Chapter 21

6.6K 760 0
                                    

CHAPTER 21
- ဒိတ်ရှာနေပါတယ် -


"မစ္စတာ စု"

စုချီက စုလုရီကို တစ်ချက်ကြည့်ပြီးမှ ထိုလူ့ဘက်ကိုလှည့်လာပြီး "မစ္စတာ နျဲ့"

စုလုရီကတော့ နေရာမှာတင် အေးခဲသွားသည်။ စုချီ သည်ကိုရောက်လာပြီး သူတို့နှစ်ယောက်အချင်းချင်း သိနေလိမ့်မယ်လို့ မထင်ထားခဲ့တာအမှန်။

"ခင်ဗျားနာမည် 'ဟု' မဟုတ်ဘူးလား" စုလုရီက စူးရှတဲ့ အကြည့်တွေ ပို့လွှတ်လိုက်သည်။

ထိုလူက အနည်းငယ် ရှက်သွားတဲ့ပုံပေါ်ပြီး စုချီကတော့ ဟမ့်ခနဲ ရှုံ့ကာ "နာမည်က 'ဟု' တဲ့လား"

နျဲ့ယီဟုက စုလုရီဘက်ကို လှည့်ကာ တောင်းပန်လိုက်၏။ "ပထမဆုံး တွေ့တာမှာ မင်းလန့်သွားမှာစိုးလို့ ကိုယ့်သရုပ်အမှန်ကို ဖုံးကွယ်ခဲ့တာပါ"

စုလုရီကတော့ သူ့ကိုပတ်သွားကာ စုချီဘက်ကို သွားရပ်နေလိုက်သည်။ "ဆက်ဖုံးကွယ်ထားလည်း ရတယ်"

နျဲ့ယီဟု "... ..."

သူက ကောင်လေးကို လှမ်းတားရန် ပြင်လိုက်ချိန်မှာပဲ အနောက်ကနေ ကျောချမ်းစရာ အသံနှင့်...
"မစ္စတာ နျဲ့က ကျွန်တော့်ကို မှတ်မိတယ်ဆိုတော့ ဒါက ကျွန်တော့်ညီ ဆိုတာလည်း သိမှာပေါ့"

စုချီက သူ့မိသားစုဝင်လို့ မရည်ညွှန်းပဲ သူ့ညီလေးလို့ သုံးနှုန်းလိုက်သည်။ အဲ့မှာ စိတ်ခံစားမှု လိုအင်ဆန္ဒ အနည်းငယ် ကွာခြားမှုရှိတယ်လေ။ စုလုရီသတိပြုမိ၍ မျက်လုံးပင့်ကာ သူ့ကို မော့ကြည့်မိသည်။

နျဲ့ယီဟုရဲ့အပြုံးတွေ ပျောက်ကွယ်သွား၏။ "အဲ့တော့၊ ကျွန်တော် ကြိုက်တဲ့သူကို ကျွန်တော် လိုက်တာပဲ။ မစ္စတာ စု၊ အရမ်း စိတ်ပူတတ်လွန်းတာမဟုတ်ဘူးလား"

စုချီရဲ့မျက်ဝန်းတွေက ရုတ်တရက် မည်းမှောင်သွားသည်။ ကော်ရစ်တာမှာ တိတ်ဆိတ်မှုက လွှမ်းခြုံသွားပြီး လေထုက ငြိမ်သက်နေ၏။ တစ်ယောက်နဲ့တစ်ယောက် စိုက်ကြည့်နေတဲ့ လူနှစ်ယောက်ကြားမှာ မီးစလေးတောက်နေကာ လောက်စာသာထည့်ပေးလိုက်ရင်ဖြင့် ထလောင်ပြီပဲ။

တင်းမာနေတဲ့ အခြေအနေကြားမှာ နှာခေါင်းရှုံ့သံထွက်ပေါ်လာခဲ့၏။ စုလုရီ နှာရှုံ့လိုက်တာပါ။

ကြားဖြတ်ခံလိုက်ရတဲ့ နှစ်ယောက် "... ..."

