Chapter 27

5.3K 682 0
                                    

စုလုရီ
အပိုင်း (၂၇) အိမ်အပြန်လမ်း


စုလုရီက အပူပေးစက်ကို ဖွင့်ပြီး အိပ်ယာထဲသို့ အိပ်ရန် လှမ်းလာခဲ့သည်။

နောက်တစ်နေ့ မနက်စာစားချိန်၌ ကျိုးချင်းချန်က ဖုန်းကို ထုတ်ကာ စွင်းဟဲ့ယွီအား အတင်းအကျပ် ကြည့်ခိုင်းတော့သည်။

"ဒီမှာ ကြည့်ပါဦး။ စုလုရီက website ပေါ်တောင် ရောက်နေပြီ။ ငါတို့ ဘန်ယမ်းကို သွားတုန်းက သူဓာတ်ပုံအရိုက်ခံလိုက်ရတာ ထင်တယ်"

"ဘယ်မှာလဲ" စွင်းဟဲ့ယွီက ပြန်မေးလိုက်သည်။

"404 not found" ဟူသော စာတမ်းကို တွေ့လိုက်ရ၏။

ကျိုးချင်းချန်က ထပ်နှိပ်လိုက်ကာ မနေ့တုန်းကတော့ အများကြီးပဲ" ဟု ပြောလိုက်သည်။

ထို့နောက် "မင်း တိုင်ကြားစာ ပို့လိုက်တာလား" ဟု စုလုရီကို မေးလိုက်၏။

စုလုရီက "မင်း အာဏာအကြောင်း မသိဘူးလား" ဟု ပြန်မေးလိုက်သည်။

ကျိုးချင်းချန်က ထပ်မမေးတော့ဘဲ စကားပြောင်းပြော‌လိုက်၏။

"ဒါပေမယ့် ဒီ website က တခြားသူတွေရဲ့ ဓာတ်ပုံကို ခိုးထားတာလေ။ ပြီးတော့ ကောမန့်တွေကလည်း မသန့်ရှင်းဘူး။ တိုင်ကြားရမယ်"

"ဒါဆို ငါနေ့တိုင်း ကုသိုလ်လုပ်မှ ဖြစ်တော့မယ်" ဟု စုလုရီက ပြောလိုက်သည်။

ထို့နောက် ဟွမ်းဒူမြို့၌ လည်ပတ်၍ မြို့တော်သို့ ထွက်ခွာလာခဲ့ကြ၏။

စုလုရီ မြို့တော်မရောက်ခင် စုယွီထံမှ စာရောက်လာခဲ့သည်။

စုယွီ - "ရောက်ရင် အစ်ကို (၃) ကို ဖုန်းဆက်လိုက်နော်။ လာခေါ်မယ်"

စုလုရီ - "ဟုတ်"

စုလုရီက ဖုန်းကို ချထားပြီး သူငယ်ချင်း နှစ်ယောက်ထံ လှည့်၍ စကားပြောလိုက်သည်။

"ဟိုကိုရောက်ရင် ငါ့အစ်ကို (၃) လာခေါ်လိမ့်မယ်"

စွင်းဟဲ့ယွီ - "ဘာနဲ့ လာခေါ်မှာလဲ"

စုလုရီ - "ကားနဲ့ပဲ ထင်တယ်"

စွင်းဟဲ့ယွီ - "သူ မြို့တော်မှာ ကား ဝယ်လိုက်တာလား"

စုလုရီ - "ဟုတ်မယ် ထင်တာပဲ"

လေယာဉ် ဆိုက်သည့်အချိန်ကား နေ့လည် (၁၂)နာရီ ရှိလေပြီ။

စုလုရီက စုယွီထံ စာပို့ကာ ထွက်ပေါက်သို့ ထွက်လာခဲ့လိုက်သည်။

ထို့နောက် အဝေးတစ်နေရာမှ လူအုပ်ကြားထဲတွင် စုယွီ လမ်းလျှောက်လာနေသည်ကို တွေ့လိုက်၏။

အဖြူရောင် ကုတ်အင်္ကျီနှင့် အိတ်ကို လက်တစ်ဖက်က ကိုင်ထားပြီး တခြားလက်တစ်ဖက်က အကြွေစေ့ကို မြှောက်ကာ ဆော့နေသည်။

