Chapter 22

6.4K 714 4
                                    

CHAPTER 22
- အလုပ်ခရီးသွားခြင်း -

စုမိသားစုက အားလပ်ရက် နောက်ဆုံးရက်မှာပြန်သွားခဲ့ကြ၏။ စုယွီကတော့ ကျောင်းသွားရမှာမို့ သူတို့နဲ့အတူ ပြန်မသွားခဲ့ဘူး။

သူက မသွားခင် တစ်စုံတစ်ယောက်ရဲ့စိတ်ကို ဆွသွားသေးသည်။ သူ စုလုရီကို စုချီရဲ့အရှေ့မှာ
အားရပါးရကို ဖက်ခဲ့ပြီး သူ့ရဲ့နားထဲ လေပူတွေ ခံစားလို့ရအောင်အထိ တိုးကပ်ကာ ပြောခဲ့သေး၏။
"အချိန်ရရင် တတိယ အစ်ကိုကြီး ရှိတဲ့မြို့ကို လာကစားနော်" လို့။

ပြီးတာနဲ့ သူ့ကို ရိုက်ချင်နေတဲ့ စုချီရဲ့အကြည့်တွေအောက်ကနေ လစ်ထွက်လာခဲ့လိုက်သည်။

စုလုရီ အိမ်ပြန်ရောက်ပြီ။ သူ အိတ်တွေ ဖြည်နေရင်း သတိရမိလိုက်၏။ အဲ့မြို့က သူတို့သွားမယ့်
ခရီးစဉ်ထဲလည်း ပါနိုင်တာပဲ။

စွင်းဟဲ့ယွီ စီစဉ်တဲ့ခရီးက သူ့အစ်ကိုတွေကို တစ်ယောက်ပြီးတစ်ယောက် တွေ့စေနိုင်တာပဲ။

ဝူမားကလည်း ပွဲတော်ကနေ ပြန်လာပြီး သူတို့မိသားစု အားရှိစေရန် မီးဖိုချောင်ထဲမှာ အိုးအကြီးကြီးနဲ့ စွတ်ပြုတ်လုပ်နေ၏။ အထူးသဖြင့် အငယ်ဆုံး သခင်လေးပေါ့။ မတွေ့ရတာ တစ်ပတ်ပဲ ရှိဦးမယ်။ ဝိတ်တွေ ကျသွားလိုက်တာ။

စုလုရီက ဝူမားကို ကျေးဇူးတင်လိုက်ပြီး ခြံထဲကပန်းအိုးကို သွားကြည့်လိုက်သည်။

အကိုင်းအခက်တွေက သန်မာစွာ သွယ်လျှက်နေသည်၊ အစူးတွေကလည်း စမ်းစိုနေသည်၊ ဒါတောင် ရက်အနည်းငယ်လောက် ပစ်ထားတာနော်။အရွက်တွေကတော့ များသောအားဖြင့် မိုးကြောင့်အစိုဓာတ် ထိန်းထားပေမယ့် အိုးကတော့ ရွံ့တွေနဲ့ပေပွနေတာကြောင့် စုလုရီ သူ့လက်နဲ့ သုတ်ပစ်လိုက်၏။

စုကျန်းချန်က ကော်ရစ်တာကနေ လျှောက်လာပြီး သူ့လက်တွေ ရွံ့တွေနဲ့ ပေပွနေတာကို မြင်သွားခဲ့သည်။
သူက သူ့ ဘောင်းဘီ အိပ်ကပ်ထဲက လက်ကိုင်ပဝါကို ထုတ်လိုက်ပြီး စုလုရီ လက်ထဲကို ထိုးထည့်လိုက်၏။
"ဒီလောက် ပေပွနေတာကို ဘာမှမဖြစ်ဘူးလား"

သူ တကယ်ကို စုလုရီ ပြောင်းလဲသွားတာကို ခံစားမိသည်။ အရင်တုန်းက သူ့မှာရှိသော တမင်တကာ လုပ်ယူထားတဲ့ အရှိန်အဝါတွေ ပျောက်ကွယ်သွားသလိုပဲ။ သူက အခုဆို ထိန်းမနိုင်၊ သိမ်းမရနဲ့။ ဒါပေမယ့်လည်း အရင်ကထက် အများကြီး ပိုချစ်ဖို့ကောင်းလာခဲ့တာပဲ။

