စုလုရီ
အပိုင်း (၇၄) ဖုံးထား၍ မရခြင်း
နှစ်ရက် ကြာပြီးနောက် စုမိသားစုက ယူနန် တောင်ပိုင်းမှ ပြန်လာခဲ့ကြသည်။
စုကျစ်ထုံက လေယာဉ်ပေါ်တွင် ယူပုံစံ ခေါင်းအုံးကို လည်ပင်းတွင် ပတ်ကာ ထိုင်နေပြီး "ဟူး၊ ဒီရက်ပိုင်း ကောင်းကောင်းလည်း မစားရ၊ ကောင်းကောင်းလည်း မအိပ်ရပါလား" ဟု ညည်းညူလိုက်၏။
ထိုအခါ ဘေးမှ ယုရှင်းရန်က အံ့ဩစွာ ကြည့်ကာ "ရှင် ဒီနေ့ ထမင်း သုံးပန်ကန်တောင် စားလာတယ်မဟုတ်လား" ဟု ပြောလိုက်သည်။
"..."
ထိုအချိန်တွင် စုလုရီက နောက်ခုံမှ ခေါင်းထွက်လာကာ "မားမားကလည်း ထမင်း သုံးပန်းကန်က ဘယ်လိုလုပ်ပြီး ဗိုက်ဝမှာလဲ" ဟု ထပြောလိုက်၏။
ယုရှင်းရန်က နှစ်ယောက်သားကို အံ့ဩသော
အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
စုချီက စုလုရီကို ဘေးတိုက်ကြည့်လိုက်ကာ "ဒါဆို မင်းက ပုံးနဲ့ စားမှ ဝမှာလား" ဟု ရွဲ့ကာ မေးလိုက်၏။
"အစ်ကိုကြီးက ပါးပါးကို စော်ကားလိုက်တာလား"
"..."
လေယာဉ်မယ်များက ခရီးသည်များကို လိုက်လံစစ်ဆေးပြီးနောက် လေယာဉ်က စတင်ပျံသန်းတော့မည် ဖြစ်သည်။
စုလုရီက လေယာဉ်ဆင်းခဲ့သည့် အချိန်က နမ်းမိသွားသည့် သူ၏ ပထမဆုံး အနမ်းကို ပြန်သတိရသွားကာ မျက်နှာများ ရဲလာတော့၏။
ထိုအချိန်တွင် ဘေး၌ ထိုင်နေသော စုချီက လက်ကိုလှမ်းကိုင်လိုက်ရာ ရုတ်တရက် လန့်သွားခဲ့သည်။
"အစ်ကိုကြီး" ဟု စုလုရီက လေသံတိုးတိုးဖြင့်
သတိပေးလိုက်သော်လည်း စုချီက လက်မလွှတ်ခဲ့ပေ။
အရှေ့မှ ထိုင်နေသော စုကျစ်ထုံက ဇက်လိမ်၍ ကြည့်လိုက်ရာ စုချီက "အဖေ၊ အကြော ညက်သွားဦးမယ်နော်" ဟု ပြောလိုက်သည်။
"..."
"ဟုတ်ပါ့၊ ရှင်ကလည်း ခေါင်းအုံးကြီး ပတ်ပြီး ဘာလုပ်မှန်းကို မသိဘူး" ဟု ယုရှင်းရန်ကပါ ဝင်ပြောလိုက်သဖြင့် စုကျစ်ထုံက နှုတ်ဆိတ်ကာ ပြန်လှည့်သွားတော့၏။
"အစ်ကိုကြီး ဒီလိုပဲ ကိုင်ထားတော့မလို့လား"
"လေယာဉ်အပေါ် ရောက်သွားတဲ့အထိ ကိုင်ထားမယ်"
...
