အပိုင်း(၆၈)ကိုယ်တော့်အပိုင် (ပထမအပိုင်း)

4.1K 560 37
                                    

ကျန်းကျီလန်သည် လေငြိမ်ပြီးနေသာသည့်နေ့ရက်ကောင်းကို တမင်တကာရှာပြီး ဆောင်းရာသီ၏ နွေထွေးသည့် နေရောင်ခြည် ထွန်းလင်း‌တောက်ပနေသည့်အောက်မှာ လူတွေကို ခေါ်ပြီး ဝင့်ကြွားဟန်ချီလျက် မုချန်နန်းဆောင်သို့ ရောက်လာခဲ့သည်။

တံခါးဝကိုရောက်သည့်အခိုက်မှာ
ရူကုန်းကုန်း၏ တားဆီးခြင်းကို ခံလိုက်ရသည်။ ရူကုန်းကုန်းက အားနာပါးနာဖြင့်
ပြောလာသည်။

"မယ်မယ် အရှင်မင်ကြီးက သခင်လေးကို အပြင်ထွက်ခွင့်မပြုတော့  လာရောက်လည်ပတ်ခွင့်လည်း ပြုမှာမဟုတ်တာ သေချာပါတယ်"

ကျန်းကျီလန်က ဒေါသထွက်နေသည့် ပုံစံဖြစ်နေတုန်းပင်။ အရှင်မင်းကြီး၏ အမိန့်ကြောင့် ကြောက်လန့်ပြီး လုံးဝပြန်မသွားသလို  နောက်ဆုတ်မည့် အရိပ်အယောင်လည်း
နည်းနည်းလေးတောင် မရှိပေ။

"ပန်ကုန်း ဒီနေ့လာတာ အရေးကြီးကိစ္စရှိလို့ ကုကွေ့ကျွင်းကို တလေးတစားနဲ့ လာရောက်တွေ့ဆုံတာပါ"

(T/N ပန်ကုန်း- မိဖုရားတွေက သူ့ကိုယ်သူရည်ညွှန်းပြောဆိုသောစကား)

အခုလက်ရှိ နန်းတော်ထဲမှာ ကုကွေ့ကျွင်း ၏ရာထူးက အမြင့်ဆုံးဆိုပေမယ့် သူက အနောက်နန်းဆောင်ကို ကြီးကြပ်မအုပ်ချုပ်ရသဖြင့် ဘာ အာဏာအစစ်အမှန်မှမရှိပေ။ ထို့အပြင် အကျဉ်းချခံထားရသလို ‌နေနေရတော့ ဒီနန်းတော်ထဲရှိ လူတွေက သေချာပေါက် သူ့စကားကို နားမထောင်ကြမှာမဟုတ်ပေ။

ထို့အပြင် ကျင့်ဖေးမယ်မယ်က အရမ်းအချစ်ခံရတယ်လို့ ယူဆလို့မရပေမယ့် အနည်းဆုံးတော့ တောက်လျှောက် မျက်နှာသာပေးခံရသည်။ လက်ရှိမှာ အနောက်နန်းဆောင်ကို စီမံခန့်ခွဲခွင့်အာဏာပါရှိနေတော့ ဒီနှစ်ယောက်က စင်ပေါ်တတ်ပြီး ယှဉ်ပြိုင်လာရင် ဉာဏ်ကောင်းတဲ့လူတွေက ဘာလုပ်ရမလဲဆိုတာ အလိုအလို သိကြသည်။

ထိုသို့မဟုတ်လည်း ကျင့်ဖေးမယ်မယ်က ပြောလိုက်တာနဲ့ နန်းတွင်းရေးရာဌာန၏
ဒုကြီးကြပ်ရေးမှုးက အလောတကြီးဖြင့်
မုချန်နန်းဆောင်၏ ဒီလ အသုံးစရိတ်ကို ပို့ဆောင်လာသည်။ ကျန်းကျီလန်က ဂရုတစိုက်ဖြင့် ထိုစာရင်းကို ကြည့်ရင်း
ငွေကို ရေလိုဖြုန်းနေမှုကြောင့် သူမရဲ့ နှလုံးသားက သွေးတစက်စက်စီးကျလာသလို ချက်ချင်း ခံစားမိလိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now