Chapter 85

3.4K 320 0
                                    

စုလုရီ
အပိုင်း (၈၅) အနှောင့်အယှက် ပေးခြင်း - ၂


စာအိတ်ကို ဖွင့်လိုက်သောအခါ အနီရောင် တံဆိပ်တုံး ထုထားသော စာရွက်တစ်ရွက် ထွက်လာခဲ့သည်။

စုချီက စာရွက်ကို ဧည့်သည်များရှေ့တွင် မြှောက်ပြလိုက်ပြီး "ဒါက အိမ်ထောင်စုစာရင်းက ထုတ်ထားတဲ့ တရားဝင်စာ။ ဒီထဲမှာ စုလုရီကို အိမ်ထောင်စုစာရင်းထဲက ထုတ်ထားတာ သူ (၁၈) နှစ် ပြည့်ပြီးကတည်းက ဆိုတာပါတယ်" ဟု ပြောလိုက်သည်။

စုချီ၏ စကားကြောင့် အားလုံးမှာ ကြောင်သွားကြပြီး "ဟမ်၊ အစောကြီးထဲက ထုတ်ထားတာကို ဘာလို့ အခုမှ ထကြေညာတာလဲ" ဟူသော တီးတိုးသံများ ထွက်ပေါ်လာခဲ့သည်။

စုချီက ဝမ် သခင်လေးကို ကြည့်ပြီး "မင်း သေချာမြင်ရလား။ ငါ ပိတ်ကားပေါ်မှာ ပြပေးဖို့ လိုသေးလား" ဟု မေးလိုက်၏။

ထိုအခါ ဝမ်သခင်လေးက ကြောင်သွားပြီး ပါးစပ်
ပိတ်ကာ မျက်နှာပျက်၍ လှည့်ထွက်သွားတော့သည်။

စုချီက စုကျစ်ထုံကို ကြည့်လိုက်သောအခါ စုကျစ်ထုံက "နောက်ဆုံးအနေနဲ့ ကြေညာချင်တာကတော့ ကျွန်တော်တို့ရဲ့ ဒုတိယ ကုမ္ပဏီခွဲကို ရှောင်ရီလေးကို လွှဲပြောင်းပေးမယ်ဆိုတဲ့ ကိစ္စပါပဲ" ဟု ထပ်မံကြေညာလိုက်သည်။

စုကျစ်ထုံ၏ စကားဆုံးသွားသောအခါ ငြိမ်သက်နေသော လူအုပ်ကြီးက တစ်ဖန် ပြန်လည် ဆူလာခဲ့ပြန်၏။

"ဒါဆို စုမိသားစုက သူ့ကို တကယ့် သားအရင်းလို ဆက်ဆံနေတာပဲ"

ဆူညံနေသော လူအုပ်ကြီး ကြားမှ ရပ်ကြည့်နေသော ဝမ် သခင်လေးက စုကျစ်ထုံတို့ကို ကြည့်ကာ
"ဒီနေ့ပဲ စုမိသားစုက ပြိုလဲတော့မှာကို ပိုင်ဆိုင်မှု ခွဲတာကို ကြေညာဖို့ ပွဲလုပ်နေသေးတယ် ဟဟ" ဟုတွေးကာ ကြိတ်ရယ်နေသည်။

စုကျစ်ထုံက လူအုပ်ကြီးထံမှ စကားများကို ဂရုမ
စိုက်သည့်ပုံစံဖြင့် ယုရှင်းရန်တို့ကို လှည့်ကြည့်ကာ "သွားကြမယ်" ဟု ပြောလိုက်၏။

စုကျစ်ထုံတို့က စင်ပေါ်မှ ဆင်းပြီး ဒုတိယထပ်သို့ ပြန်တက်သွားခဲ့ကြသည်။

ဒုတိယထပ်သို့ ရောက်သောအခါ စုကျစ်ထုံက စုချီကိုကြည့်ပြီး "သူဌေး၊ အဖေနဲ့ ခဏလိုက်ခဲ့" ဟု ခေါ်ကာ ပြင်ဆင်သည့် အခန်းထဲသို့ ဝင်သွားတော့၏။

