Chapter 88 (End)

9K 543 8
                                    

အပိုင်း (၈၈) ပျော်ရွှင်ဖွယ်ရာ အဆုံးသတ်


နှစ်ယောက်သား၏ စိတ်ခံစားချက်များ ပွင့်ထွက်လာပြီးနောက် ရုံးခန်းထဲရှိ နားနေခန်းက အသုံးဝင်လာခဲ့သည်။

စုလုရီက ပထမဆုံး အကြိမ်တွင် ရှက်နေခဲ့သော်လည်း နှစ်ခါ အတွေ့အကြုံ ရှိပြီးသောအခါ အထိအတွေ့၏ သာယာမှုကို ခံစားတတ်လာခဲ့၏။

ကိစ္စ ပြီးသွားသောအခါ စုလုရီက စုချီ အိပ်ယာခင်းကို သန့်ရှင်းရေး ပြန်လုပ်နေသည့် ပုံစံကို ကြည့်ပြီး ရှက်နေသည့် ပုံစံဖြင့် "အစ်ကိုကြီး...ကျွန်တော်တို့ အစ်ကို (၂) ဝယ်ပေးထားတဲ့ အိပ်ယာပေါ်မှာ ဒီလိုလုပ်နေကြတာ အစ်ကို (၂) သိလို့ကတော့..." ဟု ပြောလိုက်သည်။

"သူ သိမှာ မဟုတ်ဘူး'

"..."

နာကျင်နေသည့်ကြားမှ စုလုရီက စုကျန်းချန်၏ တုံးအပုံကို တွေးကာ စုတ်သပ်မိတော့သည်။

ဧည့်ခံပွဲ ကျင်းပပြီးနောက် လဝက်ခန့်ကြာသွားသောအခါ မိတ်‌ဆွေများထံမှ စုလုရီကို ကုမ္ပဏီခွဲ  လွှဲပေးမည့် ကိစ္စက ပြန်စလာသဖြင့် စုကျစ်ထုံက ရုံးမှ ပြန်လာသော စုလုရီတို့ကို ဧည့်ခန်းထဲသို့ လက်ယပ်ပြီး လှမ်းခေါ်လိုက်သည်။

"သားငယ်လေး၊ မင်း ကုမ္ပဏီခွဲကို သွားလို့ ရနေပြီနော်။ မင်းမှာလည်း ကုမ္ပဏီကို အုပ်ချုပ်နိုင်တဲ့ အရည်အချင်း ရှိနေပြီ"

"ဟုတ်ကဲ့၊ ပါးပါး"

စုလုရီက ထိုသို့ ဖြေလိုက်ပြီး စုချီကို တစ်ချက်လှမ်းကြည့်လိုက်သည်။

စုကျစ်ထုံက စုချီကို ကြည့်ပြီး "သူဌေးလည်း ဒီကိစ္စကို ကန့်ကွက်မှာ မဟုတ်ဘူးမလား။ ရှောင်ရီလေးကို အမြဲတမ်း မင်းရဲ့ လက်ထောက်အနေနဲ့ ခေါ်ထားလို့ မရဘူးမလား" ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့၊ သား ဘာမှ ပြောစရာ မရှိပါဘူး"

"မင်းတို့ အချင်းချင်း ကွဲသွားမှာတော့ မဟုတ်ဘူးမလား"

"အဲ့လို ကိစ္စမျိုး ရှိလာမှာ မဟုတ်ဘူး အဖေ"

"အေး အေး"

...

