အခန်း(၄) မတရားစွပ်စွဲချောက်ချခံရခြင်း(ပထမပိုင်း)

6.6K 813 6
                                    

"အကိုကြီး၊ ကျွန်မက အကောင်းနဲ့ အကိုကြီးကို လာကြည့်တာ၊ အကိုက ဘာလို့....... ဘာလို့ ဒီလိုဆက်ဆံရတာလဲ"

ကုရို့လန်၏ သရုပ်ဆောင်စွမ်းရည်က ပြောင်မြောက်ထိမိလှသည်။ ဘေးကကြည့်နေတဲ့ အစေခံတွေတောင် သူတို့သခင်၏ စိတ်ကို ဖြေဖြောက်ပေးချင်၍ ပြေးလာပြီး သူ့ကို ဆွဲဖြဲချင်နေကြသည်။

ကုထင်ရန်က သူမ၏ ထိုပုံစံကို အမုန်းဆုံးဖြစ်သည်။ လှည့်ထွက်သွားမလို့လုပ်ချိန်တွင် တားဆီးခံလိုက်ရပြန်သည်။

"အကိုကြီး ကျွန်မ ဘာအမှားလုပ်မိလို့လဲ"

ဒီနေ့တော့ အလွယ်တကူ ထွက်သွားလို့မရတော့မှာကို ကုထင်ရန် ရုတ်တရက် အာရုံရလိုက်သည်။ သူလည်း ဘာလို့လဲမသိတော့ပေ။ ငယ်ငယ်လေးထဲကနေ ကြီးတဲ့အထိ ကုရို့လန်က သူ့ကို ပြဿနာရှာရတာ အကြိုက်ဆုံးဖြစ်သည်။

"မင်းငါနဲ့ဝေးဝေးနေ၊ ဒါက နှစ်ဖက်လုံးအတွက် ကောင်းတဲ့ကိစ္စပဲ"

ကုထင်ရန်က သူမ ဆန့်တန်းလာတဲ့ လက်ကို ပုတ်ထုတ်လိုက်ပြီး မလုံလောက်သေးဘူးလို့ ထင်မိ၍ စကားလေးတစ်ခွန်းပါ ထပ်ဖြည့်ပြောလိုက်သည်။

"မင်းလို ကိုယ်လုပ်တော်က မွေးတဲ့ သမီးကို ငါက ဘာလို့ ညီမလို့သတ်မှတ်ရမှာလဲ"

သူရဲ့ ညီမလေးက သူမ၏ မိဘမျိုးရိုးအဆင့်အတန်းကို အရေးပေးဆုံးဖြစ်သည်။
ထင်ထားတဲ့အတိုင်းပင် ထိုစကားကို ကြားလိုက်တာနဲ့ ကုရို့လန်၏ မျက်နှာထားက ချက်ချင်းပျက်သွားသည်။

"အကိုကြီး မမေ့လိုက်နဲ့အုံး၊ သခင်မကြီးက အိမ်တော်ထဲမှာ ရှိနေတုန်းပဲ၊ ကျွန်မအမေက စောင့်ရှောက်ပေးနေရတာနော်"

ကုထင်ရန်သည် အစကတည်းက သူမ လာဆွလို့ အတော်လေးစိတ်တိုနေတာဖြစ်သည်။ ထိုစကားကို ကြားလိုက်တာနဲ့ စိတ်ထဲက ဒေါသက ငယ်ထိပ်ထိ ဆောင့်တတ်သွားပြီး လက်ပါချင်သည့်စိတ်ကို အတန်ကြာ ချုပ်တီးထားပြီးမှပဲ ထိန်းချုပ်နိုင်သွားသည်။

"ရှင် မသိဘူးမလား၊ သုံးစားမရတဲ့ ရှင့်အမေရဲ့ ရောဂါက ထပ် ဆိုးလာပြန်ပြီ၊ ကျွန်မက သူ့ရဲ့ အဲ့ဒီရောဂါကို ဘယ်အချိန်မှ ကောင်းအောင် လုပ်ပေးသင့်လဲလို့ ရှင်ထင်လဲ"

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now