စုယွီက စုလုရီကို မြင်လိုက်ပြီး "ညီလေးရေ" ဟုလှမ်းခေါ်လိုက်၏။

စွင်းဟဲ့ယွီနှင့် ကျိုးချင်းချန်က စုယွီကို နှုတ်ဆက်လိုက်ပြီး လေဆိပ်မှ လေးယောက်သား ထွက်လာခဲ့ကြသည်။

တံခါးပေါက်သို့ ရောက်သောအခါ စုယွီက ဖုန်းထုတ်လိုက်ပြီး ဟိုလုပ်ဒီလုပ် လုပ်နေ၏။

စုလုရီက အနားကပ်လိုက်ပြီး "အစ်ကို (၃) ဘာလုပ်နေတာလဲ" ဟုမေးလိုက်သည်။

စုယွီက မျက်ခုံးကို ပင့်လိုက်ပြီး အံ့ဩသည့်အမူအရာဖြင့် "ကား ခေါ်မလို့လေ။ ကား မခေါ်ဘဲ ငါတို့ ဘယ်လိုလုပ်ပြီး ပြန်လို့ရမှာလဲ"

သုံးယောက်သား ဆွံ့အသွားလေသည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် တက္ကစီတစ်စီးပေါ်၌ လူလေးယောက်နှင့် အထုတ်အပိုးများက ပြည့်သွားတော့၏။

ကျိုးချင်းချန်က အရပ်အရှည်ဆုံး ဖြစ်သဖြင့် အရှေ့ခန်း၌ ထိုင်လိုက်သည်။

စုလုရီ၊ စုယွီနှင့် စွင်းဟဲ့ယွီတို့က အနောက်ခန်း၌ ထိုင်ကြပြီး မလှုပ်နိုင်ကြပေ။

အထူးသဖြင့် အလယ်တွင် ထိုင်ရသော စုလုရီက ကြားညပ်နေလေသည်။

စုလုရီက လေသံ အေးအေးလေးဖြင့် "အစ်ကို (၃) သာ လာမခေါ်ရင် ကျွန်တော်တို့ နေရာကျယ်ကျယ်ထိုင်လို့ရမှာ" ဟု ပြောလိုက်သည်။

စုယွီက ဝမ်းနည်းသွားသည့်ဟန်ဖြင့် သက်ပြင်းချလိုက်ပြီး "အစ်ကိုကြီးက ညီလေးကို တွေ့ချင်နေလို့ပါ" ဟု ပြောလိုက်သည်။

စုလုရီ - "အစ်ကို (၃) မြို့တော်မှာ ကားမဝယ်ထားဘူးလား"

စုယွီ - "ငါ ဝယ်ထားတယ်။ ဒါပေမယ့် မနေ့ကမှ ဆေးထားလို့ ဒီနေ့ စီးစရာ မရှိဘူး ဖြစ်နေတာ။ ငါ့ညီလေးကိုလည်း ကတိပေးထားပြီးသား ဖြစ်နေလို့ ကတိမဖျက်ချင်လို့လေ"

စုလုရီ -"အစ်ကို (၃) ပင်ပန်းသွားပြီပေါ့"

စုယွီ - "မင်း ဘာလို့ အစ်ကို (၃)ကို ယဉ်ယဉ်ကျေးကျေး ပြောနေတာလဲ"

ဟိုတယ်သို့ ရောက်သွားသောအခါ စုယွီက "မင်းအိတ်တွေ ထားပြီး ငါနဲ့ လိုက်ခဲ့။ ငါ မင်းကို စားကောင်းတာ လိုက်ကျွေးမယ်" ဟု ပြောလိုက်သည်။