စုကျစ်ထုံက ပြောစရာ ကိစ္စပြောပြီးနောက် စိုးရိမ်ပူပန်သည့် မျက်နှာဖြင့် အပေါ်ထပ်သို့ တက်သွားတော့သည်။

စုလုရီကို အချိန် (၃) ရက်ပေးထားသဖြင့် အချိန် (၃) ရက် ပြည့်သွားသောအခါ စုလုရီက ကုမ္ပဏီခွဲကို သွားရန် ပြင်ရတော့သည်။

စုလုရီက စုချီနှင့် အတူ လိုက်ထွက်ရန် ပြင်နေသဖြင့် စုကျစ်ထုံက "ရှောင်ရီလေး၊ ဒီနေ့ ရုံးခွဲကို သွားရမှာ သတိရတယ်မလား" ဟု မေးလိုက်သည်။

"ဟုတ်ကဲ့၊ သတိရပါတယ် ပါးပါး"

ထိုအခါ စုချီက ဖိနပ်စီးနေရင်းဖြင့် "သား သူ့ကို လိုက်ပို့လိုက်မယ် အဖေ" ဟု ထပြောလိုက်သည်။

စုကျစ်ထုံ - "သူဌေးက ရုံးချုပ်ကို သွားရမှာမလား"

ယုရှင်းရန် - "အို၊ ရှင်ကလည်း ရှောင်ရီလေးရဲ့ ပထမဆုံး ရုံးတက်ရက်ကို သူဌေး လိုက်ပို့ပါစေ"

စုလုရီ - "မားမား ပြောတာ ဟုတ်တယ်"

စုကျစ်ထုံ - "ဟုတ်တယ် ဟုတ်တယ်။ မိန်းမ ပြောတာ မှန်တယ်"

စုလုရီတို့ ကားပေါ် တက်ခဲ့ကြပြီးနောက် စုချီက ရုံးခွဲဆီသို့ ဦးတည် မောင်းနှင်လိုက်သည်။

ရုံးခွဲမှာ မြို့၏ မြောက်ဘက်တွင် ရှိနေသဖြင့် ရုံးချုပ်နှင့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့၏။

မနက် (၉) နာရီခွဲမှ ရုံးခွဲသို့ ရောက်သွားကာ စုလုရီတို့ အထဲကို ဝင်လိုက်သောအခါ ရှောင်ချင်က ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ အပေါက်ဝတွင် ရပ်စောင့်နေခဲ့သည်။

ထို့နောက် ရှောင်ချင်က စုလုရီနှင့် အကြီးအကဲများကို မိတ်ဆက်ပေးကာ ကုမ္ပဏီကို လိုက်လံ ပြသခဲ့သည်။

အပေါ်ဆုံးထပ်သို့‌ ရောက်သောအခါ ရုံးချုပ်အတိုင်း အတွင်းရေးမှူး ရုံးခန်းကို ဖြတ်ပြီးမှ သူဌေး ရုံးခန်းသို့ ရောက်သည်။

စုလုရီက အတွင်းရေးမှူး နေရာကို ကြည့်ပြီး "အတွင်းရေးမှူးက ဘယ်သူလဲ ဆိုတာတော့ မသိပေမယ့် ရှောင်ချင်သာ အတွင်းရေးမှူးဆိုရင် သိပ်ကောင်းမှာပဲ" ဟု ပြောလိုက်သည်။

"ကျေးဇူးပါ၊ သူဌေး စု"

...


စုလုရီ ရုံးခန်းထဲသို့ ဝင်လိုက်သောအခါ ရုံးခန်းထဲတွင် ဆိုဖာနှင့် တီဗီအကြီးကိုသာ ထားရှိထားကြောင်း တွေ့လိုက်ရသည်။

ထို့ကြောင့် စုလုရီက အံ့ဩသွားကာ "အစ်ကိုကြီး၊ ကျွန်တော်က ဒီနေရာမှာ ထိုင်ပြီး တီဗီ ထိုင်ကြည့်ရမှာလား" ဟု ပြောလိုက်သည်။

"မင်းက တီဗီ ကြည့်မလို့လား"

"မဟုတ်ပါဘူး။ စာရွက်စာတမ်းတွေ ကြည့်ရမှာပေါ့"

"..."