စုချီက စုလုရိ နှာရှုံ့နေတာ မြင်ပြီး နျဲ့ယီဟုဆီ အာရုံမရှိတော့။ သူက တိုက်ရိုက်လျှောက်သွားလိုက်ပြီး
ထိုလူရဲ့လက်မောင်းကိုကာ,ကာ ကောင်လေးကို သူ့ဘက်သို့ ဆွဲလိုက်သည်။

"ပြန်စို့"

စုလုရီက သူ့လက်ကောက်ဝတ်မှာ နွေးထွေးမှုကိုခံစားလိုက်ရပြီးနောက် တစ်ကိုယ်လုံး လိုက်ပါသွားခဲ့ရ၏။

သူ့ခြေထောက်အောက်က ကော်ဇောမှာ အလင်းတစ်ဝက်၊ အမှောင်တစ်ဝက်နဲ့ ပြောက်ကြား ဖြစ်နေသည်။
စုချီက သူ့ကို ဆယ်မီတာလောက် ဝေးတဲ့ နေရာအထိ လက်ကနေ ဆွဲခေါ်သွားခဲ့သည်။

သူတို့နောက်မှာတော့ နျဲ့ယီဟုက မလိုက်လာပေမယ့် သူတို့ထွက်လာတာကို ရပ်ကြည့်ကျန်နေခဲ့၏။

သူ ထောင့်ချိုးနား‌ ကွေ့လိုက်တဲ့အချိန်မှာပဲ စုလုရီက မေးလိုက်သည်။ "အစ်ကိုကြီး၊ ဒီကို ဘာလာလုပ်တာလဲ"

စုချီက ရပ်လိုက်ပြီး လှည့်ကြည့်လာတာ စုလုရီ သူ့ကို ဝင်တိုက်မိမလိုတောင် ဖြစ်သွားရသည်။ "ဘာလဲ။ မင်းရဲ့ ဆွဲဆောင်မှုတွေကို နှောင့်ယှက်သလိုများ ဖြစ်သွားလား"

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ အစ်ကိုကြီးက ကျွန်တော့်ကို မီးလောင်ပြင်ထဲက ကယ်လာတာပါ"
စုလုရီ ဘေးဘီကို ကြည့်လိုက်သည်။ ဒါက အခန်းကို ပြန်တဲ့လမ်း မဟုတ်ဘူးလေ။ စုလုရီတစ်ယောက် သူ့ကို စုချီက သီးသန့် စကားပြောချင်လို့ဟု ခန့်မှန်းလိုက်သည်။ "အစ်ကိုကြီးတို့က တစ်ယောက်နဲ့တစ်ယောက် သိတာလား"

စုချီကအေးစက်စွာ "အင်း"

"သူ့ နာမည်က 'ဟု' မဟုတ်ဘူးဆို သူ့ နာမည်က ဘယ်သူလဲ"

"သူ မင်းကို မပြောဘူးလား။ သူ့ မိသားစုအမည်က 'ဟု' လေ"

စုချီက သူ့ကို ငတုံးတစ်ယောက်လို ဆက်ဆံနေတယ်လို့ စုလုရီတွေးလိုက်သည်။ "အတည်မေးနေတာကို အစ်ကိုကြီးကလည်း"

စုချီက သူ့ရဲ့ဆံပင်တွေကို လက်အပြည့်ဆုပ်ကိုင်လိုက်ပြီး "ဘာတွေ အဲ့လောက် မေးခွန်းတွေ များနေတာလဲ။ သူ့နာမည် 'ဟု' ဆိုတာ သိထားရင် ရပြီ။ အခုချိန်က စပြီး သူ မင်းကို ဘာပြောပြော ဗရမ်းဗတာတွေ ပြောနေတယ်လို့ပဲ မှတ်ထားလိုက်"

***'ဟု' ဆိုတာ အဓိပ္ပာယ်မရှိတာ၊ ရက်စက်တာကိုလည်း ရည်ညွှန်းပါတယ်***

စုလုရီကတော့ မနေနိုင်ပဲ တခိခိ ထရယ်၏။

စုချီက စုလုရီ ထရယ်တာနဲ့ သူ ဒေါသထွက်နေတာတောင် မေ့သွားခဲ့သည်။ စုလုရီရဲ့ ဉာဏ်နီဉာဏ်နက်
တွေနဲ့ အကြံသမားပုံစံ ဘယ်ပျောက်သွားလဲဆိုတာ စုချီ အံ့သြမိ၏။ သူ့ရဲ့ဉာဏ်ကောင်းမှုတွေက
စိတ်ကောင်းရှိလိုက်တာနဲ့ ပြန်ပျောက်သွားတာများလား။

