အပိုင်း(၁၇) ချောင်းမြောင်းလုပ်ကြံခြင်း (ပထမပိုင်း)

1.9K 280 9
                                    

ကျောက်ဝမ်ယုံးက ဓါးယူပြီး သတိဝီရိယဖြင့် တံခါးဝဆီသို့ လျှောက်လှမ်းသွားလေသည်။ ခြေလှမ်းတိုင်းက အလွန်အမင်း သတိထားနေရာ အသံ တစ်စက်မှ မထွက်ချေ။
နောက်မှာ ကြည့်‌‌နေသည့် ကုထင်ရန်တောင် ရင်တမမဖြစ်နေလေသည်။

အပြင်ဘက်တွင် တစ်စုံတစ်ယောက်က ဆီးကြိုနေသယောင်။ကျောက်ဝမ်ယုံးက တံခါးဝရှိ တိုင်လုံးမှာပုန်းလိုက်ပြီး တိုင်လုံးဖြင့် ခန္ဓာကိုယ်ကို ကွယ်၍ ဓါးကိုင်လျက် တိတ်တဆိတ် စောင့်နေလေသည်။

ရုတ်တရက် လုပ်ကြံသူတစ်ချို့က တဟုန်ထိုး ဝင်ရောက်လာခဲ့လေသည်။

ကျောက်ဝမ်ယုံးက လူတွေသတိမထားမိသည့် အချိန်ကို အခွင့်ကောင်းယူ၍ ‌ထိပ်ဆုံးက ထိုလုပ်ကြံသူခေါင်းကို ချက်ချင်း ခုတ်ချလိုက်လေသည်။

လုံးဝန်းဝန်း လူခေါင်းက သွေများပေရေလျက် ကုထင်ရန်၏ ကုတင်ဘေးသို့ တောက်လျှောက် လိမ့်လာလေသည်။

ထိုလုပ်ကြံသူ၏ ခေါင်းကို သူကြည့်ရင်း ရွှံရှာမှုကြောင့် ကြောက်လန့်တကြားဖြစ်လာလေသည်။ ခေါင်းထဲမှာတော့ ကျောက်ဝမ်ယုံး၏ သတိပေးစကားများကြောင့် စိုးရိမ်တကြီးဖြစ်နေသေးပေမယ့် ထိုလုပ်ကြံသူတွေကို မနှောက်ယှက်ရဲသဖြင့် တုပ်တုပ်တောင်မလှုပ်ချေ။ ကျောက်ဝမ်ယုံး ကုထင်အောက် ဆင်းသွားတုန်းက သူ့အတွက် လိုက်ကာကို တကူးတက ဆွဲချပေးခဲ့သည်။ ထို့အပြင် သူ့ကို မကြောက်နဲ့ဟု ပြောခဲ့သေးသည်။

ကုထင်ရန်က ကိုယ်လွတ်ရုန်းထွက်ပြေးချင်သည့် လူတစ်ယောက်မဟုတ်ချေ။
ဘာကိစ္စပဲဖြစ်လာပါစေ သူက တိုက်ရိုက် သွားရင်ဆိုင်ချင်သည်။ အခြားသူ၏ ကာကွယ်ပေးမှုကို သူမလိုအပ်ချေ။ အထူးသဖြင့် ဤကဲ့သို့ ဘာဆိုဘာမှ မသိရသည့် အခြေအနေမျိုးမှာဖြစ်သည်။

အခု သူက ကျောက်ဝမ်ယုံးဆီမှာ ကပ်နေတယ်လို့ တွေးထားပေမယ့် ကျောက်ဝမ်ယုံးကတော့ အချစ်ကြောင့်လို့ပြောသည်။
သူက အချစ်အတွက်နဲ့ စတေးမှုပြုလုပ်ခဲ့သဖြင့် ပျော့ညံ့သည့် လူတစ်ယောက်ဟု
ပြောလို့မရချေ။

အပြင်ဘက်က တိုက်ပွဲကိုရှင်းရှင်းလင်းလင်း မြင်နိုင်အောင် သူက လိုက်ကာကို တိတ်တဆိတ် ဟပြီးကြည့်လိုက်သည်။ အနှီလူအုပ်က စုစုပေါင်း (၁၅)ယောက်နီးပါးရှိသည်။ တစ်ယောက်ချင်းစီကို သာလွန်ထူးကဲအောင် လေ့ကျင့်ပေးထားသဖြင့် ကြည့်ရတာ ဂိုဏ်းဂဏကြီးကြီးက အသေခံတပ်သားတွေဖြစ်ပုံရသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now