စုချီကလည်း ဘာမှ မမေးဘဲ ခေါင်းညိတ်ပြကာ စုကျစ်ထုံ နောက်မှ လိုက်သွားလိုက်သည်။

ကျန်ခဲ့သော ယုရှင်းရန်က စုလုရီ၏ လက်ကို ဆွဲကာ "လာ...မားမားတို့ နားနေခန်းထဲမှာ သွားထိုင်ကြမယ်" ဟုပြောပြီး နားနေခန်းထဲသို့ ဝင်သွားလိုက်သည်။

နားနေခန်းထဲတွင် စုလုရီက ယုရှင်းရန်ကို ကြည့်ပြီး "မားမား၊ စိတ်ဆိုးနေလားဟင်" ဟု မေးလိုက်၏။

"စိတ်ဆိုးတာပေါ့"

"မားမား...သား‌ တောင်း..."

စုလုရီ၏ စကားမဆုံးခင်တွင် ယုရှင်းရန်က "မားမားတို့ အိမ်က အစားအသောက်တွေ လာစားပြီး သားတို့ နှစ်ယောက်ကို စော်ကားပြောဆိုနေတာ မားမားက စိတ်မဆိုးဘဲ နေမလား" ဟု ထပြောလိုက်သဖြင့် စုလုရီမှာ ဆွံ့အသွားတော့သည်။

"ဒါဆို မားမားက သားနဲ့ အစ်ကိုကြီးကို ဘယ်လိုမြင်လဲ"

"မားမားက သူဌေးကို ကြည့်ပြီး လက်တွဲဖော် မရမှာကို စိတ်ပူနေခဲ့တာ။ အခု သားရှိနေပြီဆိုတော့ စိတ်အေးသွားပြီ"

ယုရှင်းရန်၏ စကားကြောင့် စုလုရီက စိတ်သက်သာရာ ရသွားခဲ့၏။

ထိုအချိန်တွင် စုချီတို့က နားနေခန်းထဲသို့ ဝင်လာပြီး စုကျစ်ထုံက "မိန်းမ၊ ကိုယ်..." ဟု အစချီလိုက်သည်။

စုချီက စုလုရီကို ခေါ်ပြီး "လာ၊ ငါတို့ အောက်ထပ် အရင် ဆင်းကြမယ်" ဟု ပြောလိုက်သည်။

"ဟုတ်တယ်၊ သားတို့ အရင်ဆင်းနှင့်ကြ။ ပါးပါးနဲ့ မားမားက နောက်မှ လိုက်ခဲ့မယ်"

နားနေခန်း အပြင်သို့ ရောက်သောအခါ စုလုရီက "အစ်ကိုကြီး၊ ရှောင်ချင်ကို ရဲစခန်း သွားခိုင်းတဲ့ ကိစ္စက အိမ်ထောင်စုစာရင်းက ထုတ်ထားတဲ့စာကို သွားယူခိုင်းလိုက်တာလား" ဟု မေးလိုက်သည်။

"မဟုတ်ရင် ငါက အပြစ်သွားဝန်ခံတယ်လို့ မင်း ထင်နေတာလား"

"..."

"ဒါဆို အစ်ကိုကြီးက တခြားလူတွေ ဒီလို ပြောလာမှာကို ကြိုသိနေတာပေါ့"

"ကြိုသိနေတာတော့ မဟုတ်ဘူး။ ဖြစ်နိုင်ချေတွေကို ကြိုတွေးထားတာ"

စုလုရီနှင့် စုချီတို့က စကားတစ်ပြောပြောဖြင့်
လှေကားမှ ဆင်းလာသောအခါ အောက်ထပ်ရှိ လူအုပ်ကြီးက စုလုရီတို့ထံ အကြည့် ရောက်လာကြသည်။

စုချီက စုလုရီကို ကြည့်နေသည့် ပုံစံကို ကြည့်ပြီး လူအုပ်ကြီးက "ကြည့်ရတာ စုချီက တကယ် ချစ်နေတဲ့ပုံပဲ"  ဟုမှတ်ချက်ပေး ပြောဆိုနေကြတော့၏။

စုလုရီတို့ ပထမထပ်သို့ ပြန်ရောက်လာသောအခါ ကျိုးချင်းချန်နှင့် စွင်းဟဲ့ယွီတို့က လျှောက်လာပြီး လာနှုတ်ဆက်ကြသည်။

