Chapter 67

3.5K 353 3
                                    

စုလုရီ
အပိုင်း (၆၇) အလိုလို သိစိတ်


စုလုရီက မီးဖိုပေါ်ရှိ အဝိုင်းကို လှည့်နေသော စုကျန်းချန်တို့ထံ လျှောက်သွားလိုက်သည်။

စုချီက သူ၏ အနောက်တွင် ရောက်နေသည်ကို သူ၏ ပုခုံးကို လာဖက်မှသာ စုလုရီက သတိထားမိလိုက်၏။

အပြင်လူများ၏ အမြင်တွင် ညီအစ်ကို အချင်းချင်း ဖက်ထားကြသည်ဟု မြင်နိုင်သော်လည်း စုယွီ တစ်ယောက်ကသာ စုချီတို့ကို ချစ်သူများဟု မြင်မည် ဖြစ်သည်။

သို့သော် စုကျန်းချန်တို့က ပဟေဠိ‌ ဖြည်ရင်း အလုပ်များနေကြသဖြင့် စုချီတို့ကို သတိမထားမိကြပေ။

စုလုရီက စုချီကို အကြည့်ဖြင့် သတိပေးရန် လှည့်လိုက်သောအခါ စုချီက စုလုရီ၏ နားကို လာထိလိုက်သဖြင့် စုလုရီမှာ တုန်ရီသွားတော့သည်။

နေ့လည်ခင်း လူအများ၏ အရှေ့တွင် စုချီက သူ၏ နားကို လာထိနေသဖြင့် စုလုရီက အံ့ဩဆွံ့အသွား၏။

ထို့ကြောင့် ခေါင်းကို တစ်ဖက်သို့ တိမ်းစောင်းလိုက်ကာ စုချီကို မီးတောက်နေသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

စုချီက စုလုရီကို ပြန်ကြည့်နေသော အကြည့်ကို မီးတိုင်၏ အလင်းရောင်မှ တစ်ဆင့် မြင်နေရသဖြင့် စုလုရီ၏ နှလုံးသားများက လှုပ်ခတ်လာတော့၏။

သို့သော် သိပ်ကြာကြာ ရင်မခုန်လိုက်ရပေ။ အရှေ့တွင် ရှိနေသော စုကျန်းချန်က "ရပြီ၊ ရပြီ" ဟု ထအော်လိုက်သဖြင့် စုလုရီက အကြည့်ကို လွှဲကာ "ဝိုး...မိုက်တယ်" ဟု ထပြောလိုက်သည်။

စုလုရီ၏ ပုခုံးပေါ်တွင် ရှိနေသော စုချီ၏ လက်မှာလည်း ပြန်ရုတ်သွားခဲ့၏။

အဝိုင်းပြားမှ နံပါတ်များကို သေချာ မှန်အောင် လှည့်လိုက်နိုင်သဖြင့် တစ်ဖက် နံရံတွင် ရှိသော တံခါးမှ ...

"ချောက်" ဟူသော အသံ ထွက်ပေါ်လာခဲ့သည်။

"တံခါး ပွင့်သွားပြီလား" ဟု လွီချင်းလင်းက မေးလိုက်သဖြင့် တံခါး အနီးတွင် ရှိနေသော စုယွီက ဖွင့်ကြည့်လိုက်ကာ "တံခါး ပွင့်သွားပြီ" ဟု ပြန်ပြောလိုက်၏။

"ဝိုး၊ ဒါဆို ထွက်ပေါက် ပွင့်သွားပြီပေါ့"

လွီချင်းလင်းက ပျော်နေသော်လည်း စုလုရီက အနည်းငယ် ဘဝင်မကျ ဖြစ်နေခဲ့သည်။

သူနှင့် စုချီက သဲလွန်စ ရှာနေချိန်၌ ဗီဒိုပေါ်တွင် ရှာတွေ့ခဲ့သော သဲလွန်စများနှင့် သစ်ပင် ပင်စည်ပေါ်တွင် တွေ့ရသော သဲလွန်စများကို မသုံးရသေးသဖြင့် လွယ်လွယ်ကူကူ တံခါးပွင့်သွားသည်ကို ထူးဆန်းနေခဲ့၏။

"ဟင်"

ထိုအချိန်တွင် တံခါးပေါက်မှ ထွက်သွားသော စုယွီထံမှ အာမေဋိတ်အသံ ထွက်လာသဖြင့် အားလုံးက စုယွီထံသို့ အာရုံရောက်သွားကြသည်။

အခန်းမှာ ထွက်ပေါက် မဟုတ်ဘဲ သေတ္တာ တစ်လုံး ထည့်ထားသော လျှို့ဝှက် အခန်းငယ်လေးသာ ဖြစ်နေခဲ့၏။

