Chapter 64

4.1K 439 0
                                    

အပိုင်း (၆၄) လွီမိသားစု လာလည်ခြင်း


စုကျစ်ထုံ၏ အသံကြောင့် စုလုရီက ထိတ်လန့်သွား၍ ကုတင်အောက်နှင့် ဗီဒိုကို လှမ်းကြည့်လိုက်ပြီး စုချီ၏ လက်ကိုဆွဲကာ "အစ်ကိုကြီး၊ ကုတင်အောက်နဲ့ ဗီဒို၊ ဘယ်နေရာမှာ ပုန်းမလဲ" ဟု မေးလိုက်သည်။

စုချီက စုလုရီ၏ အူကြောင်ကြောင်နိုင်မှုကြောင့် ပြုံးလိုက်ကာ "ငါက ဘာလို့ ပုန်းနေရမှာလဲ။ အဖေက ငါ့ အခန်းကို တံခါးခေါက်နေတာလေ" ဟု ပြောပြီး ဝရံတာ တံခါးမှ ထွက်သွားတော့၏။

ထို့နောက် စုချီက သူ၏ အခန်းတံခါးကို ဖွင့်ကာ "ဘာကိစ္စရှိလို့လဲ၊ အဖေ" ဟု စုကျစ်ထုံကို မေးလိုက်သည်။

"ဘာလို့ တံခါး လာဖွင့်တာ ကြာနေတာလဲ၊ သူဌေး"

"ခုနက ဝရံတာကို ရောက်နေလို့ အဖေ ခေါ်နေတာကို မကြားလိုက်တာ"

"ဪ၊ အဲ့လိုလား"

စုကျစ်ထုံက စုချီကို သံသယ မဝင်တော့ဘဲ ကုမ္ပဏီ အကြောင်းပြောရန် စုချီ အခန်းထဲသို့ ဝင်ထိုင်လိုက်သည်။

တစ်ဖက်မှ တံခါးဟကာ ချောင်းကြည့်နေသော စုလုရီကလည်း စိတ်အေးသွားကာ အိပ်ယာပေါ်တွင် ပစ်လှဲလိုက်၏။

"ဟူး....လျှို့ဝှက်ပြီး ချစ်ရတာလည်း သည်းထိတ်ရင်ဖို ဖြစ်လိုက်တာ"

စုလုရီက စကား ပြောပြီးမည့် အချိန်ကို အိပ်ယာပေါ်တွင် လှဲကာ စောင့်နေရင်း နာရီဝက်ခန့် ကြာသောအခါ အိပ်ငိုက်လာတော့၏။

စုချီက စောင်ခြုံထဲတွင် ကွေးနေသော စုလုရီ၏ ကျောကို ကလေး ချော့သိပ်သကဲ့သို့ ပုတ်ပေးလိုက်၏။

စုလုရီ၏ အခန်းထဲတွင် တိတ်ဆိတ်သွားပြီး ခဏကြာသောအခါ စုလုရီက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

ထို့အတူ စုချီကပါ အိပ်ပျော်သွားလေ၏။ မနက်မိုးလင်းသောအခါ စုလုရီက မနက်စာ စားရန် ဆေးကြော သန့်စင်ပြီး အောက်ထပ်သို့ ဆင်းလာလိုက်၏။

စုလုရီက ညမအိပ်ခင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ကောင်းကောင်း မမှတ်မိတော့သဖြင့် စဉ်းစားရင်း ထမင်းစားခန်းဆီသို့ လျှောက်လာရာ စုကျစ်ထုံနှင့် ဝင်တိုက်မိမလို ဖြစ်သွားတော့သည်။
"ဟုတ်ကဲ့၊ ပါးပါး"
စုလုရီ ထမင်းစားခန်းသို့ ရောက်သောအခါ လူ အားလုံး စုံနေပြီ ဖြစ်၏။
စုလုရီ ခုံတွင် ဝင်ထိုင်လိုက်သောအခါ မားဝူက စုလုရီအတွက် မနက်စာ လာချပေးလိုက်သည်။
မနက်စာ စားနေကြရင်း စုကျစ်ထုံက ချောင်းဟန့်လိုက်ကာ "သားတို့! သူဌေးနဲ့ ရှောင်ရီတို့ ပြန်လာရင် တွေ့ကြမယ်လို့ ဦးလေး လွီကို ပြောထားတယ်။ အဲ့ဒါ ဒီနေ့ နေ့လည်စာ ဖိတ်လိုက်ကြမလား" ဟု ပြောလိုက်၏။
စုလုရီက ကြက်ဥကြော်ကို ငုံ့စားနေရင်း လွီချင်းလင်း ပြောခဲ့ဖူးသော စကားများကို ရုတ်တရက် ပြန်သတိရသွားတော့၏။
"အစ်ကို လုရီက အစ်ကိုကြီး စုကို အရမ်းကပ်တာပဲ။ အစ်ကိုကြီး စုကလည်း အစ်ကို လုရီကို အရမ်းဂရုစိုက်‌တယ်နော်"
စုလုရီက ထိုသို့ တွေးရင်း ကြက်ဥကြော်ကို မြှောက်လိုက်ရာ နှာခေါင်းဆီသို့ ဦးတည်နေသဖြင့် စုချီက "စုလုရီ၊ မင်းရဲ့ ကြက်ဥကြော်က နှာခေါင်းထဲ ဝင်တော့မယ် သတိထားဦး" ဟု သတိပေးလိုက်သည်။