နျဲ့က နှစ်အနည်းငယ် အတွင်းမှာတင် သူဌေးဖြစ်လာနိုင်တာ၊ ဘာလို့ဆို သူ့စိတ်ဓာတ်နဲ့ နည်းလမ်းက ပြိုင်စံရှားပဲမလို့။ သည်နှမ်းမည်းဖက်ထုပ်လေးသာ သူ့လက်ထဲ ရောက်သွားရင် ရွစိကြေပြီးအလုံးခံရမှာပဲ။

"ထပ် သတိပေးလိုက်မယ်၊ နျဲ့နဲ့ ဝေးဝေးနေ"

စုလုရီက အရယ်တစ်ဝက်နဲ့ အမှန်ပြင်ပေးလ၏။ "'ဟု' ပါဆို"

"... ..."

စုချီက သူ့စကားကို ပြန်ပြင်လိုက်သည်။ " 'ဟု'နဲ့ဝေးဝေးနေ၊ ယောင်္ကျား ကြိုက်တတ်တယ် ဆိုရင်တောင် ရွေးချယ်စိစစ်ဦး။ လာသမျှ ယောင်္ကျားအကုန်လက်ခံမနေနဲ့"

စုချီက သူ့ကိုယ်သူ ပြောင်းလဲသွားတယ်လို့ ခံစားမိသည်။ အရင်ကဆို စုလုရီ ယောင်္ကျား ကြိုက်ကြိုက်၊ မိန်းမ ကြိုက်ကြိုက် သူနဲ့မဆိုင်ဘူးလို့ပြောခဲ့တာ၊ အခုတော့ သူ မဟုတ်သလိုပဲ။

စုလုရီရဲ့ ရယ်သံတွေက ရုတ်ချည်း ရပ်တန့်သွားခဲ့ရသည်။ စုချီရဲ့ မခန့်မှန်းထားတဲ့ အပြောင်းလဲကြောင့်ပင်။ သူဘယ်တုန်းက ယောင်္ကျားတွေကိုကြိုက်သွားရတာတုန်း။

သူ ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ မကြိုက်ဖူးပါ။ အဓိက လူတွေတောင် မကြိုက်တာ အရံတွေဆိုပြောမနေနဲ့။

"အစ်ကိုကြီး၊ ကျွန်တော် ယောင်္ကျားတွေကို မကြိုက်ဘူးနော်"

"ကောင်းပြီ။ နောက်တစ်ခါလည်း အဲ့လို အဓိပ္ပာယ်မရှိတာတွေ ပြော"

သူတို့နှစ်ယောက်လုံး လမ်းကြောင်းပြောင်းကာ သီးသန့်အခန်းဆီသို့ ဦးတည်လိုက်ကြ၏။ စုလုရီက
စုချီ အခြေအနေ ကောင်းလာတာ မြင်တာနဲ့ သူ့ဆီသွားကာ "အစ်ကိုကြီးက မစ္စတာဟုက မကောင်းတဲ့လူမလို့ စိတ်ဆိုးနေတာလား။ ဒါဆို ချောပြီး ကြင်နာတတ်တဲ့ သူဌေးလေးဆိုရင်ရော၊ အိုကေလား"

"ချမ်းသာပြီး ချောတယ်" ဆိုတဲ့ စကားမှာ ဘာအမှားပါသွားမှန်း သူလည်း မသိပါ။

စုချီက "အဲ့တာလည်း မလိုအပ်ပါဘူး။ ဒါပေမယ့် မင်း အရမ်းတုံးနေရင် အဲ့တာလည်း မဖြစ်နိုင်ဘူး။
မင်းကို မိသားစုပိုင်ဆိုင်မှုတွေအတွက် သိုက်တူးသွားလိမ့်မယ်"

စုလုရီက နှပ်ချေးပူစီဖောင်းထအောင် ရယ်၏။

စုချီရဲ့ လိုအပ်ချက်တွေက တင်းကျပ်လွန်းသည်လို့သူထင်သည်။ သူ အဲ့လို ချေးများနေမှတော့
စုလုရီက ဘယ်သူနဲ့မှ တွဲလို့ရမှာ မဟုတ်ဘူး။ သည်ကမ္ဘာပေါ်က လူတိုင်းမှာ မပြည့်စုံမှုကတော့ ရှိတာပဲ။ ဒါပေမယ့် စုချီကတော့ ပြည့်စုံတယ် မလား။

စုလုရီက "အစ်ကိုကြီးလိုလူ ရှာဖို့ မျှော်လင့်နေတာတော့ မဟုတ်ဘူး မလား"

