Chapter 2: ဟိုဖက်လှည့်
ရင်ဘတ်ထဲ မြေကြွက်တစ်ထောင်လောက် တစ်ကောင်ပြီးတစ်ကောင် ဝင်နေသလိုပဲ၊ ဘာရွှေလက်ချောင်းလဲ။ ဘယ်သူကြည့်ကြည့် ဟွမ်ကွမ်းလမ်းပြသူရဲ့ လက်ချောင်းကြီးဟာကို။
သူတွေဝေနေတုန်းမှာပဲ လက်တစ်စုံက သူ့ကိုအချက်ပြလိုက်တယ်။
‘ဘာလုပ်နေတာလဲ သွားမယ်လေ’
စုချီက မဲ့ပြုံးပြုံးကာအရှေ့ကိုလျှောက်လာတာကို မြင်တဲ့ စုလုရီကတော့ ပြောစရာစကားတောင်မရှိတော့ဘူး။ သူ့မျက်နှာက လအစကလေအေးတွေလို အေးစက်တောင့်တင်းနေတာပဲ။
ငါ ငါ့ကိုယ်ငါ ရိုးသားလာပြီထင်ခဲ့တာ။ အခုတော့ကြည့်ဦး။ ဘာမှမလုပ်ပဲ ဒီမှာစောင့်နေတုန်း။
စုချီက သူ့ရဲ့နက်နဲတဲ့မျက်ဝန်းတွေကို ကွယ်ဝှက်ဖို့ မျက်လွှာချလိုက်ပြီး
“အဖေ ကျွန်တော့်ကို လိုက်ရှာနေတာလား”
စုလုရီက သူ့ရဲ့စောက်ကျိုးနည်းရွှေလက်ချောင်းကြောင့် ဝမ်းနည်းနေရတာနဲ့ စုကျစ်ထုံကို ခဏလောက်မေ့သွားတယ်၊ အခုလောလောဆယ်တော့ စိတ်မပါတပါနဲ့အားတင်းပြီး ...
“ကျွန်တော် အစ်ကိုကြီးဆီက အင်္ကျီလာငှားတာ...ကျွန်တော့်အင်္ကျီတွေက အကုန်ပေနေတာ မနက်ဖြန်ဝတ်ဖို့ဆို လျှော်ဖို့လည်းအချိန်မရှိတော့လို့ လာငှားတာ”
စုကျစ်ထုံက ဒဲ့တိုးပဲ ...
“သူ့အင်္ကျီက မင်းနဲ့တော်တော်ကြီးတာပဲ”
စုလုရီက သူ့အင်္ကျီကို မ ကာ...
“ကျွန်တော်ဝတ်လိုက်တော့ ဖက်ရှင်တောင်ပိုကျသွားတယ်”
“......”
စုကျစ်ထုံက သူ့ရဲ့အလှတရားခံစားတတ်မှုကို သံသယဝင်သွားကာ ခေါင်းလေးစောင်းပြီး စုချီကိုမေးလိုက်တယ် ...
“အဲ့တာမျိုးက ဖက်ရှင်ကျတာလား"
စုချီက တစ်ခွန်းမှဝင်မပြောပဲ စုလုရီရဲ့ ဗဒီးဗဒါးပြောစကားတွေကိုသာ နားထောင်နေလိုက်တယ်။ ဒီလူက အလိမ်ကောင်ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ တစ်ခုခုကတော့ပြောင်းလဲသွားတယ်။