အပိုင်း(၉၆) ချီးကြောက်

1.7K 225 4
                                    

မြောက်ပိုင်း ခန်းသွမ်းမြို့

"ခေါင်းဆောင်ကြီး၊ မကောင်းတော့ဘူး!"

အနောက်ဘက်ရှိ စစ်သည်လေးက အူယားဖားယားနဲ့ပြေးဝင်လာပြီး မောက်သွမ်းကို အော်ပြောလိုက်သည်။

"ကျွန်တော်တို့ရဲ့ ရိက္ခာတွေ အလုခံလိုက်ရပြီ၊ တန်းဟယ်မျိုးနွယ်စု ပုန်ကန်လာပြီ"

အနှီလူက ဘယ်ကထွက်လာမှန်းမသိပေ။ ရုတ်တရက်ကြီး ရှေ့တန်းမှာ ပေါ်လာပြီး အခြားသူတွေမသိမှားစိုသလိုနဲ့ အကျယ်ကြီး အော်ပြောလိုက်သည်။

"ပေါက်ကရတွေ"

မောက်သွမ်းက ဖြူစုတ်နေသော မျက်နှာထားနဲ့ ရောက်လာသောသူကို ကြည့်ပြီးနောက် ဓါးကိုယူပြီး သူ့ကိုရွယ်ကာပြောလိုက်သည်။

"တပ်သားတွေကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့အတွက် သေသင့်တယ်"

မောက်သွမ်းက ခိုင်မာပြတ်သားသည့် မျက်နှာထားနဲ့ ရောက်လာသူကို အလွယ်တကူ ရှင်းပစ်လိုက်သည်။ သို့ပေမယ့် ရုတ်တရက် ရောက်ချလာသည့် သတင်းဆိုးက တပ်အနှံ ပြန့်သွားပြီဖြစ်သည်။ ရှောင်နုတပ်သားများ၏ မျက်နှာထက်၌ စိုးထိတ်မှုများ အထင်းသားပေါ်လာခဲ့သည်။  

"အဲ့ဒီလူက ပေါက်ကရေတွေပြောနေတာ၊ အားလုံး သူ့ကြောင့် အထင်မလွဲကြပါနဲ့၊
အဲ့ဒါ‌က မြေပြန့်သားတွေရဲ့ အကြံအစည်တွေ"

မောက်သွမ်းသည် အခြေအနေမဟန်သည်ကို မြင်တော့ အနောက်ကိုကြည့်ပြီး အော်‌ပြောလိုက်တော့သည်။ သူကို ကြည့်ရတာ ဒေါကန်နေပုံရပေမယ့် ယုံကြည်မှုနှင့် ပြတ်သားမှုများ ကိန်းအောင်းနေလေသည်။

အစက ချိတုံချတုံဖြစ်သွားသည့် ထိုလူတွေ၏ မျက်နှာထက်၌ ခိုင်မာပြတ်သားမှုများ ပေါ်လာပြန်သည်။ သို့ပေမယ့် သူတို့ ဓါးပြန်ဆွဲချိန်တောင်မရလိုက်ပေ။ အနောက်ဘက်က ကိုယ့်လူတွေရဲ့ ဝိုင်းခြင်းခံလိုက်ရပြီး သတိပြန်မဝင်သေးသည့်အချိန်တွင် ကိုယ့်မျိုးနွယ်စုရဲ့ သတ်ဖြတ်ခြင်းခံလိုက်ရသည်။

"ဖန်းတာအာ၊ မင်းဒါဘာလုပ်တာလဲ!"

မောက်သွမ်း စိတ်ထဲ ခန့်မှန်းမိသွားပေမယ့် သူဝန်မခံရဲဆဲဖြစ်သည်။ မျက်မှောင်ကျုံ့လျက် မေးလိုက်တော့သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now