စုချီ မျက်မှောင်ကြုတ်လိုက်ကာ "ဘာလို့ မရကမှာလည်း၊ ငါ့လို အဆင့်တန်းမျိုး ရှာပေါ့"

"လွယ်မနေဘူး" လို့ စုလုရီ ပြောလိုက်သည်။

စုချီ ကြောင်သွားကာ နည်းနည်း ရင်ခုန်ချင်သလိုဖြစ်သွား၏။ သူ သက်သာလာတော့ သက်တောင့်သက်သာ ခံစားရသည်။ သူ စုလုရိနဲ့ လိုက်တဲ့သူ စဥ်းစားလို့မရ၊ ဒါပေမယ့် အဲ့လိုလည်း မကောင်းပါ။

စုချီက ပြောလိုက်၏။ "အကဲပိုနေတာထက် အရပ်ပုတာကမှ ပိုကောင်းတယ်။ ရှာမတွေ့ရင် ငါ့လို လူမျိုးအမြဲရှာလို့ရနေတာပဲ"

သူတို့အခန်းကို ပြန်လာတော့ စုယွီက စားပွဲထောင့်မှာ လှုပ်ရှားနေတုန်းပင်၊ သူတို့ အကြာကြီး ပျောက်သွားတာကို ဘာလို့လဲတောင် မမေးပါ။ သူ ကစားနေချိန်ဆို ဘာကိုမှ အာရုံမရ။

စုကျန်းချန်ကတော့ သူတို့ကို တစ်ချက်ကြည့်လာပြီး ဘာမှတော့မပြော။

ကိုးနာရီ‌လောက်အထိ ဆော့ပြီးတာနဲ့ စုချီက ပြန်ဖို့ပြောလိုက်သည်။ သူတို့အရှေ့က ကောင်တာမှာ
ငွေရှင်းမလို့ လုပ်ပေမယ့် အံ့သြဖွယ်ကောင်းစွာ ငွေရှင်းပြီးသား ဖြစ်နေသည်။

စုယွီ သိချင်မိ၏။ "ဘာလို့လဲ"

စုကျန်းချန်ရဲ့အကြည့်တွေက စုလုရီ အပေါ် ခဏကျသွားခဲ့သည်။ စုချီက သူ့ကတ်ကို ထုတ်လိုက်၏။
"ဖြတ်လိုက်။ မလုပ်ရင် ဧည့်သည်ကို လှည့်စားတယ်ဖြစ်မယ်"

ကောင်တာက လူကတော့ ဒါမျိုး ထူးခြားတဲ့တိုင်တန်းချက်ကို ပထမဆုံးကြုံဖူးတာပင်။
ဧည့်သည်ကို ဘာလို့ လှည့်စားရမှာလဲ။ အဲ့လိုပြောတာ သူတို့ ငွေရှင်းစရာ မလိုဘူးလေ။

အင်အားသုံး ငွေရှင်းပြီးတဲ့နောက်မှာတော့ သူတို့အုပ်စု ဘိလိယက်ဆောင်ကနေ ပြန်ထွက်လာခဲ့ကြသည်။
စုလုရီက စုချီကို တိတ်တိတ်လေးတွန်းလိုက်၏။ "ကျွန်တော် အလိုက်ခံနေရပြီလို့ ထင်လား။ အလိုက်ခံရတာ ဒါပထမဆုံးပဲ"

သူ တအားမြင့်မြတ်သွားသလို ခံစားလိုက်ရသည်။ သူ့ကို ယောင်္ကျားတစ်ယောက်က လိုက်တာ ဒါပထမဆုံးပဲ။

စုချီ ရွဲ့လိုက်၏ "မင်းကိုယ်မင်း ဆန်းဒဝစ်ချ် ထင်နေလား" စုလုရီ နင်သွားတာမြင်တော့ သူ ပညာလေးနည်းနည်းထည့်ကာ ...
"ပိုက်ဆံသုံးပြီး လိုက်တာ ခုံရုံးရောက်ဖို့ အပေါချာဆုံး နည်းလမ်းပဲ"

စုယွီက တစ်တက်တစ်ပျက်ပဲ ကြားကာ သူတို့ အနားကပ်လာပြီး "ဘာလို့ စိတ်ခံစားချက်နဲ့
ပတ်သတ်တာတွေ ပြောနေကြတာလဲ။ ဘယ်သူရည်းစားရတော့မှာ မလို့လဲ"