"ဒါက နောက်တစ်ဆင့်ကို သွားရမယ့် ထွက်ပေါက်မဟုတ်ဘူးလား။ ဒါဆို ထွက်ပေါက်က ဘယ်မှာလဲ"

စုယွီ၏ စကားကြောင့် စုလုရီက ဗီဒိုကို ညွှန်ပြကာ "ဟို ဗီဒိုက ရွှေ့လို့ရတယ်။ ကြည့်ရတာ ထွက်ပေါက်က ဗီဒို အနောက်မှာ ဖြစ်မယ်" ဟု ပြောလိုက်သည်။

ထိုအခါမှ စုယွီက သဘောပေါက်သွားကာ "ဒါဆို ဒီသေတ္တာထဲမှာ ဗီဒိုကို ရွှေ့လို့ရမယ့် သဲလွန်စ ထည့်ထားတာ ဖြစ်မယ်" ဟု ပြောလိုက်၏။

သေတ္တာကို ဖွင့်သောအခါ သေတ္တာထဲတွင် နံပါတ်များ ရေးထားသော သစ်သားတုံးလေးများကို တွေ့လိုက်ရသည်။

စုလုရီက ထိုကစားနည်းတွင် ကျွမ်းကျင်သဖြင့် သူလုပ်တတ်သည်ဟု ပြောကာ သစ်သားတုံးများကို
စတင် ဆက်လိုက်တော့သည်။

ငါးမိနစ်ခန့် ကြာပြီးနောက် စုလုရီက သစ်သားတုံးများကို မြေကြီးပေါ်တွင် အစီအရီ စီလိုက်သောအခါ နံပါတ်အစီအစဉ်များ ပေါ်လာခဲ့၏။

စုလုရီက စုချီကို ကြည့်ကာ "ဒါ အိုးတွေကို ရွှေ့ရမယ့် အစီအစဉ်မလား" ဟု မေးပြီး အတည်ပြုလိုက်သည်။

"အင်း၊ ဟုတ်တယ်"

"တော်သေးတာပေါ့။ ကျွန်တော် ဉာဏ်ကောင်းသွားလို့" ဟု စုလုရီက သက်ပြင်းချကာ ပြောလိုက်သည်။

စုကျန်းချန်တို့က ဗီဒို ပေါ်ရှိ အိုးများကို စီရန် လျှောက်သွားသောအခါ စုလုရီက စုချီ၏ အနားကိုကပ်ပြီး "ကျွန်တော်က အစ်ကိုကြီး အနားမှာ နေတော့ ပိုတော်လာတယ် မလား" ဟု ကပ်ပြောလိုက်သည်။

စုချီက ပထမဆုံးအနေဖြင့် စုလုရီ၏ စကားကို ထောက်ခံကာ "အင်း" ဟု ပြန်ပြောလိုက်၏။

"ဟီးဟီး"

အိုးများကို သဲလွန်စအတိုင်း စီလိုက်သောအခါ ဗီဒို၏ နောက်မှ "ချောက်" ဟူသော အသံထွက်ပေါ်လာသဖြင့် စုကျန်းချန်က ဗီဒိုကို တွန်းရွှေ့လိုက်သည်။

သို့သော် မြင်ရသည့် မြင်ကွင်းမှာ ထွက်ပေါက်မဟုတ်ဘဲ ဂဏန်း သုံးလုံးသာ ရေးထားသည့် နံရံဖြစ်နေခဲ့သည်။

အခန်းတွင်းရှိ လူများမှာလည်း အနည်းငယ် ယောက်ယက်ခတ်သွားကာ "ဒီမှာလည်း ထွက်ပေါက် မရှိဘူးဆိုရင် ထွက်ပေါက်က ဘယ်မှာလဲ" ဟု စိတ်ရှုပ်‌ထွေးကာ ရေရွတ်လိုက်ကြ၏။

"သဲလွန်စတွေလည်း အကုန် ရှာပြီးပြီကို ဒီနံပါတ်သုံးခုက ဘယ်မှာ သုံးရမှာလဲ" ဟု လွီချင်းလင်းက ခေါင်းကို ကုတ်ကာ စဉ်းစားလိုက်သည်။

စုချီက ခဏကြာ စဉ်းစားလိုက်ပြီးနောက် မီးဖိုဆီသို့ တစ်ဖန် လျှောက်သွားကာ အဝိုင်းပြားကို ထပ်မံလှည့်လိုက်သည်။

ဤသည်ကို လွီချင်းလင်းက မြင်လိုက်သဖြင့် ... "အစ်ကိုကြီး စု၊ အဲ့တာက ကျွန်မတို့ သုံးပြီးပြီ မလား" ဟု လှမ်းမေးလိုက်သည်။

"ဟုတ်တယ်။ ထပ်သုံးတာ"

