အပိုင်း(၂၇) ဧကရီလာရောက်လည်ပတ်ခြင်း (ဒုတိယပိုင်း)

1.8K 254 5
                                    

ကုထင်ရန်က ကြားတော့ မသိမသာ မျက်မှောင်ကျုံ့လိုက်လေသည်။

အနှီမိန်းကလေးကို သူမှတ်မိပါသည်။ ကျောက်ဝမ်ယုံးက ဟွိုင်ယန်ရှောင်းအိမ်တော်၏ သမီးဟု ပြောဖူးသည်။ သူမ ဖခင်က တိုင်းပြည်အတွက် အကျိုးကျေးဇူးပြုခဲ့တယ်လို့ ပြောခဲ့သေးသည်။

သို့ပေမယ့် ကုထင်ရန်က စိတ်ထဲမှာ ရှောင်းအိမ်တော်၏ ကိစ္စကို စဉ်းစားပြီးရင်း စဉ်းစားနေခဲ့သည်။ ရှောင်းအိမ်တော်က ရှောင်းတန်းယွင်၏ ဖခင်မှတပါး ကျန်ရှိသည့် လူများက လူရှေ့သူရှေ့သိပ်မထွက်ကြချေ။ သေချာပေါက် ဤမျှကြီးသည့် အကျိုးဆောင်မှု ပြုလုပ်ခဲ့ပြီး မိသားစုထဲရှိ သမီးဖြစ်သူက ဧကရီဖြစ်ခဲ့တာတောင် မျက်နှာချိုသွေးတာမျိုး တစ်ခုမှ မရှိချေ။

သည် မျိုးရိုးမြင့်မိသားစုကြီးက သမာဓိအင်မတန် ရှိနေတာကြောင့်များလား။
ထူးဆန်းသည်။ တကယ့်ကို ထူးဆန်းသည်။

သူက ခေါင်းငုံလျက် မေးလိုက်လေသည်။

"သူဘာလာလုပ်တာလဲ"

ဝမ်ကုန်းကုန်း၏ မျက်နှာက ဂန္ဓမာပန်းလေးတစ်ပွင့်လို ရှုံ့မဲ့သွားလေသည်။ သူရောက်ခါစတုန်းက အရှင်မင်းကြီး၏ လူယုံတော် အန်းကုန်းကုန်းက နားနားကပ်၍ အလေးအနက်မှာကြားထားသည်ကို မှတ်မိပါသေးသည်။ အနောက်နန်းဆောင်က မည်သည့် မိန်းကလေးကိုမှ သခင်လေး၏ ရှေ့မလာ စေနှင့်ဟု ထပ်ခါထပ်ခါ သတိပေးခဲ့သည်။

သို့ပေမယ့် အနှီမိန်းကလေးက ဧကရီဖြစ်နေသည်။ အရင်က နန်းတော်ထဲတွင် နောက်ခံတောင့်သည့် ကျန်းကျင့်ဖေးအပြင် ဧကရီကလည်း ဂုဏ်သရေအတင့်ဆုံးဖြစ်ခဲ့သည်။ ဧကရာဇ်အရှင်တောင် အမြဲတမ်း သူမကို မျက်နှာသာ အနည်းငယ် ပေးသည်။

ဝမ်ကုန်းကုန်းက ဤကဲ့သို့ ကိစ္စမျိုးကို ပထမဆုံးအကြိမ် ရင်ဆိုင်ရတာဖြစ်သဖြင့် တကယ် သတ္တိ မရှိချေ။

ထို့ကြောင့် ကျောက်ဝမ်ယုံးက နန်းတော်ထဲရှိ ထိုမိန်းကလေးများကို ကုထင်ရန် မျက်စိရှေ့ လာခွင့်မပြုဘူးဟု အမိန့်ချခဲ့ရင်တောင် ဝမ်ကုန်းကုန်းလည်း ဧကရီကို မတားဆီးနိုင်ချေ။ သခင်လေးဆီက အကြံဉာဏ်လာယူရုံသာ တတ်နိုင်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now