Chapter 84

3.3K 311 0
                                    

စုလုရီ
အပိုင်း (၈၄) အနှောင့်အယှက် ပေးခြင်း - ၁


ပါတီပွဲမှာ မနက် (၉) နာရီတွင် စတင်မည် ဖြစ်သည်။

ရည်ရွယ်ချက် များစွာဖြင့် ကျင်းပသည့်ပွဲ ဖြစ်သောကြောင့် စုကျစ်ထုံက ပြင်ဆင် လိမ်းခြယ်ပေးသည့် သူများကို ငှားရမ်းထားခဲ့သည်။

စုမိသားစုက မနက် (၇) နာရီကတည်းက ပါတီပွဲအတွက် စတင် ပြင်ဆင် နေခဲ့ကြသည်။

ရင်ဆိုင်ရမည့် တိုက်ပွဲမှာ ကြီးမားလှသဖြင့် စုကျစ်ထုံက ယုရှင်းရန်၏ အရိပ်အကဲကို ကြည့်ရင်း "ဒီပွဲကို အရမ်း ကြီးကျယ်တယ်လို့ ထင်လား၊ မိန်းမ" ဟု မေးလိုက်သည်။

ယုရှင်းရန်က ဆံပင် လုပ်နေရင်းဖြင့် "ဒါက ကြီးကျယ်လို့လား" ဟု ပြန်မေးလိုက်သည်။

"..."

စုကျစ်ထုံနှင့် ယုရှင်းရန်တို့ ပြင်ဆင်နေချိန်၌ စုလုရီက ဒုတိယထပ်၏ လှေကား ဘေးရှိ ပြတင်းပေါက်မှန်နားတွင် ရပ်ကာ အပြင်ကို ကြည့်နေခဲ့သည်။

စုလုရီက မီးခိုးနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မီးရောင်အောက်တွင် တောက်ပနေ၏။

ဧည့်ခံပွဲကျင်းပရန် အချိန် လိုနေသေးသဖြင့် ဧည့်သည်များက မရောက်ကြသေးပေ။

ထို့ကြောင့် စုလုရီက အခန်းထဲသို့ ပြန်သွားရန် လှည့်လိုက်သောအခါ စုချီက သူနှင့် ဝတ်စုံတူ ဝတ်ကာ ရောက်နေကြောင်းကို တွေ့လိုက်ရသည်။

စုချီက စုလုရီ၏ မျက်နှာကို လာကိုင်သဖြင့် စုလုရီက ထိတ်လန့်သွားကာ "အစ်ကိုကြီး၊ ဘယ်ကိုလာကိုင်နေတာလဲ။ လူတွေ မြင်ကုန်ဦးမယ်" ဟု သတိပေးလိုက်သည်။

"ဒီနေရာက ကိုင်လို့မရတဲ့ နေရာမို့လို့လား"

"ဧည့်သည်တွေ ရောက်လာတော့မယ်လေ။ ပြီးတော့
ပါးပါးနဲ့ မားမားတို့လည်း ထွက်လာကြတော့မယ်"

သို့သော် စုချီက နားမထောင်ဘဲ စုလုရီ၏ ခါးကို ဆွဲဖက်လိုက်ကာ "စောပါသေးတယ်။ လာပါ နမ်းကြမယ်" ဟု ပြောလိုက်သည်။

"အဟမ်း၊ အဟမ်း"

ထိုအချိန်တွင် အနောက်မှ ချောင်းဟန့်သံ ထွက်ပေါ်လာခဲ့သည်။

စုလုရီက စုချီကို တွန်းထုတ်ပြီး ကြည့်လိုက်သောအခါ အသံပိုင်ရှင်မှာ စုကျစ်ထုံ ဖြစ်နေခဲ့၏။

"ဟေ့၊ မင်းတို့ နှစ်ယောက် ဘာတွေ လုပ်နေကြတာလဲ"

"..."