စုလုရီက စုချီကို ဂရုတစိုက်လှမ်း ကြည့်လိုက်၏။ ကြည့်ရတာ သူ့အစ်ကိုကြီး စိတ်မတိုသေးဘူးပဲ။
ကျားသားမိုးကြိုး။

စုချီရဲ့ အမူအရာကတေ ာ့မပြောင်းမလဲ "စောသေးတယ်"

--------------------------------------

နောက်နေ့ မနက်မှာတော့ စုလုရီတစ်ယောက် အဖျားနည်းနည်း ကျသွားကာ နိုးလာခဲ့၏။
နေ့လည်ကျ စုကျန်းချန်အနောက်ကို လှေလှော် ဆက်လေ့ကျင့်ရအောင် လိုက်လာခဲ့လိုက်သည်။

ညနေကျ စုယွီနဲ့ အခန်းထဲမှာ ပိုကာ သွားကစား၏။

သူတို့သုံးယောက် ကစားနေရင်း သူတို့သာ စုယွီနဲ့ကစားနေရင် ဘာ ဂိမ်းအတွေ့အကြုံမှ ရမှာ မဟုတ်ဘူးဆိုတာ နားလည်လိုက်သည်။ မသိရင် ဂိမ်းဆောင်လာပြီး အညစ်ခံနေသလိုပဲ။

စုလုရီက စုချီကို ခေါ်လိုက်ကာ  နှစ်ယောက်တွဲနှစ်ဖွဲ့ခွဲ ကစားရန် အကြံပြုလိုက်သည်။
အဖွဲ့ခွဲနေတုန်းမှာ စုယွီက စုလုရီကို ဆွဲထားချင်၏။ "နေမကောင်းနေတာ သနားစရာလေး၊ လှဲနေလိုက် တတိယ အစ်ကိုကြီးက အနိုင်ယူပေးမယ်"

စုလုရီက "ကျွန်တော်က ကျွန်တော့် အစ်ကိုကြီးနဲ့ပဲအဖွဲ့ဖွဲ့ချင်တာ"

စုယွီက ကံကောင်းတယ်ဆိုရင်တောင် သူ့အစ်ကိုကြီးကလည်း ခေသူ မဟုတ်ပါ။

စုယွီကလည်း စုလုရီကို ဆွဲဖို့ ကြိုးစားနေပြီး စုလုရီက သူတို့နှစ်ယောက်ကြား ရှေ့တိုးလိုက် နောက်ဆုတ်လိုက်နဲ့ တန်းလန်းဖြစ်နေသည်။ ဘယ်ဖက်မှာမပါတဲ့ ကြားနေ စုကျန်းချန်က "ငါနဲ့နေလေ" လို့ ဝင်ပြောလိုက်သည်။

သူက စုလုရီကို ပြောလိုက်၏။ "ဘယ်သူနဲ့ နေရမှန်းမသိရင် ငါနဲ့သာ နေ"

စုလုရီကတော့ သူ့ရဲ့ဖြူစင်တဲ့ ကြင်နာမှုကို ငြင်းလိုက်သည်။ "ကျွန်တော်က အစီအစဥ်တွေ၊
ပေါင်းစည်းမှုတွေကို လေးစားတယ်" ကျွန်တော်တို့လို ဘုန်းကြီးတွေက အတူတူကျလို့ မဖြစ်ဘူး။

စုလုရီ နောက်ဆုံးတော့ စုချီနဲ့ တစ်ဖွဲ့တည်း ကျသွားခဲ့၏။ ပြီးတော့ စုချီရဲ့ ပူးပေါင်း ပါဝင်မှုကြောင့်
သူတို့တွေ ပိုက်ဆံတွေ ရလာခဲ့သည်။

စုချီက စုယီလို ကံမကောင်းပေမယ့် ဘယ်ကဒ်ကျန်ပြီး ဘယ်သူ့လက်ထဲမှာ ဘယ်ကဒ်ရှိနေလောက်တယ်ဆိုတာ တွက်ချက်နိုင်တယ်လေ။ နောက်ဆုံးတော့ ဦးနှောက် အားကိုးပြီး စုယွီဆီက ပိုက်ဆံအနည်းငယ် နိုင်ခဲ့ကြတာပေါ့။

