အခန်း(၂၃)ဇနီးကိုပိုးပန်းရန်

6.1K 727 49
                                    

ကျောက်ဝမ်ယုံး ငယ်ငယ်လေးတုန်းက သူ့မိခင်သည် သူ့ကိုဖက်ရင်း ချမ်းအေးလှတဲ့ ဆောင်းညတွေမှာ တွေဝေမိန်းမောစွာဖြင့် လမင်းကြီးကို မကြာခဏ ကြည့်လေ့ရှိသည်။

သူ့ မိခင်သည် မြောက်ပိုင်းက ဟူ လူမျိုးတစ်ယောက်ဖြစ်သည်။ ထိုဘက်က လမင်းကြီးဟာ ကြီးလည်းကြီး ဝိုင်းလည်းဝိုင်းစက်ကာ ဆောင်းညတွေမှာတောင် ထိန်လင်းတောက်ပနေဆဲဖြစ်၏။ မြောက်ပိုင်းကလူတွေသည် မြက်ခင်းပြင်ပေါ်၌ မီးပုံလေးဖွဲ့ပြီး သီဆိုကခုန်ကြတဲ့ မြင်ကွင်းဟာ သူမတစ်ဘဝလုံးမှာ ဖျောက်ဖျက်လို့မရသည့် မှတ်ဉာဏ်တွေဖြစ်သည်။

သို့ပေမယ့် ထိုအချိန်တုန်းက ကျောက်ဝမ်ယုံးသည် မသိနားမလည်သေးသော ကလေးတစ်ယောက်ဖြစ်သည်။ သူ၏ မိခင်က ဘာကို တမ်းတလွမ်းဆွတ်နေမှန်း သူမသိခဲ့ပေ။ ထိုကဲ့သို့ အချိန်ကာလဟာ အရမ်းကို စိတ်ချမ်းမြေ့ပျော်ရွင်စရာကောင်းတယ်လို့သာ ထင်မိခဲ့သည်။ နောက်တော့ သူ့၏ မိခင် တမ်းတနေသည့် ခံစားချက်မျိုးကို လွမ်းဆွတ်မှုဟုခေါ်မှန်း သူနားလည်သွားခဲ့သည်။

နောက်ပိုင်းမှာ သူတစ်ယောက်ထဲ လမင်းကြီးကိုကြည့်နေခဲ့ရသည်။ အဲ့ဒီအချိန်တုန်းက သူ ချက်ချင်းစဉ်းစားမိသွား၏။ သေချာပေါက် သူချစ်တဲ့လူကို ရှာ‌တွေ့ရမည်။ ပြီးတော့ သူနှင့်အတူ လမင်းကြီးကို ကြည့်ကြမည်။

နောက်ဆုံးမှာတော့ သူရှာတွေ့ခဲ့လေပြီ။
  .........

ဒီနေ့ ကျောက်ဝမ်ယုံးရဲ့ ခံစားချက်တွေက တမူထူးခြားနေသည်။ ကျောက်ဝမ်ယုံးက
ကုထင်ရန်၏ နှဖူးလေး၊ ပြီးတော့ နှာဖျားလေး၊ နှုတ်ခမ်း လေးကို နူးနူးညံညံလေး နမ်းလိုက်သည်။ သူ့ရဲ့ လှုပ်ရှားမှုများက ဘုရားကို ရိုသေကိုင်းရှိုင်းစွာဖြင့် ဝတ်ပြုနေသလို အလေးအနက်ရှိ‌လှ၏။

ကုထင်ရန်ကတော့ အေးတိအေးစက်ပုံစံဖြစ်နေဆဲပင်။ ကျောက်ဝမ်ယုံးက သူ့ဘာသာသူ လှုပ်ရှားနေပေမယ့် အရင်ကလို ကြမ်းတမ်းနေဆဲဖြစ်သည်။ ကုထင်ရန်က မခံနိုင်တော့သဖြင့် သူကနှုတ်ခမ်းကို ခပ်တင်းတင်း ဖိကိုက်ထားပြီး အသံမထွက်အောင် အစွမ်းကုန်ထိန်းချုပ်နေရသည်။ ကျောက်ဝမ်ယုံးက
ကုထင်ရန်ကို တင်းကြပ်စွာဖက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က မီးဖိုလို ပူပြင်းနေပေမယ့်လည်း သည်နေရာမျိုးမှာ ကုထင်ရန်က အေးသလို့ ခံစားမိချေ။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now