အပိုင်း(၆၁) ငါမင်းကို လိမ်စရာလား

2K 322 30
                                    

နောက်တစ်နေ့ နံနက်စောစောတွင် အရင်ကဆို ဧကရာဇ်အရှင်ထံမှ မဟားတရားအချစ်ခံရသည့် မုချန်နန်းဆောင်ထဲက လူထံသို့ အမိန့်စာရောက်လာခဲ့လေသည်။

အမိန့်စာကို အန်းကုန်းကုန်းက ကိုယ်တိုင်ကိုယ်ကျ လာပို့ပြီး လေသံကလည်း ရိုရိုသေသေဖြစ်နေသည်။ ထိုအချိန်တွင် ကုထင်ရန်က ကွေ့ဖေးအဆင့်ထိုင်ခုံထက်မှာ ကျောက်ရုပ်လိုထိုင်နေပြီး သူ့ကို ပျင်းရိပျင်းတွဲ အကြည့်နဲ့သာ ကြည့်လာသည်။

တကျိုးတစ်ပြည်လုံးတွင် သည်သခင်လေးတစ်ယောက်ပဲ အမိန့်စာရှေ့မှောက်၌ ဒူးမထောက်ဘဲ နေနိုင်တာဖြစ်သည်။

အန်းကုန်းကုန်းက မျက်နှာကြီးရှုံ့မဲ့လျက် အမိန့်စာကို ဖတ်လိုက်သည်။ ထိုအမိန့်စာထက်၌ ရှင်းရှင်းလင်းလင်း ပြောထားသည်။ ကုကွေ့ကျွင်းက မင်းဧကရာဇ်ကိုစော်ကားသဖြင့် တကယ်ပင် အရိုအသေတန်သည်ဟု ဆိုထားသည်။ ဥပဒေအရ အအေးနန်းဆောင်ထဲပို့ပြီး အပြစ်ပေးရမှာဖြစ်သည်။ သို့ပေမယ့် ကျောက်ဝမ်ယုံးက ယခင်က သံယောဇဉ်ကို ထောက်ထားတတ်သည့် သူတစ်ယောက်ဖြစ်ပြီး မိမိအား နှစ်ပေါင်းများစွာ ခစားလာမှုကြောင့် သူ့ကို အကျယ်ချုပ်ချုပ်ထားလိုက်သည်။

ကုထင်ရန်က မျက်နှာတစ်ချက်မပျက် နားထောင်ပြီးနောက် အန်းကုန်းကုန်းကို ကြည့်၍ ဂရုမစိုက်ဟန်နဲ့ ပြောလိုက်သည်။

"ပြောလို့ပြီးပြီလား"

အန်းကုန်းကုန်းက ခေါင်းငုံ့၍ ရိုရိုသေသေနဲ့ ပြောလိုက်သည်။

"ဟုတ်ကဲ့"

ပြောသည့်အချိန်တွင် မျက်စိရှေ့ရှိ မောက်မာခက်ထန်သော ကုကွေ့ကျွင်းကို မော့တောင်မကြည့်ရဲချေ။ မိမိကိုယ်ပေါ် ဒေါသလာပုံချမှာကို ကြောက်နေမိ၏။

သူ့ရဲ့ ကြောက်ရွံ့နေသည့် ပုံစံက ဘယ်နားက ကုထင်ရန်ကို ကျေနပ်စေမိမှန်း သူလည်း မသိတော့ပေ။ သူက ယဲ့ယဲ့ကလေး ပြုံးပြီး လေသံချိုချိုနဲ့ ပြောလိုက်သည်။

"လစ်တော့"

အန်းကုန်းကုန်း၏ ကျောပြင်မှ ချွေးအေးများ ထွက်လာသော်လည်း အရှင်မင်းကြီးအား ပြန်လျှောက်တင်ရန်  အလောတကြီးနဲ့ ပြေးသွားလိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now