"ဒုတိယ အစ်ကိုကြီး၊ လျှော်ပြီးရင် ပြန်ပေးမယ်နော်" လို့ စုလုရီက ပြောလိုက်ပြီး လက်ကိုင်ပဝါကို
သူ့အိတ်‌ထောင်ထဲ ထည့်လိုက်သည်။

"လျှော်စရာခြင်းထောင်းထဲသာ ထည့်ထားလိုက်။ အစေခံတွေ လာယူလိမ့်မယ်"

သူတို့မိသားစုက မနက်ခင်းနဲ့ ညနေခင်းတိုင်း သန့်ရှင်းရေးအတွက် အလုပ်သမားတွေ ငှားထားသည်။

စုလုရီက စုချီရဲ့အင်္ကျီကို သတိရလိုက်၏။ အခုထိအိတ်ထဲက မထုတ်ရသေးသလို လျှော်လည်း မလျှော်ရသေးဘူး။
"အစ်ကိုကြီး အင်္ကျီကရောဟင်။ လျှော်စရာထဲထည့်လိုက်ရမလား၊ ထွက်လျှော်ရမှာလား"

စုကျန်းချန်ရဲ့မျက်နှာက အနည်းငယ် ပျော့ပျောင်းသွားသည်။ သူစိတ်ထဲ တစ်ခုခု လွဲမှားနေသလို ခံစားရနေပေမယ့် တစ်ဖက်လူက စုချီ ဖြစ်နေတဲ့အတွက် အတွေးလွန်နေတဲ့ သူ့ကိုယ်သူ ပြန်ဆုံးမနေရ၏။ သူ့ အစ်ကိုကြီးကို အရင်လိုပဲ အမြဲတမ်းယုံကြည်သင့်သည်လေ။ တစ်မိသားစုလုံးက သတိမမူမိတဲ့အတွက် အပြစ်ရှိသလို ခံစားနေရမယ်ဆိုရင်တောင် သူ့ အစ်ကိုကြီးကတော့ မဟုတ်ဘူး မလား။

"လျှော်စရာထဲသာ ထည့်လိုက်။ အလုပ်သမားတွေ ကြည့်လျှော်လိမ့်မယ်"

စုလုရီလည်း မတတ်နိုင်ပေမယ့် ဈေးကြီးတဲ့ အဝတ်တွေက သေချာ ဂရုစိုက်ရမယ်ဆိုတာကိုပဲ တွေးနေမိသည်။
အဲ့တာကြောင့် သူ စုကျန်းချန်ကို မေးလိုက်၏။ "ဒုတိယ အစ်ကိုကြီး၊ ယွမ်း သုံးဆယ်နဲ့ ယွမ် သုံးထောင်တန် အင်္ကျီနှစ်ခုရဲ့ ကွာခြားမှုကို သိလား"

စုကျန်းချန်က ကြောင်တောင်တောင်နဲ့ပဲ "သုံည ကွာတာလား"

စုလုရီ "... ..." ထားလိုက်ပါတော့လေ။

စွင်းဟဲ့ယွီ စီစဉ်တဲ့ခရီးစဉ်က မြို့သုံးမြို့ပါဝင်သည်။ တရုတ်ပြည်၊ အရှေ့တောင်ကမ်းရိုးတန်းကမြို့တွေ အကုန်ပါ၏။
ဘန်းယမ်းတို့၊ ဟွမ်ဒူတို့နဲ့ အဓိကမြို့တော်တို့ပေါ့။

စုလုရီရဲ့ရည်ရွယ်ချက်ကတော့ ဈေးကွက် ကွင်းဆင်း လေ့လာတာ ဆိုပေမယ့် စွင်းဟဲ့ယွီနဲ့ ကျိုးချင်းချန်တို့က အပျော်အတွက်လာတာ ဆိုတော့ သူတို့ခရီးစဉ်က အပျော်တစ်ဝက် အလုပ်တစ်ဝက်ဖြစ်သွားခဲ့ရသည်။
သူတို့ တစ်နေရာမှာ လေး၊ ငါးရက်လောက် နေဖြစ်မှာဖြစ်၏။

ရာသီဥတုက အားလပ်ရက် ရာသီပြီးတာနဲ့ ပိုအေးလာခဲ့သည်။ စုလုရီ သူ့အိတ်ထဲမှာ အနွေးထည်တွေထည့်ရတာ ပေါက်ထွက်တော့မလိုပဲ။ ယုရှင်းရန်ကကူညီဖို့ ရောက်လာခဲ့၏။ "ဒီအတိုင်း ကိုယ်ဝတ်မယ့်ဟာပဲ ယူသွားလေ။ ဟိုမှာ ထပ်ဝယ်လို့ရနေတာပဲ၊ ပေါ့ပေါ့ပါးပါးပဲ ထည့်"

