အခန်း(၁၈) ရှင်တကယ်ကြည့်ကောင်းတယ်

5.9K 727 17
                                    

နောက်တစ်နေ့ ကုထင်ရန်နိုးလာသည့် အချိန်တွင် နေကအတော်လေးမြင့်နေပြီဖြစ်သည်။
ဘာလို့လဲတော့မသိ‌ချေ။ အခုရက်ပိုင်း သူအရမ်း အပင်ပန်းလွယ်နေသည်။သေချာပေါက် မနေ့ ကလည်း အရမ်း
မပင်ပန်းလိုက်တာတောင် အိပ်ချင်မှုကြောင့် ထတောင်မထချင်ပေ။

ကျောက်ဝမ်ယုံးက စောစောစီးစီး မနက်ခင်းညီလာခံသွားပြီဖြစ်သည်။ အမှန်တိုင်း အလေးအနက်ထားပြီးပြောရရင်
ကျောက်ဝမ်ယုံးက မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်၏။

သူက ဘဝမြင့်ပြီး နိုင်ထက်စီးနင်းပြုမူတတ်ပေမယ့် တခြားတဖက်မှာတော့ အေးဆေးတည်ငြိမ်၍ ထိန်းထိန်းသိမ်းသိမ်းရှိသည်။ ဘယ်အချိန်ပဲဖြစ်ဖြစ် အမြဲတမ်း ဆင်ခြင်တုံတရားရှိသည်။

ဧကရာဇ်တစ်ယောက်အနေနှင့် အထူးသဖြင့် တိုင်းရေးပြည်ရေးကိစ္စတွေကို စီမံခန့်ခွဲသည့်နေရာတွင် အထုံပါရမီနှင့်ပြည့်စုံရ‌ပေမည်။ ဆင်ခြင်တုံတရားနှင့်ပြည့်စုံလျှင် သူရဲ့ အားနည်းချက်တွေတောင် အားသာချက်ဖြစ်သွားနိုင်သည်။ ဒါပေမယ့် အဲ့ဒီလို လူက ချစ်သူတစ်‌ယောက်အနေနဲ့ဆိုရင်တော့ အရက်စက်ဆုံးဖြစ်လိမ့်မည်။

ကုထင်ရန်က အပြင်ဘက်မှ နေရောင်ကို ကြည့်ရင်း ရုတ်တရက် နေပူစာလှုံချင်လာလေသည်။ ရှုရွေ့က အစေခံတွေကို ခြံဝင်းထဲ၌ နောက်မှီပါထိုင်ခုံကို အမြန် ချခိုင်းလိုက်သည်။ ထိုင်ခုံပေါ်တွင် နှင်းတမျှဖြူဖွေးသည့် မြေခွေးသားမွှေးကို ခင်းထား‌သေး၏။
ကုထင်ရန်က အစေခံတွေကို သွားခိုင်းလိုက်ပြီး တစ်ယောက်ထဲ နေရောင်အောက်မှာ နေပူစာလှုံ‌နေရင်း အနည်းငယ် ပျင်းရိလေးတွဲလာသည်။

"အာ!"

ကျန်းမင်မင်က အခုလေးတင် မင်းသမီးအဆောင်ထဲမှ ထွက်လာတာဖြစ်သည်။ သူမက တစ်ယောက်ထဲ နန်းတော်ထဲ ဝင်လာတာ ပထမဆုံးအကြိမ်ဖြစ်သည်။ ဒီနန်းတော်က တကယ့်ကို ကြီးမားလွန်းလှ‌သဖြင့် သတိမထားမိဘဲ လမ်းပျောက်သွားခဲ့သည်။
သူမ ဒီနေရာကို မလာဖူး‌ချေ။ သို့သော် ဒီနန်းဆောင်က အရမ်းကိုခမ်းနားကြီးကျယ်လွန်းသည်။ လမ်းဘေးက သစ်ပင်ပန်းပင်တွေတောင် တော်တော်များများက ရှားပါးတဲ့ အမျိုးအစားတွေဖြစ်သည်။ သူမက အဲ့ဒါတွေကို ဈေးထဲမှာ မြင်ဖူးတာ‌တောင် ဒီမြင်ကွင်းကို အံဩတုန်လှုပ်မိ‌နေဆဲဖြစ်‌သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now