စုချီက နံရံပေါ်ရှိ ဂဏန်းများကို မီးဖိုပေါ်ရှိ အဝိုင်းတွင် လှည့်လိုက်ပြီးသောအခါ မီးဖိုမှ "ဒုန်း" ဟူသော အသံထွက်ပေါ်လာကာ မီးဖို၏ အောက်မှ ထွက်ပေါက် ပေါ်လာခဲ့၏။

စုချီ၏ လျင်မြန်စွာ စဉ်းစားနိုင်မှုကြောင့် အားလုံးကာ အံ့ဩကာ စုချီကို ဝိုင်း၍ လက်မထောင် ချီးကျူးလိုက်ကြသည်။

စုချီက သူ၏ ဝတ်ရုံကို မကာ "ငါ အရင် ဆင်းသွားလိုက်မယ်။ ငါ့ နောက်က လိုက်ခဲ့ကြ" ဟု ပြောပြီး အောက်သို့ အရင်ဆင်းသွားလိုက်၏။

ထို့နောက် စုလုရီက စုချီ၏နောက်မှ သတိထားရင်း လိုက်သွားလိုက်ရာ တစ်နေရာအရောက်တွင် ခြေချော်သွားတော့သည်။

"အစ်ကိုကြီး..."

အောက်တွင် ရှိနေသော စုချီက ပြုတ်ကျလာသော စုလုရီ၏ ခါးကို လှမ်းဖက်လိုက်ရာ အဖြူနှင့် အမဲဝတ်ရုံ နှစ်ခုမှာ ရောယှက်သွားပြီး နှစ်ယောက်သား ဖက်မိသွားကြတော့သည်။

နှစ်ယောက်သား၏ မျက်နှာများက နီးကပ်ကာ အကြည့်ချင်း ဆုံနေကြချိန်၌ အပေါ်ထပ်တွင် ကျန်ရစ်ခဲ့သော စုယွီကလည်း တခြားသူများ မြင်သွားမည်ကို စိုးရိမ်သဖြင့် ထွက်ပေါက်၌ လက်ကိုမြှောက်ကာ ကာဆီး ကာဆီး လုပ်နေလိုက်၏။

နှစ်ယောက်သား ခဏကြာ ကြည့်နေလိုက်ကြပြီးနောက် ပြန်ခွာလိုက်ကာ စုချီက "ညီ (၃)၊ ဆင်းလာခဲ့လေ" ဟု လှမ်းခေါ်လိုက်သည်။

စုချီက စုယွီ ရိပ်မိနေသည်ကို သိနေသည့်ပုံစံ ပြလိုက်သဖြင့် စုယွီက စိတ်အေးသွားကာ အောက်သို့ ဖြည်းဖြည်းချင်း ဆင်းလာလိုက်၏။

နောက်ဆုံးဆင်းလာသူမှာ လွီချင်းလင်း ဖြစ်ပြီး ငါးယောက်သား မြေအောက် လမ်းကြောင်းမှ တစ်ဆင့် နောက်တစ်ဆင့်သို့ ရောက်ရန် လျှောက်လာလိုက်ကြသည်။

လမ်းအဆုံး တစ်နေရာ အရောက်တွင် လှေကား တစ်စင်း ထောင်ထားပြီး အပေါ်တွင် တံခါးပေါက် တစ်ခုကို တွေ့လိုက်ရသဖြင့် စုကျန်းချန်က တက်ကြည့်လိုက်ရာ သော့ခတ်ထားသည်ကို တွေ့လိုက်ရသည်။

"သော့ခတ်ထားတယ်။ ကြည့်ရတာ ဒီနေရာမှာလည်း သဲလွန်စ ရှာရမယ့် ပုံပဲ" ဟု စုကျန်းချန်က အော်ပြောလိုက်၏။

ထိုအချိန်တွင် စုလုရီက နံရံကို မှီလိုက်ရာ "ဝုန်း" ဟူသော အသံထွက်ပေါ်လာပြီး အမှောင်ခန်းထဲသို့ ပြုတ်ကျသွားတော့သည်။

သူနှင့် အတူ လိုက်ပါလာသူမှာ စုလုရီ၏ လက်ကို လှမ်းဆွဲလိုက်သော စုချီ ဖြစ်သည်။

ကျောက်တံခါး ပြန်ပိတ်သွားသည့် အချိန်၌
အနည်းငယ် ဟနေသည့် နေရာမှ စုယွီနှင့် လွီချင်းလင်းတို့၏ စိုးရိမ်ပူပန်သော မျက်နှာများကိုပါ မြင်လိုက်ရသေးသည်။

ထို့နောက် ကျောက်တံခါးမှာ အပြီးတိုင် ပိတ်သွားတော့၏။


...…….................................
.........................................


အပိုင်း (၆၇) ပြီးပါပြီ။

-

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Där berättelser lever. Upptäck nu