အချိန်မှာ (၉) နာရီသို့ နီးကပ်လာပြီ ဖြစ်သဖြင့် ဧည့်သည်များကလည်း တစ်ယောက်စ၊ နှစ်ယောက်စ စတင် ရောက်ရှိလာကြသည်။

စုယွီက အခန်းထဲမှ ထွက်လာပြီး "အဖေနဲ့ အမေက ပါတီပွဲ စမှ ဆင်းလာမှာ ဆိုတော့ ကျွန်တော်တို့ အရင်ဆင်းပြီး ဧည့်သည်တွေကို သွားကြိုသင့်တယ် မလား" ဟု မေးလိုက်သည်။

စုချီ : "အဲ့ဒါက မင်း သဘောပဲ။ မင်း ကြိုချင်ရင် ကြို၊ မဟုတ်လည်း စားပွဲထိုးတွေကို ကြိုခိုင်းထားလို့ရတယ်"

စုလုရီ : "ကျွန်‌တော်ကတော့ သွားကြိုသင့်တယ် ထင်တယ်။ အထူးသဖြင့် အစ်ကိုကြီးပေါ့"

အချင်းချင်း တိုင်ပင်ကြပြီးနောက် ညီအစ်ကို လေးယောက်က ဧည့်သည်များကို သွားကြိုရန် ဆုံးဖြတ်လိုက်ကြသည်။

တက်ရောက်လာသော ဧည့်သည်တော်များထဲတွင် စုမိသားစု၏ မိတ်ဆွေများအပြင် ပြိုင်ဘက်များလည်း ပါလာကြ၏။

ထိုသူတို့၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှု၊ ဝမ်းသာပျော်ရွှင်မှု၊ သိချင်လိုစိတ် ပြင်းထန်မှုများ ထင်ဟပ်
နေကြရာ စုကျန်းချန်က ကြည့်ပြီး "သူတို့ မျက်နှာတွေက ဘာဖြစ်နေကြတာလဲ" ဟု တွေးလိုက်သည်။

ရောက်လာသော ဧည့်သည်များ များလာသည်နှင့်အမျှ စုလုရီက မနေတတ် မထိုင်တတ် ဖြစ်လာတော့သည်။

စုမိသားစုနှင့် ပတ်သက်သော ကောလဟာလများက ပိုမို များပြားလာသဖြင့် ဧည့်သည်တော်များက စုလုရီကို တွေ့သောအခါ အမူအယာ အမျိုးမျိုးဖြင့် ကြည့်သွားကြတော့၏။

တစ်ချို့ဧည့်သည်များသည်ပင် ရှေ့တွင် ပြုံးပြနှုတ်ဆက်ပြီး နည်းနည်း လှမ်းသွားသောအခါ အတင်းများ ပြောကြလေသည်။

"အဲ့ဒါ စုမိသားစုရဲ့ မွေးစား သားမလား။ အံ့ဩစရာပဲနော်။ သူက အကြီးဆုံးသားနဲ့ ဟိုလိုလို ဒီလိုလို ဖြစ်နေတာတဲ့"

"ဒါဆို အဲ့ဒါက အမှန်ပဲလား။ ကောလဟာလ မဟုတ်ဘူးလား"

ထိုစကားကို ညီအစ်ကို လေးယောက်လုံး ကြားလိုက်ကြသဖြင့် စုကျန်းချန်က ဒေါသထွက်သွားကာ "မိုက်ရိုင်းလိုက်တာ။ သူတို့ကများ အစ်ကိုကြီးနဲ့ ညီလေးရဲ့ အကြောင်းကို မဟုတ်တာတွေ လျှောက်ပြောရဲတယ်"

"..."

စုကျန်းချန်က ဒေါသထွက်နေသော်လည်း ကျန်သည့် ညီအစ်ကိုများထံမှ ထောက်ခံချက် မရလာသဖြင့် စုချီကို ကြည့်ကာ "အစ်ကို‌ကြီးရော၊ အဲ့စကားတွေ ကြားရတာ စိတ်မတိုဘူးလား" ဟု မေးလိုက်သည်။

"ငါက အဆင်ပြေတယ်"

စုကျန်းချန်က စုချီ၏ စကားကြောင့် အံ့ဩသွားကာ "အစ်ကိုကြီးက တော်တော် သည်းခံနိုင်တာပဲ" ဟု‌ ပြန်ပြောလိုက်သည်။

"..."