အချိန်တွေ ကုန်လာတာနဲ့အမျှ စုမိသားစုကကြီးကျယ်ရုံတင်မကဘူး။ နေထိုင်မှု အဆင့်အတန်းကလည်း သာမန်လူတွေနဲ့ တကယ်ကွာတာပဲဆိုတာကို သိလိုက်ရသည်။

ဥပမာ ပြောရရင် စုလုရီက ရှိသမျှ အကုန်ထုတ်တဲ့လူဖြစ်ပြီး စုမိသားစုက လူတွေကတော့ လိုအပ်တာလောက်ပဲသယ်ကာ ကျန်တာအကုန် ဝယ်သုံးကြတဲ့လူတွေ ဖြစ်၏။

စုလုရီလည်း သူမ အကြံပြုချက်ကို လိုက်နာကာ အနွေးထည် အထူတွေ၊ ဆောင်းတွင်းဝတ်ဘောင်းဘီတွေ၊ ဦးထုပ်တွေနဲ့ အားသွင်းလို့ရတဲ့ဘတ်ထရီတွေကို လွှင့်ပစ်ခဲ့လိုက်၏။

ခွေးရုပ်လေးလည်း ထုတ်ပစ်ခဲ့သည်။

"..." ယုရှင်းရန်က တစ်ချက်လှမ်း ကြည့်၏။ "ငွေသားရော ထည့်သွားရဲ့လား"

စုလုရီ အိတ်ထဲက ငွေပုံကြီးကို လှပ်ပြလိုက်သည်။အဲ့တာ သူတို့ ပိုကာကစားတုန်းက စုချီ နိုင်တဲ့ ငွေတွေလေ။
"အစ်ကိုကြီး ပေးတာ"

ယုရှင်းရန်တစ်ယောက် သူမ အကြီးဆုံးသားက အရမ်းညံ့တာပဲလို့ တွေးလိုက်သည်။ သူမက စ,၏။ "ယွမ်လေး သုံး၊ လေးရာနဲ့ ဘာလုပ်မှာလဲ။ သားလိုချင်ရင် သူ့ကဒ်နဲ့ ပေးလို့ရနေတာပဲကို"

စုလုရီ ရယ်လိုက်သည်။ "ဘယ်လိုလုပ်ရမှာလဲ။ အစ်ကိုကြီးကဒ်က သူ့အနာဂတ် မိန်းမအတွက်ပဲပေါ့"
.......................................

နောက်တစ်နေ့ မနက်မှာတော့ စုကျစ်ထုံက သူ့ ဒရိုင်ဘာကို စုလုရီအား လေဆိပ် လိုက်ပို့ရန် စေခိုင်းလိုက်သည်။

စုချီကလည်း ကုမ္ပဏီသွားရမှာ ဖြစ်သည့်အတွက် သူတို့ အတူသွားဖြစ်ခဲ့ကြ၏။

မနက်ခင်းဖြစ်သည့်အတွက် အပူချိန်ကျနေတာကြောင့် စုလုရီက လည်စည်းပဝါ ပါးပါးကို ပတ်ထားပြီး သူ့မျက်နှာကို မြှုပ်ထားလိုက်သည်။ အဖျား အရှင်းမပျောက်သေးတာကြောင့် သူ့မျက်လုံးတွေက နည်းနည်းစင်းနေ၏။

စုချီက သူ့အိတ်ကို ယူလိုက်ပြီး ခြေလှမ်းကျဲကြီးတွေနဲ့ ခြံရှေ့တံခါးပေါက်ကို ယူသွားသည်။ စုလုရီလည်း ဆံပင်မွှေး ထိုးထိုးထောင်ထောင်တစ်စု လှုပ်ရမ်းအောင်အထိ ကျေးဇူးတင်လိုက်ပြီး နောက်ကနေ ကြက်ပေါက်လေးလို လိုက်လာခဲ့သည်။

စုချီရဲ့လက်မောင်းအားက ကောင်း၏။ အိတ်ကို သယ်တော့ လက်ကောက်ဝတ်က သွေးကြောတွေက ဖောင်းထနေသည်လေ။ သူ မျက်မှောင်ကြုတ်လိုက်ပြီး "ဂိမ်းရှိုးမှာသွားပြီး သံလုံးမ,မလို့လား"

စုလုရီက သူ့မျက်နှာကို ပဝါထဲ ထပ်နှစ်လိုက်ပြီး ... "ကျွန်တော် အများကြီး ထုတ်ပြီးပါပြီနော်"

"ဘာတွေလဲ"

"အဖျားတိုင်းတဲ့ဟာတွေ"

စုချီက ရှားရှားပါးပါး သက်ပြင်းရှိုက်လိုက်သည်။ "နောက်တစ်ခါကျ ထမင်းပေါင်းအိုးလေး ဘာလေးပါ သယ်သွားလေ"

"... ..."

