Chapter 65

4.5K 437 4
                                    

အပိုင်း (၆၅) ခိုးနမ်းခြင်း


နေ့လည်စာ စားချိန် မတိုင်ခင်အထိ စုလုရီက လွီချင်းလင်းကို စုချီနှင့် ခွဲထိုင်ဖို့ လုပ်ရန် မလိုဟု ပြောရန် စဉ်းစားနေသည်။

လွီချင်းလင်းကမူ စုလုရီ၏ ပူပန်မှုကို မသိဘဲ စကား ဆက်ပြောနေ၏။

ခဏကြာသောအခါ မားဝူက မီးဖိုခန်းထဲမှ ထွက်လာကာ "နေ့လည်စာ စားလို့ရပါပြီ" ဟု ပြောလိုက်သည်။

စုကျစ်ထုံက မတ်တတ်ထရပ်ပြီး "ကဲ၊ နေ့လည်စာ အရင် သွားစားကြ‌တာပေါ့" ဟု ပြောကာ ထမင်းစားခန်းသို့ ဦးဆောင် လျှောက်သွားလိုက်၏။

ထမင်း စားပွဲပေါ်ရှိ ဟင်းများမှာလည်း စုံလင်လှသည်။

လူကြီးများ ထိုင်ပြီးသောအခါ စုချီက စုကျစ်ထုံ၏ ဘေးတွင် ဝင်ထိုင်လိုက်၏။

ထို့နောက် စုလုရီ ဘက်သို့ လှည့်ကြည့်ကာ "စု..." ဟုပြောပြီး စုလုရီကို ခေါ်မည်အပြုတွင် လွီချင်းလင်းက "အစ်ကို လုရီနဲ့ အတူတူ ထိုင်မယ်နော်" ဟု ထပြောလိုက်သည်။

စုကျစ်ထုံက ထိုအရာကို မြင်ပြီး အံ့ဩသွားကာ "ချင်းလင်းက ရှောင်ရီလေးနဲ့ ဘယ်တုန်းက အဲ့လောက်တောင် ရင်းနှီးသွားတာလဲ" ဟု တွေးလိုက်ပြီး ဝမ်းသာသွားကာ "ဟုတ်ပြီ၊ ဟုတ်ပြီ၊ ကလေးတွေ ထိုင်ချင်သလို ထိုင်ကြ" ဟု ပြောလိုက်သည်။
စုချီက လွီချင်းလင်းနှင့် စုလုရီတို့ကို လှမ်းကြည့်နေသဖြင့် စုလုရီက ချွေးပြန်လာ၏။

စုကျစ်ထုံက စုချီ ထသွားသဖြင့် "ထိုင်ပြီးသားကို ဘာလို့ နေရာပြောင်းသွားတာလဲ" ဟု မေးပြီး ဘေးကို ကြည့်လိုက်သောအခါ စုလုရီကို တွေ့လိုက်သောကြောင့် "ဪ၊ သူဌေးက ရှောင်ရီနဲ့ အတူတူ ထိုင်ချင်လို့ကိုး။ ကောင်းသားပဲ၊ မောင်နှမ သုံးယောက် အတူတူ ထိုင်ကြပေါ့။ သမီး ချင်းလင်းလည်း ထိုင်လေ" ဟု ပြောလိုက်၏။
ထိုအခါ လွီချင်းလင်းက စုလုရီ၏ ဘေးတွင် ဝင်ထိုင်ကာ စုလုရီထံ "မကောင်းတော့ဘူး" ဟု တီးတိုးပြောရန် အနားသို့ ကပ်သွားသည်။
ဤသည်ကို စုချီက မြင်လိုက်ပြီး "မင်းတို့က ဘာတွေ ကြိတ်လုပ်နေကြတာလဲ" ဟု ထပြောလိုက်၏။
လွီဟေးချန်ကလည်း လွီချင်းလင်းကို ကြည့်ကာ "သမီး၊ နောက်မှ စကားပြောလေ။ တော်ကြာ အစ်ကို လုရီ အနားမှာ ထမင်းတွေ စင်ကုန်ဦးမယ်" ဟု လှမ်းပြောလိုက်သည်။
နောက်ဆုံးတွင် ရဲရင့်သော လွီချင်းလင်းကလည်း စုချီကို အနိုင်မရခဲ့ပေ။

စုလုရီက စုချီနှင့် လွီချင်းလင်းတို့၏ အလယ်တွင် ထိုင်နေကာ စုယွီက ကစားပွဲကို အနီးကပ် ကြည့်ရှုရန် လွီချင်းလင်း၏ ဘေးတွင် ထိုင်လိုက်သည်။


