အခန်း(၄၇) ဆုံးဖြတ်ချက်

4.5K 640 21
                                    

ထိုအစေခံလေးက ထိတ်ထိတ်အပျာပျာဖြင့် သခင်မကြီးကုကိုကြည့်ပြီး အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။

"သခင်မကြီး အကြီးဆုံးသခင်လေးက ဘာစိတ်အနှောက်အယှက်ဖြစ်သွားလို့လည်းမသိဘူး အခုဆွဲကြိုးချဖို့ အော်ဟစ်နေတယ်"

"ဘာ!"

ဒုသခင်မကြီးမှာ သည်သားတစ်ယောက်သာရှိသဖြင့် ပုံမှန်ဆို မျက်ရူပုလဲ‌လေးပမာ သဘောထားသည်။ သူမလည်း သိသည်။
ကုထင်ရှန်းက ဤသို့ ကြီးမားသည့် ထိုးနှက်မှုမျိုးကို ခံခဲ့ရသဖြင့် မခံစားနိုင်တာက သဘာဝကျသည်။ သို့ပေမယ့် သားလေးက စိတ်ဓါတ်ကျပြီး သည်အခြေအနေမျိုး ဖြစ်သွားလိမ့်မယ်လို့ သူမလုံးဝ မထင်ထားပေ။

သူမလည်း ကုထင်ရန်နဲ့ စာရင်းရှင်းဖို့ စိတ်မပါတော့ပေ။ မုန်းတီးစွာဖြင့် သူ့ကို တစ်ချက်စိုက်ကြည့်ပြီးနောက် အစေခံတစ်စုကို ခေါ်ဆောင်ကာ ကမန်းကတန်းထွက်သွားလိုက်သည်။ ထိုအစေခံလေးက နောက်ဆုံးမှ လိုက်ပြီး ထွက်သွားတဲ့အချိန်မှာ ကုထင်ရန်ကို တစ်ချက် ကြည့်သွားသေးသည်။

ကုထင်ရန်၏ မျက်ဝန်းတွေက အေးစက်နေပေမယ့် ထိုအစေခံလေးက ကုထင်ရန်ဆီသို့ ကြည့်သည့် အချိန်မှာတော့ ရိုရို‌သေသေဖြစ်နေတုန်းပင်။ နှစ်ယောက်သား လူတွေ သတိမထားမိတဲ့ရှု‌ထောင့်၌ တစ်ခဏတာ အကြည့်ချင်း ဖလှယ်မှု တစ်ခု ရှိခဲ့သည်။

ထိုလူတစ်စုထွက်သွားပြီးနောက် ကုထင်ရန်က အလောတကြီးဖြင့် သခင်မကြီးကု၏ နံဘေးသို့ ပြေးသွားလိုက်သည်။

သို့ပေမယ့် ခါတိုင်းဆို သူ့ကို အချစ်ဆုံးဖြစ်
သည့် လူတစ်‌ယောက်က အခုတော့ သူ့ကို အကြည့်လေးတစ်ချက်တောင် မပေးတော့ချေ။

ဘယ်လောက်ကြာသွားမှန်း မသိပေ။ သခင်မကြီးကုက ရုတ်တရက်ချောင်းဆိုးလာသည်။ ကြည့်ရတာ အလွန့်အလွန် အားနည်းချိနဲ့နေပုံရသည်။  သူမ မျက်လုံးတွေက သွေးရောင်လွှမ်းနေပြီး မျက်ရည်က မျက်ဝန်းထောင့်စွန်းအတိုင်း စီးကျလာပြီး ခေါင်းအုံးပေါ် ကျဆင်းသွားသည်။

"ငါ သူ့ကို တောင်းပန်ပါတယ်"

"ငါ သူ့ကိုတောင်းပန်ပါတယ်"

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now