စုလုရီ
အပိုင်း (၈၀) ပထမဆုံးအကြိမ်
တည်ငြိမ် ခိုင်ခံ့နေသော ကုတင်က လှုပ်ယမ်းလာသည်။
လှုပ်ရှားမှုက အရမ်း မပြင်းထန်သော်လည်း အချိန်အတော်ကြာသွားခဲ့၏။
ထို့ကြောင့် စုလုရီက နာကျင်လာသဖြင့် တုန်ရီကာ ရုန်းရန် ကြိုးစားလိုက်သည်။
သို့သော် စုချီ၏ အနောက်မှ သိုင်းဖက်ထားမှုကြောင့် မလှုပ်နိုင်တော့ဘဲ "အစ်ကိုကြီး" ဟုသာ ခေါ်ပြီး နာကျင်နေကြောင်း ပြသလိုက်ရ၏။
"ခဏလေး ပြီးတော့မယ်။ အရမ်း ကောင်းနေပြီ" ဟုစုချီက ပြောကာ စုလုရီကို သာသာယာယာ နမ်းလိုက်သည်။
မိနစ် နှစ်ဆယ်ကြာ လှုပ်ခတ်သွားပြီးနောက် တဖြည်းဖြည်းချင်း အပြီးသတ်လိုက်ကာ စုလုရီ၏
ဒူးများမှာ ပျော့ခွေသွားတော့၏။
စုချီက စုလုရီကို အနောက်မှ ဖက်လိုက်ပြီး စုလုရီ၏ လည်ပင်းမှ မှဲ့အနီလေးကို နမ်းစုပ်လိုက်သည်။
စုလုရီက မြန်ဆန်နေသော ရင်ခုန်သံကို ထိန်းချုပ်ကာ "အစ်ကိုကြီး ပြောတော့ တစ်ရေး အိပ်ဖို့ဆို" ဟု မေးလိုက်၏။
"အစီအစဉ် ပြောင်းသွားပြီ" ဟု စုချီက ပြောကာ စုလုရီ၏ လည်ပင်းကိုသာ နမ်းစုပ်နေလိုက်သည်။
စုလုရီက အစက အေးနေသော်လည်း ယခု၌မူ အပူချိန်မြင့်တက်လာကာ ပူနေပြီ ဖြစ်၏။
ပြီးဆုံးသွားသောအခါ နေ့လည်နားချိန် ပြီးဆုံးရန် နာရီဝက်သာ ကျန်တော့သည်။
စုလုရီက မအိပ်ရသေးသဖြင့် စုချီ၏ လက်မောင်းပေါ်တွင် လှဲကာ "အစ်ကိုကြီး၊ ကျွန်တော် အရမ်း အိပ်ချင်နေတယ်" ဟု ပြောလိုက်၏။
"အိပ်ချင်ရင် အိပ်လေ။ မင်းကို အိပ်ခွင့် မပေးလို့လား"
"အစ်ကိုကြီးပဲ အိပ်လို့ မရအောင် လုပ်ထားပြီးတော့"
"စကားတွေ ပြောမနေနဲ့။ အိပ်တော့"
နေ့လည်နားချိန် ပြီးသွားပြီ ဖြစ်သဖြင့် စုချီက အိပ်ယာပေါ်မှ ထကာ အင်္ကျီ ကြယ်သီးကို ပြန်တပ်လိုက်သည်။
စုလုရီကလည်း ဘောင်းဘီကို ပြန်ဝတ်လိုက်ရာ နာကျင်သွားသဖြင့် ညီးညူသံ ထွက်ပေါ်လာခဲ့၏။
"နာသွားတာလား"
စုလုရီ၏ ညီးညူသံကြောင့် စုချီက နာကျင်နေသော နေရာကို ကြည့်လိုက်ပြီး "နည်းနည်း ပြဲသွားတာ။ မင်းက ပျော့လိုက်တာ" ဟု ပြောလိုက်သည်။
စုလုရီက ရှက်သွားသဖြင့် ဘောင်းဘီကို မြန်မြန် ဝတ်လိုက်ကာ "ရတယ် အစ်ကိုကြီး။ ကျွန်တော် အိမ်ရောက်မှပဲ ဆေးလိမ်းလိုက်တော့မယ်" ဟု ပြောလိုက်၏။
"ဒါဆိုလည်း ညကျရင် ငါ ကူညီပေးမယ်"
စုလုရီက စုချီ၏ စကားကြောင့် ရုတ်တရက် လန့်သွားကာ ခေါင်းထောင် ကြည့်လိုက်သဖြင့် "ဆေးလိမ်းပေးမယ်လို့ ပြောတာ" ဟု စုချီက ထပ်ပြောလိုက်ရသည်။