လေယာဉ်ဆင်းသည့် အချိန်၌လည်း စုချီက စုလုရီ၏ လက်ကို ကိုင်ထားရာ လေယာဉ်ရပ်သွားမှ လွှတ်ပေးလိုက်၏။
လေယာဉ်ပေါ်မှ ဆင်းကြပြီးနောက် အိမ်သို့ တန်းပြန်လိုက်ကြသည်။
လမ်းတွင် စုယွီက စုလုရီကို "ယူနန် တောင်ပိုင်းနဲ့ ဒီနေရာနဲ့ ဘယ်မှာ နေရတာ ပိုကြိုက်လဲ ညီလေး" ဟု မေးလိုက်ရာ စုလုရီက "မိသားစု ရှိတဲ့ နေရာဆို ဘယ်နေရာဖြစ်ဖြစ် ကြိုက်ပါတယ်" ဟု ပါးနပ်စွာ ပြန်ဖြေလိုက်သဖြင့် စုယွီက "သိပြီ သိပြီ" ဟု ပြောပြီး ထပ်မမေးတော့ပေ။
လေဆိပ်မှ အိမ်သို့ ပြန်ရောက်သောအခါ ညနေ (၅) နာရီခန့် ရှိနေပြီ ဖြစ်သည်။
စုလုရီက အဝတ်အစားများ လဲရန် အထုတ်အပိုးများ သယ်ပြီး အခန်းသို့ တန်းသွားလိုက်ရာ ဝရံတာမှာ မဆက်ထားကြောင်း တွေ့လိုက်ရ၏။
ထို့ကြောင့် အဝတ်အစား လဲပြီးနောက် စုချီ၏ တံခါးကို သွားခေါက်လိုက်ရာ စုချီက အဝတ်အစားလဲရင်း တန်းလန်းဖြင့် ထွက်လာပြီး "ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။
"အစ်ကိုကြီး အခန်းထဲကို လာလည်ချင်လို့လေ။ ရလား"
စုချီက တစ်ခုခုပြန်ပြောမည့် အချိန်၌ လှေကားမှ အသံထွက်လာကာ "ဟေ့၊ မင်းတို့ နှစ်ယောက် အိမ်ထဲမှာ ဘာလုပ်နေကြတာလဲ" ဟု မေးလိုက်သော စုကျစ်ထုံ၏ အသံကြီး ထွက်လာခဲ့၏။
စုလုရီက ထိတ်လန့်သွားပြီး စုချီ၏ ကျောနောက်သို့ ဝင်ကာ ပုန်းကွယ်နေလိုက်သည်။
"ပြောစရာရှိလို့ အဖေ။ ကျွန်တော်တို့က ညီအစ်ကိုတွေပဲကို အိမ်မှာ တွေ့လို့မရဘူးလား" ဟု စုချီက တည်ငြိမ်စွာ ပြန်ပြောလိုက်၏။
စုချီထံမှ ထိုစကားမျိုး ထွက်လာသဖြင့် စုကျစ်ထုံက အံ့ဩသွားကာ "မင်းတို့က ညီအစ်ကိုတွေ၊ ဟုတ်လား" ဟု ပြန်မေးလိုက်သည်။
"ဒါဆို သားတို့က ဘာတွေလဲဆိုတာ အဖေပြောကြည့်လေ"
"မင်းတို့တွေက ရည်း..."
စုကျစ်ထုံက ရုတ်တရက် ပါးစပ် ပြန်ပိတ်လိုက်ကာ "ညီအစ်ကိုတွေပေါ့" ဟု စိတ်တိုစွာ ပြန်ပြောလိုက်၏။
"ဒါဆို သားတို့ ညီအစ်ကို အချင်းချင်း စကားပြောလိုက်ဦးမယ်" ဟု စုချီက ပြောကာ စုလုရီကို သူ၏ အခန်းထဲသို့ ဆွဲခေါ်ရန် ပြင်လိုက်ပြီးမှ "ဪ ... ဒါနဲ့၊ အဖေက ဘယ်သွားမလို့လဲ" ဟု ထပ်မေးလိုက်သည်။
"ရေကူးကန် အခြေအနေ သွားကြည့်မလို့"