ထိုအချိန်တွင် တံခါးဝမှ အသံတစ်သံ ထွက်ပေါ်လာကာ "ဝိုး...သခင်လေး စုပါလား" ဟူသော အသံ ထွက်ပေါ်လာခဲ့သည်။

ထိုလူက အမည်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး "ဒါမှမဟုတ် သခင်မလေး စုများလား" ဟု ထပ်မံ စော်ကား ပြောဆိုလိုက်၏။

စုလုရီက ကြည့်လိုက်သောအခါ ပြိုင်ဘက်ကုမ္ပဏီ၏ ဒုတိယသား ဝမ် သခင်လေး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"အိုး၊ မေ့သွားတာ။ စုမိသားစုက အခုဆို အခြေအနေ မကောင်းတော့ဘူးဆိုတော့ နောက်ဆို သခင်လေးလို့ ဘယ်ခေါ်လို့ ရပါတော့မလဲ၊ ဟဟ" ဟု ထပ်မံ စော်ကား ပြောဆိုလိုက်သဖြင့် စုချီက "အဲ့လို ဖြစ်လာမှာ မဟုတ်ဘူး" ဟု ဝင်ပြောလိုက်သည်။

စုချီ၏ မျက်နှာထားနှင့် အမူအယာက သွေးအေး တည်ငြိမ်နေသဖြင့် ဝမ် သခင်လေးက အနည်းငယ် လန့်သွားကာ ဆက်မပြောတော့ဘဲ အိမ်ထဲသို့ ဝင်သွားတော့သည်။

စုလုရီတို့က ပါတီပွဲ စတင်မည့် အချိန် နီးလာသဖြင့် စင်ပေါ်တက်ဖို့ ပြင်ဆင်ရန်အတွက် ဒုတိယထပ်သို့ တက်သွားတော့၏။

စုယွီကလည်း စိတ်ဝင်စားစရာ မရှိတော့သဖြင့် စားပွဲထိုးများကို တာဝန်လွှဲကာ အပေါ်ထပ်သို့ တက်လာခဲ့သည်။

စုကျန်းချန်ကလည်း စုယွီ၏ အနောက်မှ လိုက်ပါလာခဲ့သည်။

လျှောက်သွားထားသဖြင့် စုလုရီက ဆံပင်ပုံပျက်နေသောကြောင့် ပြင်ဆင်ပေးသည့်လူထံတွင် ထပ်မံ ပြင်ဆင်ခိုင်းလိုက်၏။

စုချီက စုလုရီ၏ အနောက်မှ အနှောင့်အယှက် မပေးဘဲ ရပ်ပြီး ကြည့်နေခဲ့သည်။

ထိုအချိန်တွင် ရှောင်ချင်က စာရွက်စာတမ်းများကိုကိုင်၍ တံခါးခေါက်ပြီး‌ ရောက်လာရာ  စုချီထံသို့ လှမ်းပေးပြီး "လိုအပ်တာရှိသေးလား၊ ဒါရိုက်တာ စု" ဟု မေးလိုက်သည်။

"ရပြီ၊ မလိုတော့ဘူး။ တစ်ခြားဘက်ကရော အဆင်သင့်ပဲလား"

"ဟုတ်ကဲ့၊ အဆင်သင့် ဖြစ်နေပါပြီ"

"ပိတ်ရက်ကြီးတောင် အလုပ် ကြိုးစားပေးလို့ ကျေးဇူးပဲ၊ ရှောင်ချင်"

"ရပါတယ် ဒါရိုက်တာ စုရယ်၊ ဒါ ကျွန်တော် လုပ်ရမယ့် အလုပ်ပဲ"

စုလုရီက နားမလည်သည့် ပုံစံဖြင့် စုချီကို လှမ်းကြည့်လိုက်သဖြင့် စုချီက "လစာနှ စ်ဆ" ဟု ပြောလိုက်မှသာ နားလည်သွားတော့သည်။

ထိုအချိန်တွင် စုလုရီ၏ ဖုန်းမှ အသံမြည်လာပြီး ဆက်သူမှာ ကျိုးချင်းချန် ဖြစ်သဖြင့် ကိုင်လိုက်ရာ "မင်း ဘယ်မှာလဲ စုလုရီ။ ငါတို့ ရောက်နေပြီနော်" ဟု ပြောလာခဲ့သည်။

"ခဏနေဦး။ ငါ ဆံပင် ပြင်နေလို့၊ ပြီးရင် ဆင်းလာခဲ့မယ်"

"အေး အေး"
...

