အခန်း(၁၆) ကိုယ်မင်းကိုထပ်မရိုက်တော့ပါဘူး

6.4K 767 15
                                    

ကုထင်ရန်သည် နှစ်ရက်လောက် အိမ်မှာနေခဲ့သည်။ သူ့အမေ၏ ကျန်းမာရေးက သိပ်မကောင်းသော်လည်း သူ့အတွက် စားကောင်းတာတွေ အမြဲချက်ကျွေးနေတော့
ကုထင်ရန်၏ ခန္ဓာကိုယ်က အတော်လေး အားပြန်ပြည့်လာသည်။ သို့ပေမယ့် သူ့အမေက သူ့ကို ကြည့်တဲ့အချိန်တိုင်း အမြဲတမ်း တစ်ခုခုပြောဖို့ ချီတုံချတုံဖြစ်နေသလိုပင်။

တကယ်တော့ ကုထင်ရန် အနည်းငယ် စိုးရိမ်မိသည်။ တကယ်လို့ သူက ကစားစရာဖြစ်နေတာကို အမေသာသိသွားလျှင် သူ့ကို စိတ်ပျက်သွားလောက်လေမလား။ သို့ပေမယ့် သူမေးလည်းမမေးရဲပေ။ သူရင်ဆိုင်ဖို့ ကြောက်နေမိသည်။သည်ကမ္ဘာပေါ်မှာ သွေးသားတော်စပ်သူဆိုလို့ သူ့အမေတစ်ယောက်ပဲ ကျန်ရှိတော့သဖြင့် သူနည်းနည်းလေးတောင် အရဲမစွန့်‌ရဲပေ။

နောက်တနေ့ ညတွင် ကောင်းကင်က
လုံးဝမှောင်မဲနေပြီး နန်းတော်တံခါးမပိတ်ခင် အခိုက်အတန့်မှာ ထိုလှောင်အိမ်ထဲကို သူအပြေးအလွှား ပြန်သွားလိုက်သည်။ မုချန်နန်းဆောင်မှာ မီး‌ရောင်ထိန်လင်းနေတုန်းပင်။ အမှန်တကယ်တော့ သူ နည်းနည်း ကြောက်မိသွားသည်။ တမင်တကာ နောက်ကျပြီးပြန်လာတာ ဒါက ပထမဆုံးအကြိမ်မဟုတ်ပေမယ့် သူ ထိုသို့ တမင်တကာလုပ်မိသည့်အကြိမ်တိုင်းကို ကျောက်ဝမ်ယုံးသာသိသွားလျှင် သူ့ကို အလွှတ်မပေးမှာသေချာပါသည်။

စိတ်အခြေအနေမကောင်းတဲ့အချိန်ဆို သူ့ကို ကြာပွတ်စာကျွေးလိမ့်မည်။ ကုထင်ရန်က ထိုအရသာကို တွေးမိသွားတော့ လက်မောင်းက အနည်းငယ် မသိမသာ တုန်ယင်သွားလေသည်။ သူက သံမဏိလိုမာကြောကြံခိုင်တဲ့လူမဟုတ်ပေ။ သူဖွင့်မပြောသော်လည်း သူ နာကျင်ရမှာ အရမ်းကြောက်သည်။ တကယ်လို့ ထပ်ပြီး အရိုက်ခံရရင် သူ့ရဲ့ ခန္ဓာကိုယ်က တောင့်မခံနိုင်လောက်တော့ဘူးဟု သမားတော်လီက ပြောထားသည်။

သူ့ ထပ်အရိုက်ခံလို့မဖြစ်ပေ။
သူ့ အသက်ရှင်ချင်သေးသည်။

ကုထင်ရန်က တစ်လမ်းလုံးစဉ်းစားခဲ့သည်။ ကျောက်ဝမ်ယုံး၏ ဒေါသက လွှတ်မြောက်နိုင်မည့် နည်းလမ်းပေါင်းများစွာကို စဉ်းစားခဲ့သည်။ နောက်ဆုံး နည်းလမ်းတစ်ခုသာ ကျန်ရှိ‌တော့သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now