ထိုအခါမှ စုလုရီက စိတ်အေးသွားကာ သက်ပြင်းချပြီး ခါးပတ်ကို ကောက်ပတ်လိုက်၏။
ရုံးခန်းထဲသို့ ပြန်ရောက်သောအခါ တံခါးခေါက်သံကြားသဖြင့် ဝင်ခိုင်းလိုက်ရာ ရှောင်ချင် ဖြစ်နေခဲ့သည်။
"ဒါရိုက်တာ စု" ဟု ရှောင်ချင်က ခေါ်ပြီး စုချီ ခိုင်းထားသည့် စာရွက်စာတမ်းများကို ယူလာကာ စုချီကို တင်ပြလိုက်သည်။
နာရီဝက် ကြာသောအခါ ရှောင်ချင်က ထထွက်သွားရန် ပြင်လိုက်တော့၏။
စုလုရီက ရှောင်ချင်ကို နှုတ်ဆက်လိုက်ပြီး ရှောင်ချင်က တံခါးပိတ်ကာ ရုံးခန်းထဲမှ ထွက်သွားတော့သည်။
ရုံးဆင်းချိန် နီးလာခဲ့သော်လည်း စုလုရီက လုပ်ရမည့်အလုပ် တစ်ဝက်သာ ပြီးသေးသဖြင့် "အစ်ကိုကြီး၊ ကျွန်တော် လုပ်စရာတွေ အများကြီး ကျန်သေးတယ်။ တကယ်လို့ အစ်ကိုကြီး အမြန်လိုချင်ရင်တော့ ကျွန်တော် အချိန်ပို ဆင်းပြီး လုပ်ပေးမယ်" ဟု ပြောလိုက်သည်။
"ဘယ်လောက် ကြာဦးမှာလဲ"
"နှစ်နာရီလောက်"
"ဒါဆိုလည်း မင်းပြီးမှပဲ အိမ်ပြန်ကြမယ်။ ငါလည်း အချိန်ပို အတူတူ ဆင်းပေးမယ်။ ညစာကို မှာစားကြမယ်" ဟု စုချီက ကွန်ပြူတာ ရိုက်ရင်း ပြောလိုက်သည်။
"ညစာက ကျွန်တော် မှာလိုက်လို့ ရလား"
"အင်း။ မင်း ကြိုက်တာ မှာလို့ရတယ်"
စုလုရီက ညစာ လှမ်းမှာပြီးနောက် စာရွက်စာတမ်းများကို စီကာ အလုပ်ရှုပ်နေ၏။
ယနေ့ လုပ်ရသော စာရွက်စာတမ်းများမှာ အမျိုးအစား မတူသဖြင့် အုပ်စုတူ စုရန်မှာ ခက်ခဲလှသည်။
စုလုရီက ခဏနားရန် ခေါင်းထောင်လိုက်ပြီးနောက် သူ၏ ဖုန်းကို ထုတ်ကြည့်လိုက်၏။
နေ့လည်က ဖုန်းမကိုင်မိသဖြင့် သူငယ်ချင်းများနှင့် အုပ်စုဖွဲ့ထားသော စကားပြောခန်းတွင် စာများ အများအပြား ရောက်နေသည်ကို တွေ့လိုက်ရသည်။
စွင်းဟဲ့ယွီ : "ဟေ့၊ ဘယ်လိုလဲဟ၊ စုလုရီ။ ဘာလို့ မင်းနဲ့ မင်း အစ်ကိုကြီးရဲ့ ကောလဟာလတွေက ထွက်နေတာလဲ"
ကျိုးချင်းချန် : "ပါတီပွဲ ပြီးတဲ့နေ့ထဲက ပျံ့နေတယ်ဆိုတာကို မင်း သိတယ်မလား စုလုရီ။ ငါ မှားသွားတယ်ကွာ။ လူတွေ အများကြီး မဖိတ်ဘဲ နေလိုက်ရမှာ"
စွင်းယွဲ့ : "ဒါဆို အမှန်လား၊ အမှားလား၊ စုလုရီ"
ကျိုးချင်းချန် : "မှန်မှန် မှားမှား၊ ကုမ္ပဏီ တစ်ချို့က အဲ့ကိစ္စနဲ့ စုမိသားစုကို ဖြုတ်ချမလို့ ကြံစည်နေကြတယ်လို့ ကြားတယ်"
စွင်းယွဲ့ : "သူများ အိမ်တွင်းရေး ကိစ္စက သူတို့နဲ့ ဘာဆိုင်လို့လဲ"
ကျိုးချင်းချန် : "နေဦး ငါ တွေ့ထားတာကို ပို့လိုက်မယ်"
...