ဆံပင်ပြင်ပြီးသွားသောအခါ စုလုရီနှင့် စုချီတို့က အခန်းထဲမှ ထွက်လာကြပြီး စုလုရီက "အစ်ကိုကြီး၊ ဘာလုပ်ဖို့ စီစဉ်ထားတာလဲ" ဟု မေးလိုက်သည်။

"မင်း အခုထိ ငါ ဘာလုပ်နေတာလဲဆိုတာ မသိသေးဘူးလား"

"အင်း"

"ဒါဆိုလည်း ပြီးမှ ကြည့်လိုက်တော့"

စုချီက နာရီကို ကြည့်လိုက်ပြီးနောက် "မင်း အခု သူငယ်ချင်းတွေကို သွားတွေ့လို့ မရသေးဘူး။ ပွဲကစတော့မှာ ဆိုတော့ ပြီးမှ သွားတွေ့လိုက်တော့" ဟု ပြောလိုက်သည်။

နှစ်ယောက်သား စကားပြောနေကြချိန်၌ ယုရှင်းရန်တို့က ထွက်လာကာ "သားတို့၊ အဆင်‌သင့်ဖြစ်ပြီလား" ဟု မေးလိုက်သည်။

"ဟုတ်ကဲ့ မားမား"

"အဲ့ဒါဆို သွားကြမယ်"

ဒုတိယထပ် လှေကားထိပ်တွင် ယုရှင်းရန်နှင့် စုကျစ်ထုံတို့က အလယ်တွင် ရပ်ကာ စုချီနှင့် စုလုရီတို့က အနောက်မှ တစ်ဖက် တစ်ချက်စီတွင် ရပ်လိုက်ကြသည်။

စုကျစ်ထုံတို့ ပေါ်ထွက်လာသဖြင့် ဆူညံနေသော ပါတီပွဲကလည်း တိတ်ဆိတ်သွားကာ စုကျစ်ထုံတို့ဆီသို့ အကြည့်ရောက်လာကြ၏။

စုကျစ်ထုံတို့က ဧည့်သည်များကို ပြုံးပြပြီး လှေကားမှ ဖြည်းညင်းစွာ ဆင်းလာကြသည်။

ထို့နောက် စင်ပေါ်သို့ တက်ကာ စုကျစ်ထုံက "ကြွရောက်လာကြတဲ့ ဧည့်သည်တော်များ အားလုံးပဲ။
ကျွန်တော်တို့ ပါတီပွဲကို တက်ရောက်လာကြပေးလို့ ကျေးဇူးတင်ပါတယ်" ဟု နှုတ်ခွန်း ဆက်သလိုက်သည်။

ထို့နောက် "ဒီနေ့ ပါတီပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ရဲ့ အငယ်ဆုံးသား ရှောင်ရီလေးက အိမ်ထောင်စု စာရင်းကနေ ခွဲထွက်ထားတယ် ဆိုတဲ့ အကြောင်း ကြေညာချင်လို့ပါ။ အားလုံးပဲ ရှောင်ရီလေးရဲ့ လွတ်လပ်မှုအတွက် ဝိုင်းပြီး ဂုဏ်ပြုပေးကြပါဦးဗျာ" ဟု ထပ်မံပြောဆိုလိုက်သည်။

ထိုအခါ လူအုပ်ကြားမှ ဝမ် သခင်လေး၏ အသံ ထွက်လာကာ "စုမိသားစုက ကောလဟာလတွေ ပျောက်ချင်လို့ ယာယီ အိမ်ထောင်စု စာရင်းထဲက ထုတ်လိုက်တာရော မဖြစ်နိုင်ဘူးလား။ ဒါမှမဟုတ် သားတွေရဲ့ အကြောင်းကို သိသွားလို့ မွေးစား သားက ကန်ထုတ်ခံလိုက်ရတာများလား" ဟု အဖျက်စကား စတင်ပြောဆိုလိုက်သည်။