ကျိုးချင်းချန်နှင့် စွင်းဟဲ့ယွီတို့က စုညီအစ်ကိုတို့၏  ဝင်ဖျက်မှုများကို ကျင့်သားရနေပြီ ဖြစ်ကာ စုလုရီအား နှုတ်ဆက်ပြီး ထွက်လာခဲ့ကြ၏။

စုလုရီက အိတ်ထားခဲ့၍ စုယွီ၏ နောက်သို့ လိုက်လာခဲ့သည်။

ဆောင်းဦးဝင်လာပြီ ဖြစ်သောကြောင့် သစ်ရွက်များ ကြွေကျကာ မြေပြင်ပေါ်၌ ပြန့်ကျဲနေသည်။

စုလုရီ - "အစ်ကို (၃)၊ ဘယ်သွားမှာလဲ"

စုယွီ - "အစ်ကို (၃) ရဲ့ကျောင်းကို သွားမယ်။ အစ်ကိုတို့ကျောင်းက ကန်တင်းက အရမ်းစားကောင်းတယ်။ အစ်ကို မင်းကို နေ့လည်စာ ဖိတ်ကျွေးမယ်"

စုလုရီက စာအုပ်ထဲ၌ ဖတ်ထားသည်ကို သတိရသွားသည်။

စုယွီက မြို့တော်၏ သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်၌ "chemical engineering" မေဂျာကိုတက်ရောက် သင်ကြားနေပြီး အဆင့်အကောင်းဆုံးထဲတွင် ပါဝင်နေသူ ဖြစ်၏။

စုလုရီ - "အစ်ကို (၃) ဝတ်ထားတာက စမ်းသပ်မှု အတွက်လား"

စုယွီ - "မဟုတ်ပါဘူး"

စုလုရီ - "ဒါဆို ဘာအတွက်လဲ"

စုယွီ - "ထိန်းသိမ်းဖို့အတွက်"

စုလုရီက စုမိသားစု ညီအစ်ကိုများက ထူးဆန်းကြသည်ဟု တွေးမိလိုက်သည်။

ကျောင်းသို့ ရောက်သောအခါ နေ့လည် တစ်နာရီ ရှိလေပြီ။ ကျောင်းသား အများစုက နေ့လည်စာ စားပြီး ကန်တင်းမှ ပြန်လာကြသည်ကို တွေ့လိုက်ရ၏။

စုလုရီ၏ မူလဘဝ၌ ဘွဲ့ရပြီးသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သောကြောင့် ကျောင်းကို ပြန်တမ်းတမိသည်။

"ကျောင်း ပြန်တက်ချင်လား။ အရင်နှစ်တုန်းက ဘွဲ့လွန်တက်ဖို့ အတွက် မင်းဝင်ခွင့် စာမေးပွဲ ဝင်မဖြေခဲ့ဘူးလေ" ဟု စုယွီက ပြောလိုက်သည်။

ထို့နောက် သက်ပြင်းချကာ စကားလွှဲလိုက်သည်။

စုယွီက ကျောင်း၌ နာမည်ကြီးပုံရသည်။ လမ်းတစ်လျှောက်၌ တွေ့ရသော ကျောင်းသားများက စုယွီကို နှုတ်ဆက်ကြသည်။

ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးနောက် ကျောင်း၏ ကန်တင်းကို ရောက်လာခဲ့၏။

စားသောက်ဆိုင်၏ အပြင်ဘက် အသွင်အပြင်မှာ သာမန်ဖြစ်သော်လည်း အတွင်းပိုင်း အပြင်အဆင်မှာ စားသောက်ဆိုင်ကြီးများကဲ့သို့ သေချာပြင်ဆင်ထားသည်။

