အပိုင်း(၃၁) ညစာစားပွဲ (ဒုတိယပိုင်း)

1.6K 255 10
                                    

ဝမ်ကုန်းကုန်းက ရှီးယွဲ့ကို ခေါ်၍ ဝင်လာခဲ့သည်။ ရှီးယွဲ့က သည်တစ်ခေါက်လာသည့်အချိန်တွင် ကုထင်ရန်ကို ရိုရိုသေသေဆက်ဆံသဖြင့် သင်ခန်းစာရသွားတာဖြစ်နိုင်သည်။

"သခင်လေးကို ဧကရီမယ်မယ်က တတ်ရောက်ဖို့ ကျွန်တော်မျိုးမကို ဖိတ်ခိုင်းလိုက်ပါတယ်"

ကုထင်ရန်က သူမကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ရှီးအာလေးကို ဆွဲလျက် ပြောလိုက်သည်။

"ဖေဖေတို့သွားရအောင်"

ရှီးအာလေးက အူကြောင်ကြောင်ဖြစ်လျက် ရယ်လိုက်လေသည်။

"ဘာသွားလုပ်မှာလဲ"

ကုထင်ရန်က သူ့ကို မချီရဲချေ။ သူ့လက်ကို ဆွဲ၍ ပြောလိုက်သည်။

"ညကျရင် ညစာစားပွဲရှိတယ်၊ သား ခမည်းတော်လည်းသွားမှာ"

ကျောက်ရှန့်ရှီး၏ မျက်လုံးက ရှီးယွဲ့ကိုယ်ပေါ် သို့ တစ်ချက် ဝေ့ကြည့်လာသည်။

"အဲ့ဒါဆို အတူသွားဖို့ ခမည်းတော်ကို ဘာလို့ မစောင့်တာလဲ"

ကုထင်ရန်က သူ့ကို ဆွဲလျက် မုချန်းနန်းဆောင်၏ တံခါးမကြီးဆီသို့ ထွက်လာလိုက်လေသည်။

"သား ခမည်းတော်က ဒီနေ့ အလုပ်ရှိတယ်၊ နောက်ကျမှရောက်လာလောက်မှာ၊ တို့ သူ့ကို မစောင့်တော့ဘူးလေ"

ကုထင်ရန်က ဝေါယာဉ်စီးချင်စိတ်မရှိသဖြင့် ရှီးအာလေးကို ဆွဲလျက် တိုက်ရိုက်သွားလိုက်သည်။

ပြောရင်လည်း ထူးဆန်းသည်။ ဒီနေ့ ညစာစားပွဲကျင်းပသည့်နေရာက ကုထင်ရန်၏
မုချန်နန်းဆောင်နှင့် အနည်းငယ် နီးသည်။
သူက အမျိုးသားကြင်ယာတော်ဖြစ်နေသောကြောင့် စံမြန်းရသည့်နေရာက မိဖုရားများ၏ နေရာနှင့် အတော်လေး လှမ်းသည်။အကယ်၍ ညစာစားပွဲတို့ဘာတို့ရှိလျှင် အလှမ်းဝေးသည့် နန်းဆောင်ထဲ၌ ကျင်းပတတ်သောကြောင့် အရင်ကဆို သူ အမြဲ
မသွားချေ။

ဒီနေ့မှာတော့ ဧကရီက ဆောင်းဦးလယ်သည် ဂန္ဓမာပန်းများ ရှုစားရန် အချိန်ကာလကောင်းဖြစ်သည်ဟု ဆိုသည်။ သည်ဘက်မှာ အရံနန်းဆောင်တစ်ဆောင်ရှိပြီး အရင်စံမြန်းသည့် နန်းဆောင်ရှင်က အရင်ဧကရာဇ်၏ မိဖုရားတစ်ပါးဖြစ်သည်။ ထိုမိဖုရားက ဂန္ဓမာပန်းများ နှစ်သက်သဖြင့် နန်းဆောင်ဝင်းထဲ၌ ရှားပါးသည့် အမျိုးအစားများကို ပြွတ်သိပ်နေအောင် စိုက်ထားခဲ့သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now