ပါတီပွဲရှိ လူများကလည်း ဝမ် သခင်လေး၏ စကားကို နားယောင်ကာ သို့လော သို့လော ပြောဆိုကြတော့၏။

"ဒါဆို စုချီနဲ့ အဲ့ မွေးစား သားက တကယ် ပတ်သက်နေတာပေါ့"

"ခင်ဗျားတို့ မသိဘဲ ဘာလို့ လျှောက်ပြောနေကြတာလဲ"

အတင်းပြောနေသော ဧည့်သည် နှစ်ဦးက အသံလာရာဆီသို့ လှည့်ကြည့်လိုက်သောအခါ မျက်မှောင်ကြုတ်ထားသော နျဲ့ယီ ဟုကို တွေ့လိုက်ရသည်။

"မင်း ယုံချင်ယုံ၊ မယုံချင်နေလေ။ ငါတို့ တကယ် သတင်းကြားထားလို့ ပြောနေကြတာ"

"ငါ မယုံဘူးကွ"

စိတ်တိုနေသော စုကျန်းချန်ကလည်း သူ့ထက် စိတ်တိုနေသော အပြင်လူကို တွေ့သွားပြီး အံ့ဩသွားတော့သည်။

စုကျစ်ထုံကလည်း တီးတိုး စကားများမှာ ကျယ်
လောင်လာသဖြင့် ယုရှင်းရန်၏ မျက်နှာကို ကြည့်ကာ စိုးရိမ်နေတော့သည်။

ထိုအခါ ယုရှင်းရန်က သား နှစ်ယောက်ကို ပြုံးပြုံးကြီးဖြင့် တစ်လှည့်စီ ကြည့်လိုက်ပြီး "ကျွန်မ သားတွေ ကိစ္စက ရှင်တို့နဲ့ ဘာဆိုင်လို့လဲ" ဟု ထပြောလိုက်လေ၏။

အနေအေး၍ နူးညံ့သိမ်မွေ့သော ယုရှင်းရန်က ထိုသို့ ပြောလာသဖြင့် တီးတိုးပြောနေကြသော လူအုပ်ကြီးမှာလည်း တိတ်ဆိတ်သွားတော့သည်။

စုကျစ်ထုံမှာလည်း သူ၏ ဇနီးကိစ္စကို ဖြေရှင်းပြီးပြီဟု တွေးကာ စိတ်အေးသွားတော့သည်။

သို့သော် ဝမ် သခင်လေးက တစ်ဖန် ပြန်ထလာကာ "ကျွန်တော်တို့နဲ့တော့ မဆိုင်ပါဘူး။ ဒါပေမယ့် လူ့အသိုင်းအဝိုင်းမှာတော့ ဒါက ရှက်စရာကောင်းတယ်လို့ မထင်ဘူးလား" ဟု ထပြောလိုက်သည်။

ထိုအခါ စုချီက အနားတွင် ရှိသော ရှောင်ချင်ကို လှမ်းခေါ်လိုက်ပြီး လက်ထဲမှ စာအိတ်ကို လှမ်း
တောင်းလိုက်သည်။

"ဒီမှာပါ၊ ဒါရိုက်တာ စု"

စုချီ စာအိတ်ကို ဖွင့်လိုက်သောအခါ လူအများက စုချီကို စိတ်ဝင်စားစွာ စောင့်ကြည့်နေကြသည်။

စာအိတ်ထဲတွင် ရှိနေသော စာရွက်မှာ စုမိသားစု၏ ပြိုင်ဘက်စာရင်း စာရွက် ဖြစ်၏။

"ငါတို့က ရှက်စရာ ကောင်းတယ်လို့ မင်း တကယ်ပဲ ထင်လား"


...…….................................
.........................................


အပိုင်း (၈၄) ပြီးပါပြီ။

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Where stories live. Discover now