စုကျစ်ထုံနှင့် လူကြီးများက ထမင်းစားရင်း စကားပြောနေကြစဉ်တွင် စုလုရီက အမှား မလုပ်မိစေရန် စကားမပြောဘဲ ထမင်းကိုသာ ငုံ့စားနေလိုက်၏။

ထိုစဉ် စုလုရီ၏ ပန်းကန်ထဲသို့ အာလူး တစ်ဖက် ရောက်လာသဖြင့် မော့ကြည့်လိုက်ရာ စုချီမှ ထည့်ပေးကြောင်းကို သိလိုက်သည်။

"ရော့"

လွီချင်းလင်းကလည်း အားကျမခံ ဝက်သားကင်တစ်ဖက်ကို စုလုရီ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်၏။

စုလုရီက အနည်းငယ် ကြောင်သွားပြီး "အစ်ကိုကြီး၊ ကျေးဇူးပဲနော်။ ညီမ ချင်းလင်းလည်း ကျေးဇူးပဲ" ဟု ပြောလိုက်သည်။

စုချီက နောက်ထပ် ဟင်းသီးဟင်းရွက်များကို ထပ်ထည့်ပေးလိုက်ရာ လွီချင်းလင်းကလည်း အသားများကို ထပ်ထည့်ပေးလိုက်၏။
စိတ်ထဲမှလည်း "စုမိသားစုရဲ့ အကြီးဆုံးသားက သူ့ညီလေးကို မကျွေးချင်တဲ့ ပုံစံလည်း မပေါ်ပါဘူး။ ဒါပေမယ့် တခြားလူတွေကိုကျတော့ ဘာမှ မပြောဘဲ အစ်ကို လုရီကိုကျ အသီးအရွက်တွေပဲ ကျွေးနေရတာလဲ။ ယောက်ျားလေးတွေက ကြီးထွားဖို့အတွက် အသား စားပေးရမယ့်ဟာကို" ဟု တွေးပြီး အသားဖက်များကို စုလုရီ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

"သူဌေးရေ၊ ညီလေးတွေနဲ့ ညီမလေးကို ဂရုစိုက်လိုက်နော်။ အဖေတို့ ကဒ် ကစားလိုက်ဦးမယ်"
"ဟုတ်ကဲ့"
ညီအစ်ကို လေးယောက်နှင့် လွီချင်းလင်းတို့က ဧည့်ခန်းတွင် ထိုင်နေကြရင်း စုယွီက လက်ထောင်ကာ "အိမ်မှာ ပျော်စရာ မကောင်းဘူး။ အပြင် သွားကြရအောင်" ဟု အကြံပေးလိုက်သည်။
ထိုကစားခန်းသို့ ဒရိုက်ဘာ လင်းက ကားမောင်းပြီး လိုက်ပို့လိုက်သည်။

ဧည့်ကြို ကောင်တာတွင် လူ ငါးယောက်စာ စာရင်းသွင်းလိုက်ပြီးနောက် အခန်းပုံစံများ အကြောင်းကို ဝန်ထမ်းက ရှင်းပြလိုက်သည်။

"ရဲတိုက်ရှိမယ်၊ ရွက်ဖျင်တဲ ထိုးရတာရှိမယ်၊ ဆေးရုံရှိမယ်၊ ရှေးဟောင်းနယ်မြေရှိမယ်၊ ပြီးတော့ ဂျပန်ပုံစံ ရှိပါမယ်"

လွီချင်းလင်းက စုညီအစ်ကိုများကို ကြည့်ကာ ... "ဘယ်အခန်းကို သွားချင်ကြလဲ။ ညီမကတော့ ဘယ်အခန်းမဆို ရတယ်။ အစ်ကိုတို့ ရွေးကြနော်" ဟု ပြောလိုက်သည်။

"ဟုတ်တယ်ဟ၊ သူ့ အနားက ကောင်လေးတွေကလည်း ချောလိုက်ကြတာ။ ကောင်မလေးကလည်း တော်တော်မိုက်တယ်။ အချောအလှတွေချည်းပဲ စုလာကြတာ ဖြစ်မယ်"

"ဒီဘက် လှည့်ကြည့်ရင် ကောင်းမယ်။ မျက်နှာကို မြင်ချင်လွန်းလို့ သေတော့မယ်"
"အစ်ကိုကြီးတို့ရော၊ ဘာရွေးကြမှာလဲ"
ထိုအချိန်တွင် စုလုရီက စုချီတို့ကို မေးရန်အတွက် ခေါင်းလှည့်လာရာ စုချီက စုလုရီရှေ့တွင် ပိတ်ရပ်လိုက်ပြီး တီးတိုး ပြောနေသော စားပွဲကို လှည့်ကြည့်လိုက်သည်။