"ဒါနဲ့ ကျွန်တော်က စားပွဲ မရှိဘဲ ဘယ်နားမှာ သွားပြီး အလုပ်လုပ်ရမှာလဲ" ဟု စုလုရီက ထပ်မေးလိုက်သဖြင့် စုချီက "ပြန်ကြမယ်" ဟုပြောလိုက်သည်။

"ကျွန်တော် အစ်ကိုကြီးကို ပြန်လိုက်ပို့ရမှာလား"

စုချီက စုလုရီကို ခေါ်ကာ ရုံးချုပ်ဆီသို့ ပြန်လာခဲ့သည်။

ရုံးချုပ်သို့ ရောက်သောအခါ နေ့လည်စာ စားချိန်ရောက်နေပြီ ဖြစ်သဖြင့် စုချီက နေ့လည်စာကိုပါ ကြိုမှာထားခဲ့၏။

စုလုရီက ရုံးချုပ်ကို ပြန်ရောက်မှ စုချီ၏ လုပ်ရပ်ကို နားလည်လာကာ "အစ်ကိုကြီး၊ ပါးပါးကို ဆန့်ကျင်နေတာလား" ဟု မေးလိုက်သည်။

"ဒါ ဆန့်ကျင်တာ မဟုတ်ဘူး။ ဗျူဟာ သုံးတာ"

"တကယ်လို့ တစ်ယောက်ယောက်က ကျွန်တော့်ကို ရုံးခွဲမှာ လာတွေ့တယ်ဆို ဘယ်လိုလုပ်မလဲ"

"ဗီဒီယိုကော ပြောပေါ့"

"..."

သိပ်မကြာခင်တွင် စုကျစ်ထုံက စုလုရီ၏ အယောင်ဆောင် သူဌေး အကြောင်းကို သိသွားတော့သည်။

သို့သော် ရုံးခွဲ၏ လည်ပတ်မှုက ယခင်ကထက် ပိုကောင်းမွန်နေသဖြင့် နှစ်ယောက်သားကို ဆူရုံ ဆူပြီး ပြန်လွှတ်လိုက်၏။

စုချီတို့က ပုံမှန်အတိုင်း ရုံးအတူ သွား၊ အတူ လာ လုပ်ကြသည့် အပြင် အိမ်ပြန်ရောက်လျှင်လည်း တစ်ပူးပူး တစ်တွဲတွဲ နေနေကြသည်။

ထိုအခါ စုကျစ်ထုံက မနေနိုင်တော့သဖြင့် "သူဌေး၊ မင်း ဒီလောက် ကပ်နေတာ ရှောင်ရီလေးက မင်းကို ငြီးငွေ့သွားရင် ဘယ်လိုလုပ်မလဲ" ဟု မေးလိုက်၏။

ထိုအခါ စုချီ၏ လက်မောင်းအောက်မှ စုလုရီက "သား မငြီးငွေ့ပါဘူး ပါးပါးရဲ့" ဟု ပြန်ဖြေလိုက်သဖြင့် စုကျစ်ထုံက ရင်ဘတ်ကို ထုပြီး လှည့်ထွက်သွားတော့သည်။

စုကျစ်ထုံက မာနကြီးသော စုချီက ယခုကဲ့သို့ တွယ်ကပ် တတ်လိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။

စုကျစ်ထုံ ထွက်သွားသောအခါ စုလုရီက "အစ်ကိုကြီးရော၊ ကျွန်တော့်ကို ငြီးငွေ့သွားမှာလား" ဟု စုချီကို ကြည့်ပြီး မေးလိုက်သည်။

"မငြီးငွေ့ဘူး"

"ကျွန်တော်ရောပဲ ဟီး"

...

မတ်လ ကုန်ဆုံးပြီးနောက် နွေရာသီသို့ ကူးပြောင်းရောက်ရှိလာသည်။

စုလုရီက စုချီအတွက် စုံတွဲလက်စွပ်ကို ဝယ်ယူလိုက်၏။

ထို့နောက် စုချီကို ပေးရန် စုချီ၏ အခန်းထဲသို့ ဝင်လာခဲ့ရာ ကုတင်ပေါ်တွင် မှီထိုင်‌နေသော စုချီက "ဘာ ကိစ္စရှိလို့လဲ" ဟု လှမ်းမေးလိုက်သည်။