ဒရိုင်ဘာက ကားယူလာကာ သူတို့နှစ်ယောက်အရှေ့မှာ ရပ်လိုက်သည်။ စုချီက သူ့ကို အိတ်တွေထည့်ဖို့ ကူညီနေတုန်း
ရုတ်တရက် စုလုရီက သူ့အင်္ကျီလက် အစကို ဆွဲလာပြီး "အစ်ကိုကြီး၊ အတူတူ သွားမယ်လေ။ ကုမ္ပဏီမှာ ချခဲ့ပေးမယ်"

စုချီက သူ့လက်တစ်ဖက်ကို ကားနောက်ဖုံးအပေါ် တင်လိုက်ပြီး သူ့မျက်နှာကို စက္ကန့်အနည်းငယ်လောက်ငုံ့ကြည့်ကာ တံခါးကိုပိတ်လိုက်၍ ... "သွားစို့"

သည်လို မြှူစွယ်နေတဲ့ ညီငယ်မျိုးက တကယ်ကိုသည်းမခံနိုင်စရာပဲ။

သူတို့နှစ်ယောက် နောက်ခုံမှာ နေရာယူပြီးတာနဲ့ ဒရိုင်ဘာက ကားစက်နှိုးလိုက်သည်။ တိတ်ဆိတ်နေတဲ့ကားထဲမှာ စုလုရီက စုချီဘေး ခိုးပူးကပ်တိုးဝှေ့နေလိုက်၏။ "အစ်ကိုကြီးက အလုပ်ခရီး ဘယ်တော့သွားမှာလဲ"

စုချီက သူ့မျက်လုံးကိုတောင် ထိုးမိတော့မယ့် ဆံပင်မွှေးထောင်ထောင်ကို ကြည့်လိုက်ပြီး "မနက်ဖြန်လေယာဉ်နဲ့"

"အိုး...." စုလုရီက စုချီရဲ့ခရီးစဉ်ကို တွက်ချက်ကြည့်လိုက်တော့ သူတို့နှစ်ယောက် တွေ့နိုင်ချေကနည်းသည်။
"အစ်ကိုကြီးကို ခွဲနေရတဲ့အချိန် လွမ်းနေတော့မှာပဲ"

ကြည့်ရတာ သူပဲ လိမ္မာနေလို့လား မသိ၊ စုချီ သူ့စကားတွေကြောင့် နည်းနည်းစိတ်ပျော့လာသည်။
"ဘယ်လို လွမ်းမှာလဲ"

စုလုရီက အသည်းပုံလေး ထုတ်ပြကာ "ဒါနဲ့လေ"

စုချီ "...နေပါစေတော့"

ကားက ကုမ္ပဏီရဲ့ရုံးချုပ် အရှေ့မှာ ရပ်လိုက်ပြီး စုချီက ဆင်းလိုက်သည်။ ကားတံခါးက တစ်ဝက်ပွင့်နေပြီး သူ့လက်မောင်းတွေကတော့ အကျယ်ကြီးပွင့်နေ၏။ စုလုရီလည်း ရင်ခုန်သွားပြီး သူ့ကိုယ်သူ ပစ်သွင်းလိုက်... ...

စုချီ ကြောင်သွားသည်။ ကားအပြင်က အစောင့်ဦးလေးကြီးလည်း ကြောင်သွားသည် "... ..."

စုလုရီက ဖက်ထားတာကို ချက်ချင်း လွှတ်လိုက်၏။ သူ လက်တွေကို လှုပ်ရမ်းကာ စုချီကို တာ့တာပြလိုက်သည်။
"ဒီလိုလွမ်းတာကရော စိတ်ရင်းတွေ အများကြီးပါမှာလား"

"..."