"ငါ မင်းတို့ကို စောစောလာမတွေ့နိုင်တာ ဆောရီးပါကွာ။ ငါ ခုနက စင်ပေါ် တက်ရမှာမို့လို့"

"ရပါတယ်။ မင်းမှာ လုပ်စရာတွေ များနေတာဆိုတော့ ငါတို့ကို ဂရုမစိုက်လည်း ရတယ်။ လုပ်စရာ ရှိတာသာလုပ်"

"ဒါဆို ငါတို့ ဧည့်သည်တွေကို သွားနှုတ်ဆက်လိုက်ဦးမယ်နော်"

"အေး"
....

စုလုရီနှင့် စုချီတို့က ဧည့်သည်တော်များကို တစ်ယောက်ပြီး တစ်ယောက် လိုက်လံနှုတ်ဆက်နေခဲ့ကြသည်။

တစ်နေရာအရောက်တွင် "ကုမ္ပဏီက အဆင်ရော ပြေရဲ့လား၊ မစ္စတာ စု" ဟူသော အသံထွက်ပေါ်လာရာ အသံပိုင်ရှင်မှာ ဝမ် သခင်လေး ဖြစ်နေခဲ့သည်။

"ပြေတယ်"

"တကယ် ပြေတာလား။ တကယ်လို့ ရောင်းချင်ရင် ကျွန်တော်တို့ ဝမ် ကုမ္ပဏီကို လက်လွှဲပေးလို့ ရတယ်နော်။ ကျွန်တော်တို့က ကောင်းကောင်း လည်ပတ်ပေးနိုင်ပါတယ်"

"ရတယ် မလိုဘူး။ မင်းတို့မှာ အဲ့လောက် အရည်အချင်း မရှိဘူး"

စုချီ၏ စကားကြောင့် ရန်လာစသော ဝမ်သခင်လေးမှာ စိတ်တိုပြီး တစ်ဖန် ပြန်ထွက်သွားတော့သည်။

စုချီနှင့် စုလုရီတို့က‌ နောက်တစ်နေရာသို့ ထပ်လျှောက်သွားကြရင်း စုလုရီက "အစ်ကိုကြီးရဲ့ အစီအစဉ်က ဘာလဲ" ဟု မေးလိုက်သည်။

"ငါးစာကို လာဟပ်အောင်လို့ အရင် အဆုံးရှုံးခံလိုက်တာ"

"အစ်ကိုကြီးက ဘာကို အဆုံးရှုံးခံလိုက်တာလဲ"

"စု အုပ်စု"

"..."

မိနှစ်(၂၀)ခန့် လိုက်လံနှုတ်ဆက်ကြပြီးနောက် စုချီ၏ ဖုန်းမှ အသံမြည်လာသဖြင့် စုလုရီကို ကြည့်ကာ "လာ၊ အပေါ်ထပ်ကို ပြန်သွားကြမယ်" ဟု ပြောပြီး ဆွဲခေါ်သွားလိုက်သည်။

"ဘာလို့ အပေါ်ထပ် သွားမှာလဲ အစ်ကိုကြီး"

"အဲ့က ပိုပြီး မြင်ကွင်းကောင်းလို့"

"ဒါဆို ပွဲစတော့မှာလား အစ်ကိုကြီး"

"ငါးမိနစ် လိုသေးတယ်"

ဒုတိယထပ်ရှိ နေရာလွတ်မှာ ဧည့်သည်များ အနားယူနိုင်ရန်အတွက် ပြင်ဆင်ပေးထားသော နေရာဖြစ်သည်။

စုချီနှင့် စုလုရီတို့က အပေါ်ထပ်သို့ တက်သွားသောအခါ လူအုပ်ကြီးမှ သိချင်စိတ်၊ သနားစိတ်၊ စူးစမ်းစိတ်များဖြင့် ဝိုင်းကြည့်နေခဲ့ကြ၏။

စုလုရီက လူအုပ်ကြီးထံမှ အကြည့်ကို ရှောင်လွှဲကာ စုချီကိုသာ ကြည့်ပြီး "အစ်ကိုကြီးက ကုမ္ပဏီ အများကြီးရဲ့ ဝင်ငွေတွေကို ဘယ်လို ထိန်းချုပ်မှာလဲ" ဟု မေးလိုက်သည်။