စုလုရီက "အစ်ကို (၃)၊ ဒီနေရာက တော်တော်ကောင်းတာပဲ" ဟုပြောလိုက်သည်။

စုယွီက သူ၏ စားသောက်ကတ်ကို ထုတ်လိုက်ပြီး "မင်းရဲ့ ဒီလိုပုံစံမျိုးကို အရင်က မမြင်ဖူးပါဘူး" ဟု

ပြောလိုက်သည်။

အစားအသောက်များ စောင့်နေချိန်၌ စုလုရီက စုယွီထံမှ စာဝင်လာသည့် အသံကို ကြားလိုက်ရသောကြောင့် "အစ်ကို (၃)၊ ဘာလုပ်နေတာလဲ" ဟုမေးလိုက်သည်။

စုယွီက ပြန်မဖြေပေ။

ထို့နောက် စုလုရီက ဓာတ်ပုံရိုက်ကာ မိသားစု စကားပြောခန်းသို့ ပို့လိုက်သည်။

စုယွီ - ကျွန်တော့် ညီလေးကို နေ့လည်စာ ခေါ်ကျွေးနေတာ။

ယုရှင်းရန် - သူက ဘာလို့ ပါးပါးလေး ဝတ်ထားတာလဲ။ အေးနေတာကို။

စုလုရီ - ကျွန်တော့် ကုတ်အင်္ကျီကို ချွတ်ပြီး ခုံပေါ်မှာ တင်ထားတာ။ အပြင်ထွက်ရင် ပြန်ဝတ်လိုက်မယ်။

စုယွီ - ညီလေး အေးနေရင် ကျွန်တော် အင်္ကျီချွတ်
ပေးလိုက်မယ်။

စုချီ - အိုး။

စုချီ ဝင်ပြောသဖြင့် စုလုရီတို့ နှစ်ယောက်သား တိတ်ဆိတ်စွာဖြင့် ကြည့်လိုက်ကြသည်။

အစားအသောက်များ လာချသောအခါ စုလုရီက အားရပါးရ စားလေတော့၏။

ထို့နောက် စားပြီးသည်နှင့် မော့ကြည့်လိုက်ရာ စုယွီက သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ဘယ်လောက်ကြာကြာ ကြည့်နေသည်ကို မသိသောကြောင့် စုလုရီက လန့်သွားကာ မေးလိုက်၏။

"အစ်ကို (၃)၊ ဘာဖြစ်လို့လဲ"

စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်ပြီး သူ စကားပြန် မပြောနိုင်ခင် အချိန်မှာပဲ စုယွီက " မင်းရဲ့ နှာခေါင်းမှာ ဆော့စ်တွေ ပေနေတယ်" ဟု ပြုံးကာ ပြောလိုက်သည်။

စုလုရီက အလျင်အမြန်ဖြင့် တစ်ရှူးကို ယူပြီး သုတ်လိုက်သည်။

နေ့လည်စာ စားပြီးနောက် စုလုရီက စုယွီနောက်မှ လိုက်ပြီး ကျောင်းသို့ ပတ်ကြည့်လိုက်၏။

စုလုရီ - "အစ်ကို (၃)၊ အလုပ် မများဘူးလား"

စုယွီက သူ့ကို နှုတ်ဆက်လာသော ကျောင်းသားကို လက်ပြနှုတ်ဆက်လိုက်ရင်း "ငါ ဘယ်လောက်ပဲ အလုပ်များများ မင်းကိုတော့ အချိန်ပေးရမှာပေါ့" ဟု ပြောလိုက်သည်။

စုလုရီ - "အစ်ကို (၃) က တကယ်ကောင်းတာပဲ"

စုယွီ - "ဒါဆို အစ်ကိုတွေထဲမှာ မင်း ဘယ်အစ်ကိုကို အချစ်ဆုံးလဲ"

စုလုရီ - "အသံသွင်းထားတာကို ပိတ်လိုက်ပါ အစ်ကို (၃)"

စုယွီ - "အေးပါ။ ငါ ဒါကို အစ်ကိုကြီးကို ပို့ချင်လို့ပါ"