"ဟုတ်"

စုလုရီက စုချီ၏ စကားကို တစ်ခွန်းတည်း တုံ့ပြန်လိုက်ကာ စိတ်ထဲမှလည်း "အစ်ကိုကြီးက တစ်ခုခုဆို တွေ့တာ မြန်လိုက်တာ" ဟု တွေးလိုက်၏။
စုချီနှင့် စုလုရီတို့က အခန်းဆီသို့ ပြန်တက်သွားကြပြီး စုလုရီက ဝရံတာ တံခါးမှ စုချီ၏ အခန်းသို့ အပြေးအလွှား ဝင်သွားလိုက်၏။
စုချီ၏ ထိုသို့ ခေါ်သံကို တစ်ခါမှ မကြားဖူးသဖြင့် စုလုရီက အသည်းယားသွားကာ "တော်ပြီ။ တော်ပြီ။ နာမည် အပြည့်အစုံ ခေါ်တာပဲ ပိုကောင်းတယ်" ဟု

"နေ့တစ်နေ့ရဲ့အစက မနက်ဆိုတော့ ဘာလို့ နမ်းလို့မရရမှာလဲ"
"ခုက အစောကြီးပဲ ရှိသေးတာ‌ဆိုတော့ ရွှေရောင် အနမ်းပေါ့။ အစ်ကိုကြီး နမ်းချင်ရင် နို့လက်ဖက်ရည် ဝယ်တိုက်..."

"အွန်း..."
စုချီက စုလုရီ စကားမဆုံးခင် ငုံ့နမ်းလိုက်ရာ စုလုရီက စုချီ၏ ပုခုံးကို ဖက်ထားပြီး "အစ်ကိုကြီးက ဘာလို့ နမ်းတာ ဒီလောက် ကျွမ်းကျင်နေတာပါလိမ့်" ဟု တွေးလိုက်သည်။

"မင်း နမ်းနေတုန်း ဘာတွေ တွေးနေတာလဲ"

"ညီမ ချင်းလင်း ပို့ထားတဲ့ စာထဲမှာ အစ်ကိုကြီးက ကျွန်တော့်ကို ချစ်နေတယ်ဆိုပြီး ပြောထားလို့"

"သူတောင် သိတဲ့ဟာကို မင်းက အခုထိ မသိသေးဘူးလား"

"အစ်ကိုကြီး ကျွန်တော့်ကို ချစ်တာတော့ သိပါတယ်။ ဒါပေမယ့် ညီအစ်ကို အချင်းချင်း ချစ်တဲ့အချစ်လို့ပဲ ကျွန်တော်က ထင်နေခဲ့တာ" ဟု စုလုရီက ပြောကာ "ညီမ ချင်းလင်း သိသွားရင် ဘယ်လိုလုပ်ကြမလဲ" ဟု စိုးရိမ်တကြီး မေးလိုက်သည်။

"မသိပါဘူး။ ငါ့ရဲ့ ဟန်ဆောင်နိုင်စွမ်းကို မင်းလျှော့မတွက်ပါနဲ့"

စုယွီမှ လွဲ၍ စုချီမှာ စည်းကျော်ပြီး ညီလေးကို ချစ်နေမည်ဟု ဘယ်သူမှ ထင်မည် မဟုတ်ပေ။

စုကျစ်ထုံ၏ ဖိတ်ကြားမှုကို လွီမိသားစုက လက်ခံကာ နေ့လည်တွင် အရောက်လာမည်ဟု ပြန်ပြော
လိုက်၏။

စုကျစ်ထုံက မားဝူကို ဧည့်သည်များ လာမည် ဖြစ်သောကြောင့် နေ့လည်စာ ပိုချက်ထားရန် မှာကြားလိုက်သည်။
စုကျန်းချန်က အောက်ထပ်တွင် တီဗီ ကြည့်နေပြီး စုယွီက အပြင်ဘက်ရှိ ပန်းများကို လျှောက်ကြည့်နေ၏။

စုကျစ်ထုံက စုယွီတို့ နှစ်ယောက်ကို ပြောပြီးနောက် စုချီတို့ကို ပြောရန် အပေါ်ထပ်သို့ တက်လာခဲ့သည်။

"သူဌေးရေ"

