အပိုင်း(၆၃) တုံးအသည့်ဧကရာဇ်အရှင်

4.2K 564 29
                                    

ကျောက်ဝမ်ယုံးသည် ‌ဆုံးဖြတ်ချက်ကို တိတ်တဆိတ်ချမှတ်လိုက်ပြီး ကုထင်ရန်ကို ပြောပြရန် မရည်ရွယ်ထားပေ။

ကုထင်ရန်က ကလေးကို ကုရို့လန်၏ အမည်ခံယူခွင့်ပြုရန် ဆန္ဒမရှိဘူးဆိုတာ သူလည်း ရှင်းရှင်းလင်းလင်းသဘောပေါက်သည်။ ကလေးကို သူ့ဆီကနေ ခေါ်သွား
ခွင့်ပြုဖို့ဆိုတာ ပိုပြီးတော့မဖြစ်နိုင်ပေ။ ဒီကိစ္စကို ဖြေးဖြေးချင်း အရှိန်ယူရမည်။

ကလေးမွေးပြီးသည့်အချိန်ထိစောင့်ပြီးရင် သူ အရင်ဆုံး ကုထင်ရန်ကို အချိန်တစ်ခုလောက်အထိ ခေါ်ထားခွင့်ပြုမည်။ သူကျန်းမာရေးပြန်ကောင်းလာရင် ဒီကိစ္စကို သူနဲ့ ထပ်ဆွေးနွေးမည်။

အခုကတော့ တစ်ခွန်းမှဟလို့မဖြစ်ပေ။ အခုနေ သူနဲ့ တိုင်ပင်လိုက်ရင် သူ့စိတ်ကို သွားဆွသလိုဖြစ်မှာ သေချာသည်။ အကယ်၍ ခဏတာအတွင်းမှာ စိတ်မပြေဘဲ နှလုံးဖောက်သတိလစ်တဲ့အထိဒေါသအမျက်ထွက်လျှင် တစ်ခုခုကြီးကြီးမားမားဖြစ်သွားမှာ စိုးမိသည်။

ကျောက်ဝမ်ယုံးက သူ့စိတ်ထဲမှာ အနည်းငယ် နာကျင်လာသလိုခံစားမိလိုက်သည်။ ဒီလို နီးကပ်သည့် ဆက်ဆံရေးမျိုးဖြစ်နေလျက်သားနဲ့ နောက်ဆုံးမှာတော့ အပြန်အလှန် သတိထားနေရသည်။

ကုထင်ရန်က ဖြူကောင်လေးလိုမျိုး ကိုယ့်ရဲ့ အခွံထဲမှာ ခွေလိပ်နေသည်။ သူ့ကို ထပ်ပြီးပိုင်ဆိုင်ချင်ရင်တောင် ဒီလို ဆက်ဆံရေးရဖို့အတွက် အစွမ်းကုန်ကြိုးစားအားထုတ်လည်း မဖြစ်နိုင်တော့ပေ။

သူတို့ကြားမှာ ခက်ခက်ခဲခဲရထားသည့် တည်ငြိမ်အေးချမ်းသည့် အခိုက်အတန့်ကို ဖြိုခွင်းရန် မုန်တိုင်းငယ်လေးတစ်ခုသာ လိုအပ်သည်။ ဒီလို အကူအညီမဲ့သည့် ခံစားချက်မျိုးက သူ့ကို မွန်းကြပ်လာသလို ခံစားရစေသည်။

ပြေလည်လာမှာပါ၊ ပြေလည်လာလောက်မှာပါ၊ သူတို့ဒီလောက်အကြာကြီး အတူတူရှိနေဦးမည်ဖြစ်သဖြင့် အနှေးနဲ့အမြန် အပြန်အလှန် ရင်းတွင်းစကားတွေ ဖွင့်ဟဖို့ အချိန်ရှိလာဦးမည်။

တကယ်တော့ အကြာကြီးစောင့်ဖို့ မလိုအပ်ပေ။ သူ့ကို နောက်ထပ် အချိန်သုံးနှစ်လောက်ထပ်ပေးရင် သူက ထိုအာဏာရှိမူးမျိုးမတ်နွယ်တွေကို အမြစ်ကနေ ‌ဆွဲနုတ်နိုင်ပြီး
ကုထင်ရန် လိုချင်သည့် အရာအားလုံးကို သူပေးလို့ရပြီဖြစ်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now