"ဒါဆို အဝတ်ထူထူ ဝတ်သွားနော် ပါးပါး။ အပြင်မှာ အရမ်းအေးတယ်" ဟု စုလုရီက မျက်နှာချို ဝင်သွေးလိုက်သဖြင့် စုကျစ်ထုံက "စိတ်တိုနေတာကို ဘာလို့ အေးမှာလဲ" ဟု ပြောကာ ဒေါကြီး မောကြီးဖြင့် အောက်ထပ်သို့ ဆင်းသွားတော့သည်။
စုချိီက စုလုရီကို အခန်းထဲသို့ ခေါ်သွားပြီး ပေါင်ပေါ်သို့ ဆွဲတင်ကာ နမ်းစုပ်လိုက်၏။
နှစ်ယောက်သား ကြည်နူးနေသည့် အချိန်တွင် ဖုန်းသံ မြည်လာသဖြင့် ခဏရပ်ကာ စုလုရီက ဖုန်းကိုထုတ်ကြည့်လိုက်သည်။
ဖုန်းခေါ်သူမှာ ကျိုးချင်းချန် ဖြစ်သဖြင့် စုလုရီက စုချီကို ကြည့်လိုက်ရာ စုချီက "ကိုင်လိုက်လေ" ဟု ပြောလိုက်သောကြောင့် စုလုရီက ဖုန်းကိုင်လိုက်၏။
စုလုရီက စုချီ၏ ပေါင်ပေါ်တွင် ထိုင်နေရင်း ဖုန်းကိုကိုင်လိုက်သည်။
"ဟယ်လို"
"ဟယ်လို စုလုရီ။ မင်း ဒီနေ့ ပြန်လာမယ်လို့ ပြောထားတာကို ငါ သတိရလို့။ ဘယ်လိုလဲ ပြန်ရောက်နေပြီလား"
စုချီက လည်ပင်းကို လာနမ်းနေသဖြင့် "အင်း၊ ပြန်ရောက်နေပြီ" ဟု စုလုရီက အသံတုန်တုန်ဖြင့် ပြန်ဖြေလိုက်သည်။
"ဟမ်၊ မင်း ဘာဖြစ်နေတာလဲ"
"ဒီမှာ အရမ်း အေးလို့ တုန်နေတာ" ဟု စုလုရီက ပြောပြီး စုချီ၏ ဂုတ်ကို ကိုင်ကာ သတိပေးလိုက်၏။
"ဒါဆိုလည်း အအေးမမိစေနဲ့ဦး။ ငါ ခေါ်လိုက်တာက ငါ မင်းကို ပြောထားတဲ့ ပါတီပွဲအကြောင်း ပြောမလို့။ နောက် သုံးရက်နေရင် ပါတီပွဲလုပ်မှာ။ လာဖို့မမေ့နဲ့ဦးနော်"
"အင်း"
စုလုရီက တစ်လုံးတည်းသာ ဖြေလိုက်သဖြင့် ကျိုးချင်းချန်က သဘောပေါက်သွားကာ "အစ်ကို စုရော ရှိနေတာလား"
"အင်း၊ ပြောစရာရှိလို့လား"
"မရှိပါဘူး။ မင်း အဆင်ပြေရင် တခြားအစ်ကိုတွေပါ ခေါ်လာလို့ ရတယ်နော်"
"အင်း၊ ငါ သိပြီ"
ကျိုးချင်းချန်က စုလုရီ အလျင်လိုနေသည်ကို ရိပ်မိသဖြင့် "ဒါဆိုလည်း လုပ်စရာ ရှိတာ လုပ်တော့နော်" ဟု ပြောပြီး ဖုန်းချလိုက်တော့၏။
ဖုန်းချလိုက်သောအခါ စုချီက စုလုရီ၏ ခါးက်ိုဖက်ပြီး နှုတ်ခမ်းကို တစ်ဖန် ပြန်နမ်းပြန်သည်။
စုလုရီက စုချီ၏ ခံစားချက် တည်ငြိမ်သွားသည့် အချိန်ရောက်မှ စုချီကို တွန်းထုတ်ကာ "ဖုန်း ပြောနေတာကို ဘာလို့ နှောင့်ယှက်တာလဲ အစ်ကိုကြီး" ဟု ဆူပုတ်ကာ ပြောလိုက်၏။
"ငါ မင်းကို ဖက်လိုက်တဲ့ အချိန်မှာ မထိန်းနိုင်တော့လို့"
...