ဘန်း၊ ကားတံခါး ပိတ်သွားခဲ့သည်။ ဒရိုင်ဘာလည်းပြန်ကွေ့သွားခဲ့ပြီး ကားဘီးရာတွေသာ ကျန်နေခဲ့၏။

တောင်ဘက်မြို့ လေဆိပ်ကနေ ဘန်းယမ်းမြို့ထိကိုတစ်နာရီလောက်စီးရသည်။

မသွားခင် စုလုရီက သူ့မိသားစု GROUP CHAT ထဲကို သတင်းလှမ်းပို့လိုက်သည်။ စုကျစ်ထုံကချက်ချင်းပင် သူ့ကို တည်တည်ငြိမ်ငြိမ်နဲ့ တိုက်တွန်း၏။ "ဂရုစိုက်နော်၊ လေယာဉ်မယ်တွေစကား နားထောင်"

ကျန်တဲ့ မိသားစုဝင်တွေကလည်း နည်းနည်းနဲ့များများ အမျိုးမျိုး ဂရုစိုက်ဖို့ မှာကြပေမယ့် စုချီတစ်ယောက်သာ တိတ်ဆိတ်နေသည်။

ဖုန်းမပိတ်ခင်မှာပဲ စုလုရီ သူ့လုပ်ရပ်သူ ပြန်သုံးသပ်မိ၏။ နှုတ်ဆက်တဲ့အနေနဲ့ ဖက်တာက အစ်ကိုကြီးကို စိတ်မကြည် ဖြစ်သွားစေတာများလား။

လေယာဉ်ပေါ်ကနေ ဆင်းပြီး သူတို့သုံးယောက်ဟိုတယ်ဆီကို ကားငှားလာခဲ့ကြသည်။ သည်ဟိုတယ်က ဘန်းယမ်းမြို့ ရင်းနှီးမြှုပ်နှံရေးက ပိုင်တာလေ အထူးသဖြင့် နိုင်ငံခြားသားတွေနဲ့ ဆွေမျိုးကြီးတွေကို လက်ခံဖို့ပေါ့။ ကျိုးချင်းချန်က
တစ်ယောက် တစ်ခန်းနဲ့ သုံးခန်း ဘိုကင်တင်ထား၏။

စုလုရီ သူ့အိတ်ကို အခန်းထဲထည့်ရင်း အခန်းကသေးကြောင်း သိလိုက်ရသည်။ အခန်းတစ်ခန်း၊ ဆိုဖာနဲ့ ရေချိုးခန်း တစ်ခန်းသာပါ၏။

ရေချိုးဇလုံနဲ့ မျက်နှာချင်းဆိုင်မှာ မှန်အကြီးကြီးတစ်ချပ်လည်းပါသည်။

စုလုရီ သိပ်တော့ နားမလည်ပါ။ လူတွေ ရေချိုးရင်း သူတို့ကိုယ်လုံးကို သူတို့ ရှုစားဖို့ တပ်ပေးထားတာများလား။

သူ အိတ်ဖြည်ပြီးတာနဲ့ မိသားစု group chatမှာအကြောင်းကြားလိုက်ပြီး စုချီဆီကိုတော့ wechat
ကနေ သီးသန့်စာပို့လိုက်သည်။

(စုလုရီ) ; "အစ်ကိုကြီးနဲ့ခွဲနေရတာ သုံးနာရီရှိပြီ။ လွမ်းတယ်" *အသဲပုံ အီမိုဂျီ*

သူ အဲ့စာပို့ပြီးတာနဲ့ စွင်းဟဲ့ယွီက သူတို့အား ဟော့ပေါ့ဆိုင်ကို ဆွဲခေါ်သွားခဲ့၏။

ဘန်းယမ်းမြို့မှာရှိတဲ့ဟော့ပေါ့က နာမည်ကြီးပဲ။ သူတို့ သုံးယောက်မှာဖို့ သီးသန့်အခန်းထဲမှာ ထိုင်ပြီးတာနဲ့ စွင်းဟဲ့ယွီက သူတို့ကို မေးလာ၏။ "အစပ်ရော စားနိုင်ရဲ့လား၊ ပြီးတော့ မတည့်တာ ဘာညာရော"

ကျိုးချင်ချန်ကတော့ တော်ရုံ စပ်တာပဲ စားနိုင်တယ်ပြောပေမယ့် စုလုရီကတော့ "ပွင့်ထွက်အောင် စပ်တာလည်း စားနိုင်တယ်"

"ပွင့်ထွက်အောင်" ဆိုတဲ့စကားက ကြည်လင်ကျယ်လောင်ပြီး ကြီးမားတဲ့ သက်ရောက်မှုရှိစေ၏။

သူတို့နှစ်ယောက် "... ..."