စားပွဲမှ လူများလည်း သဘောပေါက်သွားကာ "သေစမ်း၊ ငါသိပြီ။ နားလည်သွားပြီ" ဟု ပြောလိုက်ပြီး ဆက်မပြောတော့ပေ။

"အင်း၊ ဒါဆို အစ်ကို (၂) နဲ့ အစ်ကို (၃) ကရော"

တစ်ဖက်တွင်ထိုင်နေသော စုယွီက မော့ကြည့်လာကာ မည့်သည့် အခန်းကို ရွေးရမည်ကို မသိတော့သဖြင့် "ရှေးဟောင်း အခန်းကိုပဲ ရွေးတော့မယ်" ဟုပြောလိုက်၏။
စုကျန်းချန်ကမူ မျက်မှောင်ကြုံ့ကာ အကြာကြီး စဉ်းစားပြီးမှ "ငါရောပဲ" ဟု ထပြောလိုက်သည်။

နားနေခန်းတွင် အကြာကြီး စောင့်ကြပြီးနောက် ရှေ့မှ ဝင်သွားသော ရှေးဟောင်းအခန်း အဖွဲ့က ပြန်ထွက်လာသဖြင့် ဝန်ထမ်းက စုလုရီတို့ကို အဝတ်အစား လဲခန်းသို့ အရင်ဝင်ခိုင်းလိုက်သည်။

လွီချင်းလင်းက မိန်းကလေး အဝတ် လဲခန်းသို့ ဝင်သွားကာ လက်ပြပြီး "ပြီးရင် တွေ့မယ်နော်" ဟုနှုတ်ဆက်သွားသည်။

"နောက်မှ တွေ့မယ်" ဟု စုလုရီက ပြန်နှုတ်ဆက်နေ
သဖြင့် စုချီက ရောက်လာကာ ခေါ်သွားတော့၏။

အဝတ် လဲခန်းထဲတွင် ညာဘက်တွင် လော့ကာများ စီရီထားပြီး ဘယ်ဘက်တွင် ရှေးဟောင်း အဝတ်အစားများကို ချိတ်ဆွဲထားသည်။

စုကျန်းချန်က ဤကဲ့သို့သော နေရာမျိုးတွင် အတွေ့အကြုံ မရှိသဖြင့် အနက်ရောင် ဝတ်စုံရှည်တစ်ခုကို အမြန်ရွေးကာ လော့ကာဘက်သို့ လှည့်ပြီး အဝတ် လဲရန် ပြင်လိုက်၏။

စုယွီကလည်း အနီရောင် အပွင့်များပါသည့် ဝတ်စုံရှည်ကို ရွေးယူလိုက်သဖြင့် စုလုရီက စုယွီ၏ ဆံပင်အရောင် အဝါရောင်ဖျော့နှင့် တွဲကာ ကြည့်လိုက်ပြီး "ဗိုက်တောင် ဆာလာပြီ၊ အစ်ကိုကြီး" ဟု ကပ်ပြောလိုက်သည်။
"ဟုတ်သားပဲ" ဟု စုချီက စုလုရီ၏ ခေါင်းကို ပုတ်ပြီး ပြောလိုက်သည်။

နှစ်ယောက်သား အဝတ်အစား အတူတူ ရွေးလိုက်ကြပြီး စုချီက ရွှေရောင် အစင်းကြောင်းများ ပါသော အမဲရောင် ဝတ်စုံကို ရွေးဝတ်လိုက်၏။

စုလုရီက ရွှေရောင် ဝါးပင်များ ပါသည့် အဖြူရောင် ဝတ်စုံရှည်ကို ရွေးဝတ်လိုက်သဖြင့် နှစ်ယောက်သား၏ ဝတ်စုံများမှာ စုံတွဲ ဝတ်စုံနှင့်ပင် တူသွားကြသည်။

စုလုရီက တစ်ဖက်သို့ လှည့်ပြီး အဝတ်အစား လဲရန် အင်္ကျီကို ချွတ်လိုက်သောအခါ စုချီက ရုတ်တရက်ရောက်လာပြီး အနောက်မှ ညီအစ်ကိုနှစ်ယောက် မမြင်စေရန် ကွယ်ထားလိုက်သည်။
"မင်း အရင် လဲလိုက်။ ငါ ကွယ်ထားပေးမယ်"

စုချီ၏ စကားကြောင့် စုလုရီက ရှက်သွားကာ ဆွံ့အသွားသည်။

စုချီကို အနိုင်မပြောနိုင်တော့မှန်း သိသဖြင့် စုလုရီက လက်လျှော့ကာ နာခံလိုက်သည်။


...…….................................
......................................... 

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Where stories live. Discover now