Chapter 78

3K 323 0
                                    

စုလုရီ
အပိုင်း (၇၈) ကောလဟာလ

စာဖတ်ခန်း၏ ဘေးတွင် စုကျစ်ထုံတို့၏ အိပ်ခန်းရှိသဖြင့် စုချီ စာအုပ် ပြန်ထားနေသည့်အချိန်၌ "သူဌေး" ဟု ခေါ်သံ ကြားလိုက်ရသည်။

စုချီက လှည့်ကြည့်လိုက်သောအခါ ယုရှင်းရန်က အခန်းဝတွင် ရပ်နေပြီး စုချီ၏ လက်ထဲမှ အိမ်ထောင်စု စာရင်း စာအုပ်ကို ကြည့်ကာ "ဘာတွေ လုပ်နေတာလဲ" ဟု မေးလိုက်၏။

"သေချာအောင် ပြန်ကြည့်တာ အမေ"

"သားက အဲ့ထဲမှာ ပါ၊ မပါ သေချာအောင် ပြန်ကြည့်တာလား"

"မဟုတ်ဘူး အမေ။ ကျွန်တော့်အတွက် မဟုတ်ဘူး"

"ဟမ်"

ယုရှင်းရန် ထပ်မမေးခင်၌ စုချီက စာအုပ်ကို ပြန်ထားကာ ထွက်သွားတော့သည်။

ထို့ကြောင့် ယုရှင်းရန်က သူမ၏ အခန်းထဲသို့ ပြန်ဝင်သွားကာ တစ်ခုခုကို စဉ်းစားနေလိုက်၏။

အခန်းထဲတွင် ခြေထောက်ချိတ် ထိုင်ရင်း သတင်းစာ ဖတ်နေသော စုကျစ်ထုံက ယုရှင်းရန်ကို တွေ့လိုက်သောအခါ "ဘာတွေ စဉ်းစားနေတာလဲ မိန်းမ" ဟု မေးလိုက်သည်။

"သူဌေးကို ခုနက စာဖတ်ခန်းထဲမှာ တွေ့လိုက်လို့"

"ဪ၊ စာဖတ်ခန်းမှာက ကုမ္ပဏီက စာရွက်စာတမ်းတွေ ထားထားတာဆိုတော့ သူဌေးက ဖတ်စရာ ရှိလို့နေမှာပေါ့"

"မဟုတ်ဘူး။ သူဌေး ဖတ်နေတာ အိမ်ထောင်စုစာရင်း စာအုပ်။ ပြီးတော့လည်း သေချာအောင် ကြည့်ချင်တာရှိလို့ဆိုပြီး ပြောတယ်"

"ဘာ၊ အိမ်ထောင်စု စာရင်း စာအုပ်၊ ဟုတ်လား" ဟု စုကျစ်ထုံက ပြောကာ စာဖတ်ခန်းသို့ ထထွက်သွား
တော့သည်။

"ရှင်ကရော ဘာလုပ်မလို့လဲ"

"ကိုယ်လည်း သေချာအောင် လုပ်မလို့"

"ရှင်က ဘာကို သေချာအောင် လုပ်မလို့လဲ"

စုကျစ်ထုံက ယုရှင်းရန်၏ စကားကို မကြားချင်ယောင်ဆောင်ကာ အိမ်ထောင်စု စာရင်း စာအုပ် နှစ်အုပ်ကို ထုတ်ယူလိုက်သည်။

ထို့နောက် "ရပြီ။ အကုန် အဆင်ပြေတယ်" ဟု ယုရှင်းရန်ကို လှမ်းပြောလိုက်သည်။

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Where stories live. Discover now