CHAPTER 12
- စကားစမယ် -ဆင်ဝင်ပေါက်က မီးရောင်က ကြွေပြားပေါ် ဖျာကျကာ အလင်းရောင်လွှလွှလေး လာထင်နေတယ်။
အဲ့ခဏလေးမှာပဲ စုလုရီက သူ့ ခန္ဓာကိုယ်ကို ထိုးဖောက်ကြည့်ခံနေရသလို ခံစားနေရတယ်။သူ တံတွေး မျိုချလိုက်သည်။ "ဘာကို မရှင်းတာလဲဟင်၊ အစ်ကိုကြီး....ကျွန်တော့်ကို ဘာလို့ကြည့်နေတာလဲ..."
စုချီရဲ့မျက်ဝန်းတွေကတော့ နားလည်ရ ခက်လှသည်ပင် ... "ဒါဆို ငါက ဘယ်ကို ကြည့်ရမှာလဲ"
"အစ်ကိုကြီး၊ အိုးကို ကြည့်လို့ရပါတယ်" စုလုရီက သတိထားပြီး အကြံပြုလိုက်တယ်။
"အိုးထဲမှာ ငါးအသား ဆန်ပြုတ် ကျန်သေးတယ်။ ဦးနှောက်အတွက် ကောင်းတယ်""... ..."
စုချီက ပြုံးလိုက်သည်။ "မင်းထင်တာ ငါ ဒါစားပြီးခေါင်းကောင်းအောင် လုပ်ရမယ်ပေါ့"
စုလုရီက ရှက်စိတ်ကြောင့် ပါးတွေပါ နီလာပြီး ခေါင်းငုံ့ချထားမိလိုက်သည်။စုချီက သူ့ကို ခဏလောက် စိုက်ကြည့်နေလိုက်ပြီးမှ မျက်လုံး လွှဲလိုက်၏။
"မလိုပါဘူး။ လိုအပ်တဲ့သူ အတွက်သာ ချန်ထားလိုက်"
ဥပမာ မင်းပေါ့။စုလုရီက နှိမ့်ချစွာ ဝန်ခံလိုက်သည်။ "ဟုတ်၊ အစ်ကိုကြီးလည်း ကိုယ့်ကိုယ်ကို လျှောက်မတွေးပါနဲ့"
"ငါက မင်းကို အပြစ်မတင်ပါဘူး၊ မင်း ရင့်ကျက်ဖို့ပဲ လိုတာပါ"
စုကျစ်ထုံ လျှောက်လာတော့ ညီအစ်ကို နှစ်ယောက်ရဲ့မြင်ကွင်းကို မြင်သွားတယ်။ ဒါပေမယ့် ဘာမှ ဖုံးကွယ်ထားသလို မခံစားရတာကြောင့် စိတ်သက်သာရာရသွားခဲ့တယ်။ ရီလေးက လူလိမ္မာလေး ဖြစ်နေတုန်းပါပဲ၊ သူ့အစ်ကိုတွေနဲ့ အဆင်ပြေချင်တယ်။ ပြီးတော့ ချက်ချင်းကို သူတို့အတွက် စဥ်းစားပေးတော့တာပဲ။
"ရှက်မနေပဲ ညကြ ဝူမကို ထပ်လုပ်ခိုင်းပြီး အတူတူသောက်ကြပေါ့"
"ဘာကို သောက်တာလဲ" စုကျန်းချန်က ဧည့်ခန်းထဲက ထွက်လာလိုက်သည်။
သည်အချိန်က အိမ်တော်ထဲက အမျိုးသားသုံးယောက် အလုပ်သွားရမယ့် အချိန်လေ။