စုလုရီ - "ကျွန်တော်တို့ အစ်ကို (၂) ကို ခုလေးတင် စကားပြောခန်းက ထုတ်လိုက်မိပြီ ထင်တယ်"

စုယွီ - "ငါတို့ မပြောသရွေ့ ဘာမှ မဖြစ်ဘူး"

စုလုရီ - "ဒါဆို ညီအစ်ကိုတွေ ကြားက လျှို့ဝှက်ချက်နော်"

စုယွီ၏ ကျောင်း၌ လည်ပတ်ပြီးနောက် စုလုရီကို စုယွီက ဇိမ်ခံကားကြီးဖြင့် ပြန်ပို့ပေးလိုက်၏။

စုလုရီက "အစ်ကို (၃) ပြောတော့ ကား ဆေးထားတယ်ဆို" ဟု မေးလိုက်သည်။

စုယွီ - "ဟုတ်တယ်။ ပြီးပြီးဆိုလို့ ငါကိုယ်တိုင် သွားယူလိုက်တာ"

စုလုရီ - "ဝိုး။ ဆရာကျတယ်နော်၊ အစ်ကို (၃) က"

စုယွီ - "ဟုတ်တာပေါ့"

စုယွီက စုလုရီကို ပြန်ပို့ပြီးနောက် စုလုရီတို့က နောက်နေ့များတွင် အလုပ်ကိစ္စ လုပ်ကြရ၏။

မြို့တော်တွင် သုံးရက်ကြာနေပြီး လေယာဉ်စီး၍ ပြန်လာခဲ့ကြသည်။

စုလုရီက စုချီဆီစာပို့၍ "အစ်ကိုကြီး၊ ကျွန်တော့်အိတ် ကွဲထွက်တော့မယ်။ လာခေါ်ပါလား" ဟု လှမ်းပို့လိုက်သည်။

စုချီ -"ငါက ဗုံးရှင်းလင်းရေးလား"

စုလုရီ - "အစ်ကိုကြီးကို လွမ်းလို့ ပေါက်ကွဲတော့မယ်"

စုချီ ပြန်မပို့နိုင်တော့ချေ။

မြို့တော်မှ သုံးနာရီကြာ လေယာဉ်စီးပြီးနောက် ည (၈) နာရီတွင် လေယာဉ်ဆိုက်လာခဲ့သည်။

ကျိုးချင်းချန်နှင့် စွင်းဟဲ့ယွီတို့ကို သူတို့၏ အိမ်မှ ကား လာကြိုသွားကြသည်။

စုကျစ်ထုံကလည်း စုလုရီအား ဒရိုက်ဘာ လင်းကို လာကြိုခိုင်းလိမ့်မည်ဟု စာပို့လိုက်သည်။

စုလုရီက ပေါက်ကွဲထွက်ခါနီး အိတ်ကို ဆွဲကာ ထွက်ပေါက်မှ ထွက်လာခဲ့၏။

စင်္ကြန်လမ်းတွင် ဖြည်းဖြည်းချင်း လျှောက်နေချိန်၌ သူ၏ အိမ်မှ ကားရောက်လာသည်ကို တွေ့လိုက်ရသည်။

ဒရိုက်ဘာ လင်းမှ အိတ်များသယ်ရန် ဆင်းလာချိန်တွင် စုလုရီက အနောက်ခန်းတံခါးကို ဖွင့်လိုက်သည်။

ထိုအချိန်တွင် စုချီ၏ မျက်နှာကို တွေ့လိုက်ရသည်။

"ကျွန်တော် ဒုက္ခရောက်နေပြီ။ ပစ္စည်းတွေ ကူသယ်ပေးပါဦး" ဟု စုလုရီက ပြောလိုက်သည်။


...…….................................
.........................................


အပိုင်း (၂၇) ပြီးပါပြီ။

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Where stories live. Discover now