စွင်းဟဲ့ယွီကတော့ ရယ်လွန်းလို့ တုန်လှုပ်နေတဲ့ စားပွဲထိုးဘက်ကို လှည့်လိုက်ပြီး "အဲ့တာဆိုလည်း အဲ့ ပွင့်ထွက်မဲ့ဟာကို သူ့ကို သီးသန့်လုပ်ပေးလိုက်"

စားပွဲထိုးက ဆက်ရယ်နေပြီး "တောင်းပန်ပါတယ်။ ကျွန်တော်တို့ဆီမှာ ပွင့်ထွက်အောင် စပ်တဲ့ဟာ မရှိပါဘူး"

စွင်းဟဲ့ယွီ "ပိုပေးမယ်လေ"

စုလုရီ "..."

သူတို့ ပါးစပ်တွေကို ညှိဖို့အတွက် သူတို့ တရုတ်ဘဲအိုးကို မှာစားကြသည်။ တစ်ပွဲက အတော်သင့် စပ်ပြီး  တစ်ပွဲကတော့ ပွင့်ထွက်အောင် စပ်တာပေါ့။

ကျိုးချင်းချန်က ဓာတ်ပုံရိုက်ပြီး သူ့ သူငယ်ချင်းတွေဆီ ပို့လိုက်သည်။

(ကျိုးချင်းချန်) : "စားကြဦး"

သူ့ သူငယ်ချင်းတွေအကုန် အံ့သြသွားကြသည်။

တစ်ချို့တွေက ဆိုင်ပုံစံကို တွေ့ကာ မှတ်မိသွားကြပြီး "အဲ့တာကြောင့် လူတွေက ဘန်းယမ်းက ဟော့ပေါ့ဆိုင်တွေက ထူးခြားတယ် ပြောကြတာကိုး" လို့လည်း ပြောကြ၏။

ဟော့ပေါ့ စားနေရင်းတန်းလန်း စုလုရီရဲ့ဖုန်းကမီးခိုးတွေ ကြားထဲမှာ မြည်လာခဲ့သည်။ လှည့်ကြည့်လိုက်တော့ ခေါ်နေတာ စုချီ။

(စုချီ) : "အခုမှ အစည်းဝေးပြီးတာလေ"

(စုချီ) : "ဟော့ပေါ့ အစပ်တွေ စားပြီး ပူမှာ မကြောက်ဘူးလား"

စုလုရီ လန့်သွားသည်။ သူ ဟော့ပေါ့ စားနေတာ စုချီက ဘယ်လိုသိတာလဲ။

သူ သံသယ မကင်းစွာ ဘေးကို လိုက်ကြည့်ပြီး ဘယ်သူမှ မရှိတာ သေချာမှ မေးလိုက်သည်။

(စုလုရီ) : "ဘာလို့ လိုက်စောင့်ကြည့်နေတာလဲ"

(စုချီ) : "ဟ"

"စားနေသောက်နေတာကို ဘာလို့ ဖုန်းပြောနေတာလဲ။ ဘယ်သူလဲ။ ရည်းစားရနေတာလား" လို့
စွင်းဟဲ့ယွီက မေးလိုက်သည်။

"ငါ့ အစ်ကိုကြီးပါ" စုလုရီက မေးလိုက်၏။ "ငါ ဟော့ပေါ့ စားနေတာကို ငါ့ အစ်ကိုကြီး ဘယ်လိုသိတယ်လို့ ထင်လည်း"

ကျိုးချင်းချန်က အိုးမှာ တူကို‌ တောက်လိုက်ပြီး ... "သေစမ်း၊ သူ ငါ့ပို့စ်ကို မြင်သွားတာတော့ မဟုတ်ဘူး မလား။ စုချီက သူများပို့စ်တွေ ကြည့်တယ်ပေါ့"

စုလုရီက အဲ့တာမှ နားလည်သွားသည်။ ပြီးတော့ "ဒါနဲ့ ငါ့ အစ်ကိုကြီးက ဘာလို့ သူများ ပို့စ်တွေကို
မကြည့်ရမှာလည်း"

ကျိုးချင်းချန်က ရှင်းပြသည်။ "မကြည့်ရတာတော့မဟုတ်ပါဘူး၊ သိတယ်မလား....မင်း အိုင်ဒေါ
အီးပါတာကို မြင်လိုက်ရသလိုမျိုး"