စုလုရီက ကျိုးချင်းချန် ပို့ထားသော ဖိုင်ကို ဖွင့်ကြည့်လိုက်ရာ အနည်းငယ် ရင်းနှီးနေသဖြင့် ဖုန်းကို ဘေးသို့ ခဏ ချလိုက်သည်။
ထို့နောက် စားပွဲပေါ်မှ စာရွက်စာတမ်းများကို ပြန်ကြည့်လိုက်သောအခါ ဖိုင်တစ်ခုမှာ ကျိုးချင်းချန် ပို့ထားသော ဖိုင်နှင့် တူနေကြောင်း တွေ့လိုက်ရ၏။
"ကြည့်ရတာ အစ်ကိုကြီးက သိနေတာ ကြာပြီ ထင်တယ်"
စုလုရီက တည်ငြိမ်စွာဖြင့် အုပ်စုဖွဲ့ စကားပြောခန်းသို့ စာပြန်ပို့လိုက်သည်။
စုလုရီ : "အစ်ကိုကြီးနဲ့ ငါနဲ့က တကယ် တွဲနေတာ။ ပြီးတော့ အစ်ကိုကြီးက သူတို့ကို မီးမွှေးဖို့အတွက် ထင်းအနေနဲ့ သုံးမယ်လို့ ပြောတယ်။ အဲ့ဒါကြောင့် စိတ်မပူကြနဲ့နော်"
စုလုရီက စာပို့ပြီးနောက် ဖုန်းကို ချကာ အလုပ် ပြန်လုပ်နေလိုက်သည်။
ထိုအချိန်တွင် စွင်းဟဲ့ယွီတို့က စုလုရီ ပို့ထားသော စာကို မြင်သွားကာ ထိတ်လန့်သွားတော့၏။
စွင်းဟဲ့ယွီ : "တကယ်ကြီးလား။ စုလုရီက တစ်မိုးအောက် စုချီကို တကယ်ပဲ ဆွဲဆောင်နိုင်လိုက်တာပေါ့လေ"
စွင်းယွဲ့ : "ဝိုး...တကယ်ကြီးပေါ့။ ပြီးတော့ အစ်ကို
ကြီး စုက ထင်းအဖြစ် သုံးမယ်ဆိုတော့ ပြာဖြစ်အောင် လုပ်မလို့ စဉ်းစားနေတာလား"
စုလုရီတို့၏ အကြောင်းကို ကြိုသိနေသော ကျိုးချင်းချန်ကမူ ဝင်မပြောဘဲ စွင်းဟဲ့ယွီတို့ ပြောနေကြသည်များကိုသာ ထိုင်ဖတ်နေလိုက်သည်။
စုလုရီက ညနေ ခြောက်နာရီ မတိုင်ခင်အထိ အလုပ်ဆက်တ်ိုက် လုပ်နေခဲ့ပြီးနောက် မှာထားသည့် အစားအသောက် လာပို့တော့မည့် အချိန်ရောက်နေပြီ ဖြစ်သဖြင့် အလုပ်ကို ခဏနားကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်၏။
ပြတင်းပေါက်မှ ကြည့်လိုက်သောအခါ အောက်တွင် ရုံးဆင်းသွားသော ဝန်ထမ်းများနှင့်အတူ အစားအသောက် ပို့သည့်လူပါ ရောက်လာသည်ကို တွေ့လိုက်ရသည်။
အလုပ်စားပွဲမှ စုချီက စုလုရီကို လှမ်းကြည့်နေရာ စုလုရီက သူ့ဘက်သို့ လုံးဝ လှည့်မကြည့်သဖြင့် ထိုင်ရာမှ ထလာကာ "မင်း ဘယ်ကို အဲ့လောက်တောင် ကြည့်နေတာလဲ" ဟု စုလုရီကို မေးလိုက်၏။
"ဘယ်မှ မကြည်ပါဘူး။ ဘာလို့ ပြဿနာ လာရှာနေတာလဲ အစ်ကိုကြီး"
"ငါက မဟုတ်ဘဲ ပြဿနာ ရှာနေလို့လား"
"မဟုတ်လို့လား"
....