စုယွီ နဲ့စုကျန်းချန် ပြန်သွားပြီးတဲ့နောက် စုလုရီဆီပိုက်ဆံတွေ ပစ်ပေးလိုက်ပြီး "မင်း ယူလိုက်"

စုလုရီက ကုတင်ပေါ်မှာ လှဲနေပြီး တံခါးကနေ လေတစ်ချက်အတိုးမှာ ပိုက်ဆံတွေက သူ့ တစ်ကိုယ်လုံးပေါ် ပျံ့ကျဲလာခဲ့သည်။ သူ မျက်လုံးပြူးကာ ပိုက်ဆံတွေကို လိုက်ကောက်လိုက်ပြီး "အစ်ကိုကြီးကလည်း၊ ကျွန်တော့်အပေါ် မပစ်နဲ့လေ။ လွင့်ကျသွားရင် ကံမကောင်း ဖြစ်တတ်တယ်"

စုချီ "..."

အပန်းဖြေစခန်းမှာ ရက်အနည်းငယ်နေပြီးတာနဲ့ ပြန်ရမယ့်ရက်ကို နီးလာသည်။ စုလုရီရဲ့အဖျားလည်း ပျောက်သွားပေမယ့် လူကတော့ နှုံးပြီး ကျန်ခဲ့သည်။

သူတို့ အိမ်မပြန်ခင် စုမိသားစုက အနီးနားကထူးခြားတဲ့ စားသောက်ဆိုင်မှာ စားခဲ့ကြ၏။ စုလုရီက သူတို့နောက်ကနေ လိုက်လာပြီး 'NY' ဆိုတဲ့စားသောက်ဆိုင် နာမည်ကို မြင်လိုက်သည်။

"......"

စုကျစ်ထုံက သူကြည့်နေတဲ့ နေရာကို ကြည့်ပြီး "NY က ဘာကိုပြောတာလဲ"

စုချီကတော့ ဘာစကားမှ ပြောမလာပါ သူအရင်ကတည်းကသိခဲ့သင့်တာ ... နျဲ့။

စုလုရီက မှုန်တေတေနှင့် "အဲ့တာ ကံမကောင်းမှုကိုပြောတာ"

စုချီ "..."

စားနေတုန်း စုကျစ်ထုံက အသီးဝိုင်ကို ဖောက်ကာ စုလုရီက လွဲလို့ တစ်ယောက်ချင်းဆီကို ငှဲ့ပေးသည်။ စုလုရီကတော့ လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ အသီးဖျော်ရည်ကိုသာ ငုံရင်း ဝိုင်အရသာ အကဲဖြတ်နေကြတဲ့ သူတို့ကို ကြည့်နေလိုက်သည်။

စားပွဲ လှုပ်သွားတာနဲ့အတူ စုလုရီက သူ့ဘေးမှာ ထိုင်နေတဲ့ စုချီကို ခိုးတို့လိုက်ပြီး ...
"အစ်ကိုကြီး၊ ထပ်ပြီး ငွေရှင်းသွားရင် ဘယ်လိုလုပ်မလဲ"

စုချီက ချက်ချင်းဖြေလာသည်။ "ပြဿနာ ရှာပစ်မယ်"

စုလုရီ စိတ်သက်သာရာ ရသွားခဲ့သည်။ သူ့ အစ်ကိုကြီးက ခေသူမှ မဟုတ်တာ။ သူက အကြောင်းရာတွေကို အကြောင်းပြချက် ခိုင်ခိုင်မာမာနဲ့ ကိုင်တွယ်နိုင်တယ်လေ။

မပြန်ခင် (shooting squad) ကနေ စာဝင်လာသည်။ သူတို့ စျေးကွက်ကို စစ်ဆေးပြီး ရောင်းစျေးတွေကို ကြည့်ချင်နေသည်။ စွင်းဟဲ့ယွီက အချိန်ကိုတောင်စီစဥ်ပြီးနေပြီ သူတို့ ငါးရက်အတွင်း ထွက်ကြမည်ဖြစ်၏။

ကျိုးချင်းချန်ဆိုတဲ့အကောင့် မြေမြှုပ်ခံလိုက်ရတာလည်း သူမမေ့ပါ။ သူရက်တွေကို စိတ်ထဲကနေ
တွက်နေလိုက်သည််။

ကိစ္စတွေကို ခိုးလုပ်ထားတာဖြစ်၍ စုကျစ်ထုံနဲ့ ယုရှင်းရန်ကို သူငယ်ချင်းတွေနဲ့ တစ်လလောက်
ခရီးသွားမယ်လို့သာ ပြောလိုက်၏။

