အခန်း(၆၉) ကိုယ်တော့်အပိုင် (ဒုတိယပိုင်း)

3.7K 555 5
                                    

သို့ပေမယ့် ဘယ်လိုပဲပြောပြော
ကျန်းကျီလန်က မိန်းကလေးတစ်ယောက်ဖြစ်သည်။ ကျောက်ဝမ်ယုံးက အားကို ခုနှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲသုံးလည်း သူမကို နာကျင်စေပြီး ခေါင်းလေးကို အုပ်ကာ အော်လေသည်။

ကျောက်ဝမ်ယုံးသည် သူမကြောင့်
ကုထင်ရန်လန့်နိုးသွားမည်ကို စိုးရိမ်မိပြီး ချက်ချင်းသူမ၏ ပါးစပ်ကို ဖမ်းအုပ်လိုက်သည်။

ကျန်းကျီလန်က တကယ်နာကျင်သွား၍ စကားမပြောနိုင်ဖြစ်သွားသည်။ သူမ သတိပြန်ဝင်လာဖို့ မလွယ်ပေ။ ကျောက်ဝမ်ယုံးသည် သူမ ပါးစပ်ကို အုပ်ထားသည့်လက်အား ချက်ချင်း လွှတ်လိုက်သည်။

ခက်ထန်သည့်အကြည့်ဖြင့် သူမကို သတိပေးလိုက်သည်။

"မင်းတိတ်တိတ်နေစမ်း"

ပြောရင်း သူ့လက်ကို ကြည့်လိုက်သေးကာ အလွန်အမင်း ရွံရှာသွားသလိုနဲ့ သူ့ရဲ့ ဝတ်ရုံလက်ဖြင့် အကြာကြီး သုတ်နေခဲ့သည်။

ကျန်းကျီလန်သည် ကိုယ်က ဒေါသကြောင့်
ငိုမိတော့မလို ခံစားမိလိုက်သည်။ သူမက
မချုပ်တီးနိုင်တော့သဖြင့် ပြောလိုက်သည်။

"ကျွန်မက စေတနာနဲ့ပါ"

အသံက အတော်လေး တိုးပြီး ကြည့်ရတာ အနည်းငယ် မတရားခံနေရသလိုပင်။

သူမ၏ မတရားခံရသည့် အမူအယာကို ကျောက်ဝမ်ယုံးကတော့ မမြင်ပေမယ့် အသံကို‌တော့ သူက စိတ်ကျေနပ်မိသည်။
ကုထင်ရန် အိပ်ချင်လာရင် ဘယ်သူမှ သူ့ကို လာနှောက်ယှက်လို့မရပေမယ့်
ကျန်းကျီလန်ကိုရင်ဆိုင်နေရတော့
ကျောက်ဝမ်ယုံးက မျက်နှာမသာမယာဖြစ်‌လာသည်။

"ကိုယ်တော့်ရဲ့လူကို မင်း စေတနာထားဖို့
မလိုဘူး"

ကျန်းကျီလန်က ထိုစကားကို ကြားတော့ စိတ်ထဲမှာ သွေးအန်မိတော့မလိုဖြစ်သွားသည်။ လူချင်းတစ်ခါမှမတွေ့ဖူးသည့် ကုကွေ့ကျွင်းက မူယာမာယာများပြီး အပေါ်စားဆန်သည့် သူ့ညီမထက် ပို၍ပင် မုန်းစရာကောင်းသည်ဟု သူမ ထင်မိလိုက်သည်။

ကျန်းကျီလန်က ဒီနေရာမှာ ဆက်မနေနိုင်တော့သဖြင့် နှုတ်ဆက်စကားဆိုပြီး လှည့်ထွက်သွားတော့မလို့လုပ်တုန်းမှာ
ကျောက်ဝမ်ယုံးက ပြောလိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now