အပိုင်း(၆၄) ငါမယုံဘူး

1.9K 350 50
                                    

"အင်း၊ အကုန်ကောင်းတယ်"

ချန်ရှင်းက သွေခုန်နှုန်းစမ်းသည့် လက်ကို ပြန်ရုတ်လိုက်ပြီး စိတ်ပျံ့လွင့်နေသည့်
ကုထင်ရန်ကို အေးအေးလူလူနဲ့ ပြောလိုက်သည်။

"ဒါပေမယ့် ဂရုမစိုက်လို့မရဘူး၊ အရင်က သခင်လေး ကလေးမွေးတုန်းက တအား အန္တရာယ်များခဲ့တာ၊ အခုလည်း သတိထားမှဖြစ်မယ်"

ကုထင်ရန်က လက်ကို တိတ်တိတ်ကလေး ပြန်ရုတ်လိုက်ပြီး ချန်ရှင်းကို အားမရှိသလိုနဲ့ ခေါင်းငြိမ့်ပြလိုက်သည်။ နားဝင်သွားသလား‌ တော့မသိရပေ။

ချန်ရှင်းက သူ့ရဲ့ သည်ပုံစံကို မမြင်ရတာ တော်တော်ကြာပြီဖြစ်သဖြင့် ပြဿနာတစ်ခုခု တတ်သွားပြီဟု သူထင်မိလိုက်သည်။ ကိုယ်ဝန်သည်မိခင်၏ စိတ်အခြေအနေက သူမရဲ့ ခန္ဓာကိုယ်အပေါ်မှာလည်း ကြီးကြီးမားမား သက်ရောက်မှုရှိသည်ကို သိထားရမည်။ ကုထင်ရန်က ယောင်္ကျားလေးတစ်ယောက်ဖြစ်လည်း အနှီအချက်နဲ့ပတ်သက်ပြီး ဘာခြားနားချက်မရှိပေ။

ချန်ရှင်းက အနည်းငယ် စိတ်ပူသွားသဖြင့် မေးလိုက်သည်။

"ဘာဖြစ်လို့လဲ၊ သခင်လေးကို ကြည့်ရတာ စိတ်နဲ့ကိုယ်နဲ့မကပ်သလိုပဲ"

သူ စကားဆုံးသွားတော့ ကုထင်ရန်က တစ်ချက် ကြက်သေသေသွားသည်။ အတန်ကြာပြီးနောက် သူက ရုတ်တရက် ထရယ်လာပြန်သည်။ ထိုရယ်သံထဲတွင် ပျော်ရွင်ကျေနပ်နေမှုများ ကပ်ပါနေသလိုပင်။ ခုနက ပုံစံနဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။

ချန်ရှင်းက မျက်မှောင်ကျုံ့လိုက်ပြီးနောက်
ကုထင်ရန်၏ ကျေနပ်နေသည့် အသံ နားထဲဝင်လာသည်။ သူက ပြောလာသည်။

"ခုနက တစ်ယောက်ယောက် ကျွန်တော့်ကို လာလိမ်တယ်လေ၊ ကျောက်ဝမ်ယုံးကို သွားကြည့်စေချင်လို့ လာလိမ်နေတယ်ဆိုတာ ကျွန်တော် သိတာပေါ့"

ကုထင်ရန်က ပြောသည့်အချိန်တွင် ပြုံးတောင်ပြုံးနေသေးသည်။ ကြည့်ရတာ တကယ် ပျော်နေပုံရသည်။

ချန်ရှင်း၏ ခေါင်းထဲမှာ ပုံရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ သူက မအောင့်နိုင်တဲ့အဆုံး မေးလိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now