စုကျစ်ထုံက စုချီ၏ အခန်းဝတွင် ရပ်ကာ စုချီကို အော်ခေါ်လိုက်သည်။

စုကျစ်ထုံ၏ အသံကြောင့် စုလုရီက စုချီ၏ ပေါင်ပေါ်မှ အလျင်အမြန် ထရပ်လိုက်၏။

"ဘာဖြစ်လို့လဲ၊ အဖေ"

စုချီ၏ စကားမဆုံးမီတွင် စုကျစ်ထုံက တံခါးဖွင့်လိုက်ရာ စုလုရီကိုပါ တွေ့သွားတော့သည်။

"ဪ၊ သားငယ်လေးလည်း ဒီရောက်နေတာကိုး။ ဦးလေး လွီတို့ လာတော့မှာမို့ ပြင်ဆင်ပြီး အောက်ဆင်းလာကြတော့နော်"

စုကျစ်ထုံက သံသယ မဝင်ဘဲ မှာကြားလိုသည့် စကားများကို မှာကြားပြီး ပြန်ထွက်သွားတော့သည်။

စုကျစ်ထုံ၏ စကားကြောင့် စုလုရီက အခန်းသို့ ပြန်သွားကာ အဝတ်အစား လဲပြီး အောက်ထပ်တွင်  ဆင်းနေ၍ လွီမိသားစုကို စောင့်နေလိုက်၏။

မနက် (၁၁) နာရီကျော်တွင် လွီမိသားစု၏ ကားက စုမိသားစု ခြံဝင်းထဲသို့ ဝင်ရောက်လာကြသည်။

စုကျစ်ထုံနှင့် ယုရှင်းရန်တို့က တံခါးဝမှ ဆီးကြိုကာ လွီမိသားစုကို ဧည့်ခန်းထဲသို့ ဖိတ်ခေါ်လိုက်ကြ၏။

လွီမိသားစု ဧည့်ခန်းထဲသို့ ဝင်လာသောအခါ စုလုရီနှင့် ညီအစ်ကိုများက ထပြီး နှုတ်ဆက်လိုက်ကြသည်။

လွီချင်းလင်းက လွီဟေးချန်၏ အနောက်မှ ကပ်လိုက်လာကာ "အစ်ကိုကြီး စုနဲ့ အစ်ကို လုရီတို့ ပြန်ရောက်နေကြပြီပဲ" ဟု နှုတ်ဆက်လိုက်၏။

စုချီက "အင်း" ဟု ပြန်ပြောပြီးနောက် လွီဟေးချန်က အလုပ်ကိစ္စ ပြောရန်အတွက် စုချီကို ဆွဲခေါ်သွားတော့သည်။

စုလုရီက စုချီနှင့် အခွဲခံလိုက်ရသဖြင့် ဆိုဖာ၏ ထောင့်ဆုံးတွင် ဝင်ထိုင်လိုက်၏။
ညီအစ်ကိုများ စကားပြောနေချိန်တွင် လွီချင်းလင်းက ရောက်လာကာ စုလုရီ၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။

"ဒီတစ်ခေါက် ပြန်သွားပြီး အလုပ်လုပ်ရတာ ပင်ပန်းမှာပေါ့နော်" ဟု လွီချင်းလင်းက ဂရုဏာသက်စွာ မေးလိုက်၏။

"မပင်ပန်းပါဘူး။ အဆင်ပြေပါတယ်"

လွီချင်းလင်းက စုချီကို တစ်ချက်ကြည့်ကာ စုလုရီ၏ အနားသို့ ကပ်ပြီး "အစ်ကို လုရီ၊ အစ်ကိုကြီး စုနဲ့ နှစ်ယောက်တည်း နေခဲ့ရတာဆိုတော့ အစားရော  ဝဝလင်လင် စားရရဲ့လား" ဟု မေးလိုက်သည်။

စုလုရီက သူ အများကြီး စားခဲ့သည်ကို ပြန်ပြောပြရန် ရှက်သဖြင့် "ဗိုက်ဝအောင် စားရပါတယ်" ဟုသာ ပြန်ပြောလိုက်၏။
ထိုအခါ လွီချင်းလင်းက စုလုရီကို သနားနေသည့် မျက်ဝန်းများဖြင့် ကြည့်ကာ "မဖြစ်နိုင်တာ။ အစ်ကို လုရီကို ကြည့်လိုက်တိုင်း တစ်နှစ်ပတ်လုံး အစာမစားထားရတဲ့ ပုံစံနဲ့" ဟု ပြောလိုက်သည်။

ထို့နောက် လွီချင်းလင်းက စုလုရီ၏ ပုခုံးကို ပုတ်ကာ "နေ့လည်စာ စားရင် အစ်ကို လုရီ စားချင်တာစားလို့ရအောင် အစ်ကိုကြီး
စုကို အစ်ကို လုရီ အနားမှာ ထိုင်လို့ မရအောင် လုပ်ပေးမယ် သိလား" ဟု ကပ်ပြောလိုက်၏။


...…….................................
......................................... 

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Where stories live. Discover now