Chapter 4 - ပွဲ
စုလုရီတစ်ယောက် ဘာလို့ မူလပိုင်ရှင်က အဲ့လောက် အထီးကျန်ရတာလဲ နောက်ဆုံးတော့ နားလည်သွားပါပြီ။ ဘာ အလှတရားကို အသုံးချတာလဲ။ မူလပိုင်ရှင်က တကယ်ကို လှပပေမယ့် အရူးတစ်ယောက်ပဲ။ သူက ထိုင်ခုံပေါ်မှာ တစ်ယောက်တည်းထိုင်နေရင်း စုချီရဲ့ အေးစက်မှုတွေကိုတောင် လွမ်းလာသလိုပင်။ စုလုရီတစ်ယောက် သူ့ ဘေးက အကြည့်တွေနဲ့ တီးတိုးပြောသံကို လျစ်လျူရှုထားရင်း အချိန်ကုန် မြန်စေဖို့ ဖုန်းထုတ်ကာ ရှောင်ရှောင်ဂိမ်းကို ကစားနေလိုက်သည်။
{ရှောင်ရှောင်ဂိမ်း - ဘလော့တုံးလေးကို တူရာတူရာစုပြီး ဖြေရတဲ့ဂိမ်းပါ။ Candy Crush လိုမျိုး}
ပွဲထဲမှာရှိတဲ့ လူတွေက ဖြစ်လာမယ့် အရာတွေကို ပျော်ရွှင်စွာ စောင့်စားနေကြပေမယ့် ရှောင်ရှောင်ရွာမှာ နယ်မြေတစ်ခုသာ ကျန်တော့သည်။
တပ်ဖ် တပ်ဖ် တပဖ်....
စတုရန်းကွက်တွေက တစ်ခုပြီးတစ်ခု မျက်နှာပြင်ပေါ်မှာ ဖြိုခွဲခံလိုက်ရသည်။ သတ်မှတ်ထားတဲ့အရေအတွက် ပြည့်ဖို့ တစ်ခါပဲ ကျန်တော့ပေမယ့် သူ့မှာ ဘလော့တုံးသုံးတုံးတောင် ကျန်သေးသည်။
စုလုရီ မျက်မှောင်ကျုံ့ကာ ဗျူဟာ ချလိုက်၏။
*ဝေ့ကို ဝန်းရံပြီး ကျောက်ကိုကယ်....*မြစ်ကို ဖြတ်ပြီး တံတားကိုဖျက်....
{*ဝိုင်းရံထားတဲ့အခြေကို တိုက်ခိုက်ပြီး မယာမိတ်တွေကိုကယ်တင်}
{*ကိုယ်လိုတဲ့ ပန်းတိုင်ကို ရောက်ပြီးတာနဲ့ ကူညီခဲ့တဲ့သူကို ကျေးဇူးကန်း}
အရိပ်တစ်ခုက သူ့ အရှေ့ ရောက်လာတာကြောင့် သူက စုချီ ဖြစ်မယ်ထင်ပြီး ပြောလိုက်သည်။
“ခဏလေး စောင့်အုန်း”
မော့ကြည့်လိုက်တော့ သူ မသိတဲ့ ငယ်ရွယ်တဲ့ယောကျာ်းလေးတစ်ယောက် ဖြစ်နေလေ၏။
ဘယ်သူကြီးလဲ။
လူငယ်လေးက အိပ်ကပ်ထဲ လက်ထည့်ထားပြီး သူ့ဖုန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“မနိုင်တော့ဘူး...သေဖို့သာ စောင့်လိုက်တော့...”
စုလုရီက မျက်ခုံးပင့်မိသွားရသည်။ သူက ငါ့ကို ဂိမ်းကစားပုံကို ပြောပြဖို့အတွက်လေးနဲ့ သည်ကို လာတာလား။