စုလုရီ နားလည်ဖို့ ကြိုးစားခဲ့၏။ "ဘာဖြစ်လည်း၊ ချီးစားတာကို မြင်ရတာမှ မဟုတ်တာ"

စွင်းဟဲ့ယွီက သူ့တူကို သိက္ခာရှိရှိ ချလိုက်သည်။

သူတို့သုံးယောက် ဟော့ပေါ့ဆိုင်ကနေ ထွက်လာခဲ့ပြီး လေအေးအေးက ခြောက်သွေ့နေတဲ့ အပူတွေကို
ပျောက်သွားအောင် သူတို့အပေါ် တိုက်ခတ်လာသည်။

ကျိုးချင်းချန်က စုလုရီကို လှမ်းကြည့်လိုက်၏။ သူ့အကြည့်တွေက မျက်လုံးတွေကနေ နှုတ်ခမ်းတွေ
ဆီကို ရွေ့လျားသွားပြီး "တိတ်နေတယ်နော်"

စုလုရီ "..."

ကျိုးချင်းချန်က သူ့ စကားကို ချိန်ညှိလိုက်ပြီး ... "မြေခွေးလိုပဲ"

စုလုရီ၊ စွင်းဟဲ့ယွီ "... ..."

ဘာသာစကားသင်တန်း စာရင်းသွင်းရမယ့် လူဦးရေ တိုးလာပြီ။

သူတို့သုံးယောက် ဒီနေ့တော့ နားပြီး နောက်နေ့မှလုပ်ငန်းစရန် ပြင်လိုက်သည်။ စားပြီးတာနဲ့
သူတို့လမ်းတွေဆီ လျှောက်ကြည့်ကြ၏။

ဘန်းယမ်းရဲ့လမ်းတွေက စီးပွားရေးမြို့တော်နဲ့အညီ သန့်ရှင်းပြီး လေထုလည်း ကောင်းသည်။
နာမည်ကြီးတဲ့ နေရာတွေမှာ အင်တာနက်ကနာမည်ကြီးတွေက ဗီဒီယိုတွေ ရိုက်နေကြ၏။

ကျိုးချင်းချန်က အင်တာနက်ဆယ်လီတွေနဲ့ ရင်းနှီးသည်။ "အင်တာနက် ဆယ်လီတွေ အများကြီး ငါသိတယ်။ ရုပ်ပြစားတဲ့ သူတွေရော၊ ပညာရှိတဲ့ သူတွေရော၊ ဖန်တွေမှ အများကြီးပဲ၊ ကြယ်ပွင့်တွေ ကျနေတာပဲ"

စုလုရီက သူ ချင်းဘာမှာ တွေ့ခဲ့တဲ့ အဖျော်သမားကိုတွေးမိသွားသည်။ "အင်တာနက် ဆယ်လီတွေကိုသာ သိရင် 'ခွန်း' ဝိုင်ရဲ့ရောင်းအားကို စိတ်ပူစရာတောင် မလိုဘူး"

ကျိုးချင်းချန်က မေးလိုက်၏။ "မင်းအတွက် ပြောရေးဆိုခွင့်ရှိတဲ့ မိန်းကလေး လိုချင်လား"

စုလုရီက သူ ဟော့ပေါ့ဆီတွေကြောင့် ကန်းသွားပြီလို့ ထင်လိုက်သည် "အဲ့တာဆိုလည်း ငါ့အစ်ကို ကိုပဲရှာတော့မယ်"

ရင်းနှီးနေတဲ့ စကားစုကြောင့် စွင်းဟဲ့ယွီကို မြန်မြန်တုံ့ပြန်သွားစေ၏။

ကျိုးချင်းချန်က ဇဝေဇဝါဖြင့် "ဘာကို ပြောချင်တာလဲ"

စုလုရီက တကယ် နားလည်ရ ခက်သည်။ "လေ့လာကွင်းဆင်းတာပြီးမှပဲ ရေရှည်အတွက် ထပ်ပြောကြမယ်"

............................................
တစ်နေကုန် လျှောက်သွားထားတာကြောင့် သူတို့အကုန် ပင်ပန်းနေတာနဲ့ ရေချိုးပြီး အိပ်ယာဝင်ခဲ့ကြသည်။

နောက်တစ်နေ့ မနက်မှာတော့ စုလုရီ သူ့ရဲ့သဘာဝ နာရီကြောင့် နိုးထလာခဲ့ရ၏။ အပြင်ကကောင်းကင်ကြီးက အရောင်ဖျော့ပြီး ဖြူနေတုန်းပဲရှိသေးသည်။