နှစ်ယောက်သား အခန်းထဲတွင် ညစာ မစားခင်အချိန်အထိ ရှိနေကြပြီးနောက် ညစာ စားရန် အောက်သို့ အတူတကွ ဆင်းလာခဲ့ကြသည်။
ထမင်းစားခန်းထဲတွင် စုကျစ်ထုံက စိတ်မတိုနေတော့ဘဲ စိတ်ကြည်နေကာ "ရေကူးကန်က အကုန်အဆင်ပြေတယ်။ ဒီည အဖေတို့ ရေကူးကြရအောင်" ဟု ထပြောလိုက်၏။
"နေပါဦး ကျစ်ထုံရယ်။ ထမင်း စားပြီးမှ လုပ်ပါ"
"အင်း၊ ဒါဆို အိမ်အကူတွေကို ရေဖြည့်ခိုင်းထားလိုက်မယ်"
...
ညစာ စားပြီး ခဏကြာပြီးနောက် စုကျစ်ထုံက တစ်မိသားစုလုံးကို ရေစိမ်ရန် ဆော်သြလိုက်သည်။
အနောက်ခြံမှာ ပြန်ပြင်ထားသဖြင့် အိမ်ထဲမှ တစ်ဆင့် ပန်းခြံကို ဖြတ်၍ သွားလျှင် တိုက်ရိုက်ရောက်သွားပြီ ဖြစ်၏။
စုလုရီက အခန်းသို့ ပြန်ပြီး အင်္ကျီချွတ်ကာ ရေချိုးတဘက်ကို ပုခုံးပေါ်တင်ပြီး အခန်းတွင်း အပူချိန်ကို
ပြန်လာလျှင် မအေးနေရန် မြှင့်ထားလိုက်သည်။
စုလုရီ အခန်းထဲမှ ထွက်လာသောအခါ စုကျန်းချန်နှင့် စုယွီတို့က အောက်ထပ်သို့ ဆင်းသွားကြပြီ ဖြစ်ပြီး စုချီ၏ အခန်းတံခါးမှာ တစ်ဝက် ပွင့်နေခဲ့၏။
ထို့ကြောင့် စုလုရီက စုချီ၏ အခန်းဆီသို့ လျှောက်သွားလိုက်ရာ ကြွက်သားများ ထွက်နေသော အပေါ်ပိုင်း ဗလာနှင့် စုချီကို မြင်လိုက်ရသည်။
"ဝါး၊ မိုက်လိုက်တာ"
စုလုရီက ထိုသို့ တွေးပြီး စုချီ၏ ခန္ဓာကိုယ်ကို စိုက်ကြည့်နေရာ စုချီက "မင်း ဘာကို ကြည့်နေတာလဲ။ ကြည့်ကောင်းလို့လား" ဟု လှမ်းမေးလိုက်သည်။
ထိုအခါ စုလုရီက ရှက်သွား၍ အောက်ထပ်သို့ ဆင်းမည် အပြုတွင် စုချီက လှမ်းဆွဲလိုက်ရာ ပုခုံးပေါ်မှ တဘက် ပြုတ်ကျသွားပြီး စုလုရီ၏ ခန္ဓာကိုယ်အပေါ်ပိုင်းက ပေါ်လာတော့၏။
စုလုရီက တဘက်ကို အမြန် ပြန်တင်လိုက်ပြီး "ဘာဖြစ်လို့လဲ အစ်ကိုကြီး" ဟု ပြန်မေးလိုက်သည်။
စုချီက စုလုရီ၏ လည်ပင်းကို ကြည့်လိုက်ကာ "မသွားနဲ့တော့၊ စုလုရီ" ဟု ပြောပြီး တားလိုက်၏။
"ဘာလို့လဲ အစ်ကိုကြီး။ ပါးပါးက ကျွန်တော်တို့ကို ခေါ်ထားတယ်လေ" ဟု စုလုရီစွာ နားမလည်စွာ မေးလိုက်သဖြင့် စုချီက "မင်း အခု ရေသွားစိမ်လို့ မရဘူး။ မင်းရဲ့ လည်ပင်းမှာ ငါနမ်းထားတဲ့ အရာရှိနေတယ်" ဟုပြန်ပြောလိုက်လေသည်။
...…….................................
.........................................
အပိုင်း (၇၄) ပြီးပါပြီ။