စုလုရီက စကားလုံးများ စီလာသော်လည်း စုချီ၏ ရှေ့သို့ ရောက်သောအခါ အကုန်မေ့သွားသဖြင့်
စုချီ၏ လက်ကို ယူကာ လက်စွပ်ဝတ်ပေးလိုက်ပြီး "အစ်ကိုကြီးကို ပေးတာ" ဟုပြောလိုက်သည်။

စုချီက ဘာမှ ပြန်မပြောဘဲ ကြောင်ကြည့်နေသောအခါ စုလုရီက "ကျွန်တော် ဖြစ်သလို ဝယ်လာတာ မဟုတ်ပါဘူး။ ရုံးခွဲက ပိုက်ဆံတွေက လွဲရင် ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှု အကုန်လုံးကို သုံးပြီး ဝယ်လာခဲ့တာပါ" ဟု ပြောပြီး "အစ်ကိုကြီးက မကြိုက်လို့လား" ဟု ဆက်ပြောကာ လက်ကို ရုတ်သွားတော့သည်။

ထိုအခါ စုချီက စုလုရီ၏ လက်ကို လှမ်းဆွဲကာ မျက်နှာနှင့် လည်ပင်း နေရာအနှံ့ကို အဆက်မပြတ်နမ်းတော့သည်။

"မင်းက မင်း ပိုင်ဆိုင်တဲ့ အရာအားလုံး ငါ့ကို ပေးထားတာဆိုတော့ ငါ ဘာပြန်ပေးရမလဲ"

"ရပါတယ်၊ မလိုပါဘူး အစ်ကိုကြီးရဲ့။ လုံလောက်နေပါပြီ"

အမှန်တကယ်ပင် စုချီ ပေးထားသော အရာများမှာ စုလုရီအတွက် လုံလောက်နေပြီ ဖြစ်သည်။

စုချီ၏ မျက်လုံးများက မီးတောက်လာကာ လက်စွပ်မှ လွဲ၍ ခန္ဓာကိုယ် တစ်ခုလုံး ပူနွေးလာတော့သည်။

စုချီက စုလုရီကို အိပ်ယာပေါ်သို့ လှဲချလိုက်ပြီး လက်ကို ကိုင်ကာ နမ်းရှုံ့တော့သည်။

အိပ်ယာပေါ်ရှိ လူးလိမ့်မှုများ အပြီးတွင် စုလုရီက အိပ်ငိုက်လာသဖြင့် စုချီက ရင်ခွင်ထဲတွင် ထည့်ကာ သိပ်လိုက်သည်။

နွေရာသီ အစ၏ မိုးပေါက်များကလည်း စတင်ကျဆင်းလာသဖြင့် ခြံဝန်းထဲတွင် မိုးရွာနေသည်ကို ပြတင်းပေါက်မှန်မှ တစ်ဆင့် မြင်နေရသည်။

စုချီက စုလုရီကို ဖက်ထားရင်း "ငါ မင်းကို မိသားစုပြန်ပေးမယ်" ဟု လေသံအေးအေးဖြင့် ပြောလိုက်၏။

စုချီ၏ စကားကြောင့် စုလုရီက မျက်လုံး ကျယ်လာကာ မျက်ရည်များပင် ဝဲလာတော့သည်။

မိဘမဲ့ ဂေဟာတွင် ဆွေမျိုးမိဘများ၏ ပစ်ထားခံရမှုမှာ စုချီနှင့် တွေ့ရန် အတွက်များလားဟုပင် တွေးရန် ဖြစ်လာတော့သည်။

အနှစ် နှစ်ဆယ်ကျော် အေးစက်လာသော ဆောင်းရာသီမှာလည်း ကုန်ဆုံး၍ စိမ်းစိုပွင့်လန်းသော နွေရာသီသို့ ကူးပြောင်း ရောက်ရှိတော့မည် ဖြစ်၏။

စုချီနှင့် စုလုရီတို့ကလည်း ဘဝတစ်ခုလုံး ပျော်ရွှင်စွာ ဖြတ်သန်းသွားကြလေသတည်း။


[ပြီးပါပြီ]

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)On viuen les histories. Descobreix ara