စုချီက စုလုရီ၏ ဆံပင်ကို ကြည်နူးစွာ သပ်ပေးရင်းဖြင့် "သူတို့ရဲ့ ငွေစီးဆင်းတဲ့နေရာက တစ်နေရာပဲရှိလို့ အဲ့တစ်နေရာကို ထိန်းချုပ်နိုင်ရင် ရပြီ" ဟု ပြော
လိုက်၏။

စုလုရီက ခဏကြာ တွေးနေပြီးမှ သဘောပေါက်သွားသည့် ပုံစံဖြင့် "ဝိုး" ဟု ထပြောလိုက်သည်။

"မင်း နားလည်သွားပြီလား"

"အင်း"

"ဒါဆို မင်းက ငတုံး မဟုတ်ဘူးပဲ"

စုလုရီက စုချီ၏ ရည်မှန်းချက် ကြီးမားသော မျက်နှာကို လှမ်းကြည့်လိုက်ရင်း မျက်လုံးထောင့်စွန်းမှ ဝမ် သခင်လေး တက်လာသည်ကို မြင်လိုက်ရသည်။

ထိုအချိန်တွင် စုချီက "ငါ မင်းကို ဒီနေရာမှာ နမ်းလို့ရလား" ဟု ထမေးလာသဖြင့် စုလုရီမှာ အကြပ်ရိုက်သွားတော့၏။

သို့သော် စုလုရီက စုချီ၏ မျက်နှာ တစ်ခုတည်းကိုသာ ကြည့်ပြီး လက်ခံလိုက်လေသည်။

"အင်း"

များပြားလှသော လုအုပ်ကြီး၏ အကြည့်အောက်တွင် စုချီက စုလုရီကို ငုံ့နမ်းလိုက်သည်။

အောက်ထပ်မှ ကြည့်နေကြသော လူအုပ်ကြီးမှာ ကြောင်ကြည့်နေခဲ့ကြပြီး ခြေလှမ်း လေး၊ ငါးလှမ်းအကွာတွင် ရှ်ိနေသော စုကျန်းချန်ကလည်း တောင့်တောင့်ကြီး ရပ်ကြည့်နေခဲ့၏။

ဆယ်စက္ကန့်ခန့် နမ်းလိုက်ကြပြီးသည့်အချိန်တွင် ဝမ် သခင်လေး၏ ဖုန်းမှ အသံမြည်လာခဲ့သည်။

"ဟယ်လို"

"ဟယ်လို သခင်လေး။ ကုမ္ပဏီရဲ့ ငွေကြေးပိုင်းမှာ ပြဿနာ ရှိလို့ ပရောဂျက်တွေ အကုန် ရပ်ကုန်ပြီ"

"ဘာကွ၊ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ငါ..."

ဝမ် သခင်လေးက ဖုန်းပြောရင်း အောက်ထပ်ကို ကြည့်လိုက်သောအခါ သူတို့နှင့် ပူးပေါင်းထားသည့် လူများကလည်း ဖုန်းကိုကြည့်ပြီး ဒေါသထွက်နေ
သည့် အမူအယာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဒုတိယထပ်ရှိ စုချီတို့က အောက်ထပ်ရှိ အခြေအနေကို ကြည့်ရန်အတွက် နမ်းနေရာမှ ပြန်ခွာလိုက်ကြ၏။

ဝမ် သခင်လေးက ဖုန်းကို ချကာ စုချီဆီသို့ လျှောက်သွားလိုက်သည်။

"မင်း ဘာလုပ်လိုက်တာလဲ"

စုချီက လူ အများ၏ ရှေ့တွင် စုလုရီ၏ လက်ကို ကောက်ကိုင်ကာ မြှောက်ပြပြီး "မင်း မြင်တဲ့ အတိုင်းပဲ ငါတို့ တွဲနေကြတာ။ မင်းတို့ရဲ့ ဂုဏ်ပြုပေးမှုအတွက် ကျေးဇူးပဲ" ဟု ပြောချလိုက်၏။


...…….................................
.........................................


အပိုင်း (၈၅) ပြီးပါပြီ။

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Where stories live. Discover now