အခန်း(၃၈) မင်းဘာလို့ငိုတာလဲ

5.5K 715 71
                                    

ကုထင်ရန်၏ မျက်ရည်တွေက ရုတ်တရက်စီးကျလာလေသည်။ သူကထိုနေရာမှာပဲ တောင့်တောင့်ကြီး ရပ်နေသည်။ မျက်ရည်တွေက သူ့ရဲ့ ညှို့ဓါတ်ပြင်းသည့် မျက်နှာထက် စီးကျ‌နေသဖြင့် လူကိုအကြောင်းမဲ့သက်သက် မှင်သက်စေသည်။

မျက်ရည်တွေက ပါးပြင်ပေါ်သို့ လှိမ့်ဆင်းလာသည့်အခိုက်မှာ ရုတ်တရက်ပေါ်လာသည့် ပျော့ညံ့မှုကို ဖုံးကွယ်ချင်နေသလို သူက မျက်လုံးကို ချက်ချင်း ပိတ်လိုက်သည်။

သို့ပေမယ့် သူက ကြီးစွာသော ဝမ်းနည်းမှု‌၏ လွှမ်းမိုးခြင်းကိုခံလိုက်ရပြီဆိုတာ အရမ်းထင်ရှားသိသာလွန်းသည်။
ကျောက်ဝမ်ယုံးသည် နောက်ဆုံးမှာ မြင်လိုက်ပြီး နားလည်သွားသည်။

ကုထင်ရန်က အရမ်းဝမ်းနည်းနေသည်။

အမှန်တိုင်းပြောရရင် တကယ်တော့ ဒါက ပထမဆုံးအကြိမ် ကုထင်ရန်က
ကျောက်ဝမ်ယုံး‌ ရှေ့မှောက်မှာ ငိုဖူးတာဖြစ်သည်။

ကျောက်ဝမ်ယုံးက သူ့ရဲ့ ထိုပုံစံကို ကြည့်ရင်း မျက်ခုံးကို အသေကျုံ့လိုက်သည်။ ကိုယ့်ရဲ့ နှလုံးသားမှာ ဖြတ်ထုတ်ခံလိုက်သလို နာကျင်နေသည့် နေရာတစ်ခုရှိတယ်လို့ ခံစားမိလိုက်သည်။

သူက ကုထင်ရန်၏ ရှေ့ကိုသွားလိုက်ပြီး မျက်စိရှေ့ကလူကို ဆွဲဖက်လိုက်သည်။

"မင်းဘာလို့ငိုတာလဲ"

သူ့နှလုံးသားထဲမှာ ပြောမထွက်နိုင်သည့် စိုးရိမ်ကြောင့်ကြမှုများဖြစ်ပေါ်လာသည်။ အသံကလည်း အနည်းငယ် စိတ်မရှည်ချေ။  အသားမာနေသည့်လက်ဖြင့်
ကုထင်ရန်၏ ပါးပြင်ကို ခပ်ကြမ်းကြမ်း ပွတ်သက်ကာ မျက်ရည်စီးကြောင်းတွေကို သုတ်ပေးလိုက်သည်။

သို့ပေမယ့် ထိုစကားထွက်သွားသည်နှင့် သူနောင်တရမိသွားပြန်သည်။ ကုထင်ရန်၏ ထိုပုံစံကို ကြည့်ရင်း ခံရခက်လာသည်။ သူလည်း နှစ်သိမ့်ပေးချင်ပေမယ့် သူမတတ်ပေ။ ကုထင်ရန်၏ ဝမ်းနည်းကြေကွဲမှုကို သူနားမလည်နိုင်ပေ။ အလျော့ပေးဖို့လိုအပ်တယ်ဆိုတာလည်း မသိပေ။

သူက လူကို ရင်ခွင်ထဲမှာ ပွေ့ဖက်ထားလိုက်ပြီး အတတ်နိုင်ဆုံး လေသံကို လျှော့ထားသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now