အပိုင်း(၇၆) မီးပုံးပွဲ‌တော်‌နေ့

2.8K 441 9
                                    

ထိုကဲ့သို့ပြောလိုက်ပေမယ့် အခုက စောနေသေးသည်။ မီးပုံးပွဲတော်က ညနေလောက်မှသာ စတင်သည်။ အမှန်တကယ်တော့
ကုထင်ရန် အိပ်ရာနိုးရင် နှစ်ယောက်သား အတူတူ နေ့လည်စာစားဖို့ စောင့်နေတာဖြစ်သည်။ စားပြီးနောက် ကျောက်ဝမ်ယုံးက ကုထင်ရန် ပွေ့ဖက်ရင်း သလွန်ထက်မှာ ခဏလောက်အနားယူသည်။ တစ်လျှောက်လုံး ညနေရောက်မှသာ တရားဝင် ပြင်ဆင်တော့သည်။

ကုထင်ရန်၏ ကိုယ်ဝန်က အနည်းငယ် သိသာထင်ရှားနေပြီဆိုပေမယ့် ဆောင်းရာသီကြီးဆိုတော့ ကျောက်ဝမ်ယုံးက သာမွှေးထည်အထပ်ထပ်ဖြင့် လုံခြုံအောင် ဝတ်ထားပေးမှုကြောင့် သိပ်မသိသာတော့ပေ။ သို့သော် လူက အနည်းငယ် ဝနေပုံပေါက်သည်။ တစ်ချက်ကြည့်လိုက်တာနဲ့ သူက ချောမောခန့်ငြားသည့် လူငယ်လေးတစ်ယောက်ဖြစ်သဖြင့် ယုတ္တိမရှိသည့် ထိုကိစ္စကို ဘယ်သူမှ တွေးမိကြလိမ့်မည်မဟုတ်ပေ။ နှစ်ယောက်သား ခပ်နိမ့်နိမ့် မြင်းလှည်းကိုစီးပြီး ဘေးတံခါးပေါက်ကနေ နန်းပြင်သို့ တိတ်တိတ်ကလေးထွက်သွားလိုက်ကြသည်။

မြင်းလှည်း၏ ယိမ်းထိုးလှုပ်ခါမှုကြောင့်
ကုထင်ရန် မသက်မသာဖြစ်မည်ကိုစိုး၍ ကျောက်ဝမ်ယုံးက လူကို တစ်လျှောက်လုံး ရင်ခွဲထဲမှာ ပွေ့ဖက်ထားသည်။
ဒီနှစ်ရဲ့ ဆောင်းရာသီက မနှစ်ကထက် ပိုအေးသည်။ နွေဦးမီးပုံးပွဲတော်ရောက်တော့မည့် ရက်အချို့မှာတောင် နှင်းကျ‌ နေသေးသည်။ ကုထင်ရန်က ပြတင်းပေါက်ကို နည်းနည်းဟပြီး အလင်းတစ်လျှောက်အပြင်ဘက်သို့ ကြည့်လိုက်သည်။ နှင်းများဖြင့်ဖြူဖွေးနေသည့် ရူခင်းက တကယ့်ကို မဆိုးလှပေ။

သေချာတောင်မကြည့်ရသေးပေ။
ကျောက်ဝမ်ယုံးက သူ့နောက်ကျောဘက်ကနေ လက်ဆန့်ပြီး ပြင်တင်းပေါက်ကို ပိတ်လိုက်သည်။

"မကြည့်နဲ့တော့၊ အပြင်မှာအေးတယ် မင်းအအေးမိလို့မဖြစ်ဘူး"

ကုထင်ရန်က နှုတ်ခမ်းကို မဲ့ရွဲ့လိုက်ပြီး မျက်နှာအမူအရာက အနည်းငယ်
အလိုမကျဖြစ်သွားသည်။ သို့ပေမယ့် သူ့ကို  ပြန်ပြီး အတိုက်အခံမလုပ်ပေ။

ကုထင်ရန်က အကြည့်ကို ရုတ်သိမ်းလိုက်ကာ ‌ကျောက်ဝမ်ယုံး၏ ရင်ခွင်ထဲ၌ သက်တောင့်သက်သာဖြစ်မည့်နေရာကိုရှာပြီး ပြန်မှီလိုက်သည်။ မြေပြင်မှာ နှင်းအတိဖုံးလွှမ်းနေသဖြင့် လမ်းက အနည်းငယ် ချောနေသည်။ မြင်းလှည်းမောင်းသူကလည်း အရမ်းမြန်မြန်မသွားရဲပေ။ ထို့အပြင် ကျောက်ဝမ်ယုံးက အထူးတလည် အမိန့်ပေးထားခဲ့သဖြင့် မြင်းလှည်းသမားလည်း ဖြေးဖြေးချင်း မောင်းနေသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now