အပိုင်း(၇၄) မင်းငါ့ကို ဂရုစိုက်ဖူးလား

1.8K 341 27
                                    

ထိုနေ့နောက်ပိုင်းတွင် ထိုက်ကျီနန်းဆောင်က သမားတော်ချန်ပေးထားသည့် ဆေးညွှန်းအတိုင်း ဆေးကျိုလေသည်။ ချန်ရှင်းက အကြိမ်ရေအချို့လောက် လာရောက်ကြည့်ရူခဲ့သည်။ ကျောက်ဝမ်ယုံးက ထိုဆေးရည်ကို တစ်စက်မကျန် သောက်နေခဲ့သည်ကို မျက်လုံးအပြူးသားနဲ့ ကြည့်နေလေသည်။

သူက အမှုမဲ့အမှတ်မဲ့ ကြည့်မိသလို ဟန်ဆောင်ထားပေမယ့် ကျောက်ဝမ်ယုံးက အဟလေးမှ တဆင့် သူ့ကို ကြည့်လိုက်သည့်အချိန်တွင် သမားတော်ချန်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရသည်ကို သိသိသာသာ မြင်လိုက်သည်။ ထို့အပြင် သူက ခြေဖျားကို မသိမသာ ထောက်ထားသေးပြီး စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသလိုပင်။

ကျောက်ဝမ်ယုံးက တစ်ချက်သာကြည့်ပြီး အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ တစ်ချက်ကြည့်ရုံနဲ့တင် သူ့စိတ်ထဲမှာ အဖြေရှိနေပြီဖြစ်သည်။

အခု ချန်ရှင်းက မောက်သွမ်းနှလုံးသားထဲမှာ ဘယ်အတိုင်းအတာထိရှိလဲဆိုတာ သူ အတည်ပြုဖို့ လိုအပ်သည်။ တစ်လက်စတည်း သူ ရရှိနိုင်မည့် အကျိုးအမြတ်ကိုပါ အတည်ပြုရမည်။

ထိုဆေးသောက်ပြီးသည့် သုံးရက်မြောက်နေ့တွင် ကျောက်ဝမ်ယုံးက ညီလာခံတတ်ခဲ့သည်။

သူ့ကို ကြည့်ရတာ အတော်လေး လန်းဆန်းလာပုံပေါ်သဖြင့် ညီလာခံ ခန်းမထက်ရှိ ထိုလူတွေသည် အရင်တုန်းက ဖျားချင်ယောင်ဆောင်တာ ဖြစ်လောက်မည်ဟု တန်းသဘောပေါက်လိုက်သည်။ စိတ်ထဲတွင် မကောင်းသောအကြံအစည်များ ရှိနေသည့် ထိုလူတွေကို တစ်ခါတည်းနဲ့ အမိဖမ်းချင်လို့ဖြစ်လိမ့်သည်။

သို့ပေမယ့် အခုတလော အရည်အချင်းအပီအပြင်ထုတ်ပြနေသည့် လူကြီးမင်း
ကျူးကောယွီ၏ မျက်နှာထက်၌ ပြောင်းလဲမှု တစ်စုံတစ်ရာတောင်မရှိချေ။ ၎င်းကိစ္စကို မသိသလိုပင်။

ဒါက ပိုပြီး ထူးဆန်းသွားပြီဖြစ်သည်။

ထိုနေ့နေ့လည်တွင် လူကြီးမင်း ကျူးကောယွီကို အရှင်မင်းကြီးက စာဖတ်ခန်းသို့ ဆင့်ခေါ်ခဲ့သည်။ ထွက်လာပြီးနောက်ပိုင်းတွင် လူကြီးမင်း ကျူးကောယွီက ဖျားနာမှုကြောင့် အိပ်ရာထဲလဲသွားခဲ့ပြီး ရာထူးမှ နှုတ်ထွက်စာတင်ခဲ့သည်။ သူသည် အစကတည်းက အာဏာကို ချုပ်ကိုင်ထားသည့် ဝန်ကြီးချုပ်ဖြစ်သည်။ ထို့အပြင် ရှန်းဝမ်အဖြစ် ခန့်အပ်ခံထားရသဖြင့် အာဏာချဲ့ထွင်နေသင့်တာဖြစ်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now