အပိုင်း(၁၈) ချောင်းမြောင်းလုပ်ကြံခြင်း (ဒုတိယပိုင်း)

1.4K 226 6
                                    

ကုထင်ရန်က အချိန်ထပ်ဆွဲပြီးမှသာ ကျောက်ဝမ်ယုံးကို ပြောလိုက်သည်။

"အွန်း....ကျွန်တော်သိပါပြီ"

ကျောက်ဝမ်ယုံးက ပြတ်ပြတ်သားသား ကြားလိုက်ပေမယ့် သူက ကုထင်ရန်၏ လက်ကို ကမန်းကတန်း ဆွဲလိုက်ပြီး အလောသုံးဆယ်ဖြင့် မေးလိုက်သည်။

"မင်း ဘာသိတာလဲ"

သူ့ရဲ့ လှုပ်ရှားမှုနှုန်းက အနည်းငယ် ပြင်းထန်သွားသဖြင့် အနောက်ဘက်ရှိ ဒဏ်ရာက ပြဲသွားပြီး နီနီရဲရဲ သွေးများက ပိုးထည်စကို ချင်းချင်းနီသွားလေသည်။ ကုထင်ရန်က မြင်တော့ အတော်လေး စိတ်ပူသွားသည်။ ကျောက်ဝမ်ယုံး၏ ခေါင်းကို တီးထည့်လိုက်ပြီး လူကို ပြန်ဖိချလိုက်လေသည်။

"ခင်ဗျား သတိထားပါဦး"

ကျောက်ဝမ်ယုံးက ကိုယ့်ရဲ့ ဒဏ်ရာအပေါ် စိုးရိမ်မှု တစ်စက်မှ မရှိချေ။ သို့ပေမယ့်
ကုထင်ရန်၏ အလေးအနက်ထားသော ပုံစံကြောင့် သူလည်း ပါးစပ်မဟရဲတော့ချေ။ တစ်အောင့်လောက်စောင့်ပြီး ကုထင်ရန်၏ မျက်နှာ ကောင်းလာသည်ကို မြင်တော့မှသာ ထပ်ပြောလိုက်လေသည်။

"မင်း ကိုယ့်ကို ပြောပြပါ"

ကုထင်ရန်က သူ့ပုခုံးပေါ်က ဒဏ်ရာကို စစ်ဆေးနေဆဲဖြစ်သည်။ အနှီစကားကို ကြားတော့ နားရွက်နှင့် လည်တိုင်လေးက နီရဲသွားလေသည်။

သူက ကုတင်စွန်းမှာ ပြန်ထိုင်၍
ကျောက်ဝမ်ယုံးကို ကျောပေးထားပြီး အထစ်ထစ်‌အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

"အဲ့ဒါက....အဲ့ဒါက...."

သူက အဲ့ဒါကနှင့် ကြာနေပြီး စကားကို ပြီးအောင် မပြောချေ။

ကျောက်ဝမ်ယုံးက စိတ်လောလာသဖြင့် လူကို ဆွဲလှည့်လိုက်ပြီး ကုထင်ရန်၏ မျက်နှာကို ကြည့်‌၍ မေးလိုက်လေသည်။

"အဲ့ဒါက ဘာဖြစ်လဲ"

ကုထင်ရန်က စိတ်လောနေသည့် သူ့ပုံစံကို မြင်တော့ မျက်လုံးကိုမှိတ်ပြီး စိတ်ဒုန်းဒုန်းချလိုက်လေသည်။

"အဲ့ဒါက ကျွန်တော်လည်း ခင်ဗျားကို သဘောကျတယ်၊ ကျွန်တော်လည်း ခင်ဗျားအတွက် အရာအားလုံးကို ပေးဆပ်ဖို့ ဆန္ဒရှိတယ်လို့ပြောတာ"

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now