အပိုင်း(၅၄) သတိလစ်ခြင်း (ပထမပိုင်း)

1.9K 297 3
                                    

ကုထင်ရန်က လှည့်တောင်မကြည့်ဘဲ ထွက်သွားလိုက်လေသည်။ နားနားမှာတော့
ရှောင်းတန်းယွင်၏ အသားကုန် အော်ဟစ်သံများ ကြားနေရဆဲဖြစ်သည်။

သူမက တစ်ခုခုကို အားကြိုးမာန်တက် ပြောနေလေသည်။ ဤကဲ့သို့လုပ်လျှင် သူမ မှန်ကြောင်း သက်သေပြနိုင်သည့်နှယ်။ သူမ၏ ဖခင်က သူမကို ရုပ်သေးရုပ်ကဲ့သို့ လုပ်ချင်ကြောင်း၊ ထို့နောက် သူမရဲ့ အကူအညီနဲ့ အာဏာကို ချုပ်ကိုင်ချင်ကြောင်း အများကို သိစေချင်နေလေသည်။

သူမ သူ့ကို သစ္စာဖောက်တာက မှန်ကန်သောလုပ်ရပ်ဖြစ်သည်။

ကုထင်ရန်က တံခါးဝသို့ရောက်သည့်အချိန်တွင် ရုတ်တရက် ရပ်လိုက်သည်။ သူ့လက်က တံခါးပေါ်ရောက်နေပေမယ့် အတန်ကြာသည်အထိ ဖွင့်ခြင်းမရှိချေ။

"ကြည့်၊ ရှင်လည်း ဝန်ခံတယ်မလား၊ ကျွန်မပြောတာအမှန်တွေဆိုတာကို"

အနောက်ဘက်တွင် ရှောင်းတန်းယွင်က တရစပ် ပြောနေလေသည်။

ကုထင်ရန်၏ နှလုံးသားက ဝမ်းနည်းသည့် ခံစားချက်များ လွမ်းမိုးခြင်းခံလိုက်ရသောကြောင့် အကြောင်းမဲ့သက်သက် ခံရခက်လာ‌လေသည်။

သူက ထိုနေရာမှာ ရှောင်းတန်းယွင်ကို ကျောပေး၍ ရပ်နေပြီး အေးတိအေးစက်နဲ့ ပြောလိုက်သည်။

"အဲ့ဒီတုန်းက ရှောင်းလူကြီးမင်း အသက်နဲ့ရင်းပြီး ဆုံးဖြတ်ချက်ချခဲ့တာ"

နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ သူက သေရမှာဖြစ်သည်။

အနှီကိစ္စကို တကယ်တော့ လူတိုင်း စိတ်ထဲမှာ ရှင်းရှင်းလင်းလင်းသိကြသည်။

ကျောက်ဝမ်ယုံး၏ ယုံကြည်မှုကို ရဖို့အတွက် သူက အာဏာရှိအသိုင်းအဝိုင်းကို ထိပါးခဲ့သဖြင့် အစောကြီးကတည်းက ရန်သူတွေ ပတ်လည်ဝိုင်းနေပြီးသားဖြစ်သည်။ သူ့ကို သေစေချင်သည့်သူများကို တန်းစီလိုက်လျှင် သည်နေရာကနေ မြို့တံခါးဝထိ ရှိသည်။

ထို့ကြောင့် ရှောင်းတန်းယွင်ကို သေချာ စောင့်ရှောက်ပေးပါမည်ဟု ရှောင်းလူကြီးမင်းကို ကျောက်ဝမ်ယုံးက ကတိပေးမှာသေချာပါသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now