ကျိုးချင်းချန်နဲ့ စွင်းဟဲ့ယွီက အိပ်နေတုန်းပဲ ရှိမှာမလို့ သူ မနက်ခင်း သွားပြေးလိုက်၏။
သူတို့နေတဲ့ ဟိုတယ်နဲ့ နှစ်ကီလိုမီတာလောက် ဝေးတဲ့နေရာမှာ ပြန်လည်ပြုပြင်ထားသော ရှေးဟောင်းနေရာတွေရှိ၏။ ရောနှောထားတာတွေက အတော်လေး ကြည့်လို့ကောင်းသည်။ စုလုရီက မနက်စာဆိုင်တွေ တစ်ဆိုင်ပြီးတစ်ဆိုင် ဖွင့်ပြီးမှ မြူတွေကြားထဲရပြန်လျှောက်လာခဲ့၏။

သူ၊ထွက်သွားတော့၊ရှစ်နာရီရှိပြီး သူ ပြန်ရောက်တော့ ကိုးနာရီကွက်တိ ထိုးနေပြီ။ ကျိုးချင်းချန်နဲ့ စွင်းဟဲ့ယွီလည်း တဖြည်းဖြည်း နိုးလာကာ ဂရုချက်ထဲမှာ စကားပြောနေကြသည်။

သုံးယောက်သား မနက်စာစားပြီး အောက်သို့ ဆင်းခဲ့ကြ၏။ ဓာတ်လှေကားနံပါတ်တွေက တဖြည်းဖြည်းအောက်ကိုကျနေကာ စွင်းဟဲ့ယွီကဆရာကြီးလို ဘောင်းဘီအိတ်ထဲ လက်ထည့်၍
မေးကိုမော့ထား၏။ "ဒီနေ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ရမှာ၊ စိတ်ဖိစီးမှုတွေ ပေးရမယ်"

စုလုရီလည်း သူ့ရဲ့စူပါပဲများတဲ့ စတိုင်ကို အနီးကပ်တွေ့ချင်သည်။

ကျိုးချင်းချန် "ဘယ်လို ကြီးကျယ်တာလဲ အဲ့တာ၊ တကယ့် စကာကြီးတွေက စမာန် မထဘူး။ သူတို့တွေက အေးရင်တောင် လက်ကို ခေါက်တင်ထားပြီး လူတွေနဲ့စကားပြောရင် ခေါင်းကိုနည်းနည်း
ငုံ့ထားတတ်တယ်"

တင်၊ ဓာတ်လှေကားက မြေညီထပ်မှာ ရပ်သွားခဲ့သည်။

တံခါးက ပွင့်သွားပေမယ့် ကျိုးချင်းချန်နဲ့ စွင်းဟဲ့ယွီကတော့ တွန်းတိုက်ကာ ကိုက်နေကြတုန်း။
စုလုရီက ဓာတ်လှေကားထဲကနေ ထွက်လိုက်ပြီး သူမျက်လုံး ကစားကြည့်ကာ တစ်နေရာမှာတော့
ရပ်သွားခဲ့သည်။

ဧည့်ဆောင်က တော်တော်ကြီးပြီး လူတစ်ယောက်က အရှေ့ကောင်တာမှာ သူတို့သုံးယောက်ကိုမျက်နှာမူပြီး ရပ်နေ၏။

သူရဲ့နောက်ကျောတွေက မတ်နေပြီး ပုခုံးတွေကကျယ်ပြန့်ကာ အေးတဲ့အချိန်မှာတောင် အင်္ကျီလက်တွေကို ခေါက်တင်ထား၍ ချောမွေ့ကျစ်လစ်တဲ့လက်တွေကို လှစ်ဟနေသည်။ သူက အရပ်ရှည်ပြီး
ကောင်တာက ဧည့်ကြိုကို ခေါင်းနည်းနည်းငုံ့ကာစကားပြောနေ၏။ သူ့ပုံစံက အတော်ချောတာပဲ။

စုလုရီ သူ့လက်နှစ်ဖက်ကို ဖွင့်ကာ ဘေးက နှစ်ယောက်ကို ဓာတ်လှေကားထဲ ပြန်ဆွဲသွင်းလိုက်သည်။

ဒုန်း ...

လန့်လွန်းလို့ နှလုံးခုန် ရပ်တော့မလိုပဲ။ စုချီကဘယ်လိုလုပ် သည်ရောက်နေတာလဲ ...

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Where stories live. Discover now