နှစ်ယောက်သား စကားများနေကြချိန်၌ ရုံးခန်းတံခါး ခေါက်သံထွက်လာကာ ရှောင်ချင်က "မှာထားတာတွေ ရောက်ပါပြီ ဒါရိုက်တာ စု" ဟု ပြောပြီး အစားအသောက်များ လာပို့လိုက်သည်။
စုလုရီက အစားအသောက်များကို စားပွဲပေါ်၌ တင်ပြီး စုချီ၏ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ ကျိုးချင်းချန်ပြောသည့် ကိစ္စများကို ပြန်ပြောပြလိုက်၏။
"စိတ်ပူမနေနဲ့။ အဲ့အရာတွေက မင်းနဲ့ ငါရဲ့ ဆက်ဆံရေးကို ထိခိုက်စေမှာ မဟုတ်ဘူး"
စုလုရီက စားနေရင်းဖြင့် မူလ ဇာတ်ကြောင်းကို ပြန်အမှတ်ရသွားခဲ့သည်။
မူလ ဇာတ်ကြောင်းတွင် ဗီလိန် စုလုရီက ပြိုင်ဘက် ကုမ္ပဏီကို စုမိသားစု၏ လုပ်ငန်း လျှို့ဝှက်ချက်များကို ရောင်းစားခဲ့သော်လည်း စုချီက ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့၏။
သူ ကူးပြောင်းလာသည့် အချိန်မှစ၍ အခြေအနေများ ပြောင်းလဲလာသည်ကို တွေးကာ စုလုရီက ငြိမ်သက်သွားတော့သည်။
"စုလုရီ"
"ဟင်"
"နာနတ်ပွင့် စားမလို့လား"
စုလုရီက အတွေးများရင်း နာနတ်ပွင့်ကို ပါးစပ်ထဲထည့်ရန် ပြင်နေသဖြင့် စုချီက ကြည့်ကာ လှမ်းမေးလိုက်သည်။
"မဟုတ်ပါဘူး။ မွှေးလို့ အနံ့ရှူမလို့"
"..."
ညစာ စားပြိီးနောက် စားပွဲပြန်ရှင်းကာ အလုပ်ကိုယ်စီ ပြန်လုပ်ခဲ့ကြ၏။
စုလုရီက အလုပ်လုပ်နေရင်း ခါးအောက်ပိုင်းက နာလာသဖြင့် ညီးညူသံ အနည်းငယ် ထွက်လာခဲ့သည်။
ထို့ကြောင့် စုချီက လှမ်းကြည့်လိုက်ကာ "ငါ မင်းကို နာကျင်အောင် မလုပ်ချင်ခဲ့ဘူး ဆိုတာကို မင်း သိတယ်မလား" ဟု ထပြောလိုက်သည်။
"အင်း၊ သိပါတယ်"
"မင်းက ဘာကို သိတာလဲ။ နာတာကို သိတာလား။ ငါ ချစ်တယ်ဆိုတာကို သိတာလား"
"အစ်ကိုကြီး ချစ်တယ်ဆိုတာကို သိတာပါ"
"မင်း သိတယ်ဆိုလို့ တော်သေးတာပေါ့"
"အစ်ကိုကြီး၊ အခု တစ်ခုခု လုပ်ချင်လို့ အစပျိုးနေတာလား။ ကျွန်တော်က အစ်ကိုကြီးရဲ့ အတွေးတွေကို မခန့်မှန်းနိုင်တာ ခက်တာပဲ"
"မင်းက မခန့်မှန်းနိုင်တာ မဟုတ်ဘူး။ စာဖတ်နည်းလို့ ဖြစ်နေတာ"
ကြည်လင်နေသော စိတ်အခြေအနေက ရုတ်တရက် နောက်ကျိသွားကာ စုလုရီက ဆူပုတ်ပြီး "အစ်ကိုကြီးက ကျွန်တော့်ကို တကယ် ချစ်တာရော ဟုတ်ရဲ့လား" ဟု မေးလိုက်သည်။
"မင်း အချစ်က ပြောင်းလဲသွားတယ်လို့ ကြားဖူးလို့လား"
"မသိဘူး။ ဒီထပ် ပိုသိချင်တယ်"
"မင်း နေ့လည်က ကြုံဖူးပြီးသွားပြီမလား"
"..."
...…….................................
.........................................
အပိုင်း (၈၀) ပြီးပါပြီ။