက်သန်မှုမရှိပေ။ ထိုအရာက ကုရို့လန် သည်းမခံနိုင်သည့် အကြောင်းအရင်းလည်းဖြစ်သည်။

အစက သူမမှာ ကလေးရှိခဲ့ရင် အောင်လံထူနိုင်မယ်လို့ ထင်မှတ်ခဲ့ပေမယ့်သတင်းကောင်းက ပျံ့နှံသွားတဲ့အချိန်မှာ ကျောက်ဝမ်ယုံးက ကမန်းကတန်းရောက်ချလာပြီး သူမကို တစ်ချက်လာကြည့်သွားခဲ့သည်။ မျက်ဝန်းထဲတွင် ဝမ်းသာပီတိဖြစ်မှုတွေ လုံးဝ ရှိ‌မနေဘဲ မျက်လုံးအကြည့်တွေက ခက်ထန်နေပြီး
မသဲကွဲပေ။

ထိုခဏတာမှာ ကျောက်ဝမ်ယုံးက တစ်ခုခုကို သိနေပုံရတယ်လို့ သူမ ခံစားမိလိုက်သည်။

သို့ပေမယ့် နောက်ပိုင်းမှာ ထိုလူက ဘာမှမဖြစ်ပျက်ခဲ့ဖူးသလိုဖြစ်သွားသည်။ သူက စိုးရိမ်တကြီးဖြင့် ထိုကလေးရဲ့ အခြေအနေကို မေးမြန်းခဲ့ပြီး ထိုကလေးအပေါ် မျှော်လင့်ချက်ထား‌သည့် အမူအရာတောင် ထုတ်ပြခဲ့ပေမယ့် ထိုစိတ်အားထက်သန်မှုက လူကို ထူးဆန်းနေသလို ခံစားမိစေပြန်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now