စုကျစ်ထုံကတော့ စိတ်မချပါ။ "ကျိုးအိမ်နဲ့ စွင်းအိမ်က မြေးတွေနဲ့လား၊ သုံးယောက်ထဲလား။
ဘယ်သွားကြမှာလဲ။ အဖေ သက်တော်စောင့်တွေငှားထည့်ပေးလိုက်ရမလား"

စုလုရီ မြန်မြန်ပဲ ငြင်းလိုက်သည်။ "မလိုပါဘူး"

စုချီ သူ့အဖေက သူ့သား ကျောင်းခရီးပဲသွားမှာလိုလို၊ လူကုန်ပဲ ကူးခံရတော့မှာလိုလိုနဲ့
စိတ်ပူနေတာကို ကြည့်နေလိုက်သည်။

သူ စုလုရီ လူကုန်ကူး ခံရမှာကို စိတ်ပူနေတာ မဟုတ်ပါဘူး။ လူတစ်ယောက်က မ,ပြေးသွားမှာပဲ
စိတ်ပူတာ။

စုကျစ်ထုံနဲ့ သူ့ ဇနီးကို နားချပြီး‌နောက်မှာ‌တော့ စုလုရီ group chat ထဲ စာခိုးပို့ရန် လုပ်လိုက်သည်။
စုချီ လာတော့ သူ စာရိုက်နေတုန်း။

"ကျိုးချင်းချန်နဲ့ စွင်းဟဲ့ယွီလား" စုချီက သူ့ကို ကြည့်လာ၏။ "နေတောင် မကောင်းသေးပဲ ခရီး အတူတူ ထွက်ရလောက်အောင် မင်းတို့က ဘယ်တုန်းက ရင်းနှီးသွားတာလဲ"

စုလုရီ အပြစ်ရှိသလို အကြည့်နဲ့ ဖုန်းအမြန် ပိတ်လိုက်သည်။ သူခေါင်းကို ငုံ့ကာ လက်ကို ကစားနေ၏။
"သူငယ်ချင်းရှိတာ ပထမဆုံးလေ။ သူတို့နဲ့သွားလည်ချင်လို့ပါ"

"ညည်း မနေနဲ့" စုချီ မျက်နှာရှုံ့လိုက်သည်။ သူတစ်ခုခု ပြောချင်ပေမယ့်လည်း ရပ်တန့်လိုက်၏။

သူ စိတ်ထဲကနေ ကျိုးချင်းချန်နဲ့ စွင်းဟဲ့ယွီကို ချိန်ကြည့်လိုက်သည်။ သူနဲ့ ယှဥ်ဖို့ မပြောနဲ့၊ နျဲ့နဲ့တောင်အောက်မှာ ရှိတယ်။ စုလုရီ....သည်တစ်ထွာ တစ်မိုက်ဉာဏ်နဲ့ ငတုံးကတော့။

"မိဘတွေကို အကြောင်းကြားဖို့ မမေ့နဲ့ဦး။ မိဘတွေကို စိတ်မပူစေနဲ့"

စုလုရီက လက်တစ်ဖက်ကို မြှောက်ကာ ကတိပေးလိုက်၏။ "ကြားမှာပါ။ မိသားစု gruop
chat ထဲမှာ ပို့လိုက်မယ်။ ပုံတွေရော၊ စာတွေရော၊ ဆယ်လ်ဖီတွေရော၊ အုပ်စုလိုက်ပုံတွေရော ပို့လိုက်မယ်"

စုချီက ကျေနပ်သွားဟန်နဲ့ ထောင်နေတဲ့ဆံပင်တွေကို ဖိပေးလာသည်။ "ကောင်းတယ်"

ထွက်သွားမလို့ လုပ်နေတုန်း စုချီဆီကို ဖုန်းဝင်လာ၏။ စုလုရီက သူ့ အတွင်းရေးမှူး ရှောင်ချင်းဆီက အသံကို တိုးတိုးကြားလိုက်သည်။

အဲ့ဘိုးတော်ကို သူ့အစ်ကို နှိပ်စက်မှာ စောင့်နေတာ၊ အဲ့တာမှ သူလည်း အရေခွံနွှာလို့ ရမှာ။

စုချီ ဖုန်းချတာကို စောင့်ပြီး သူ့အနား ကပ်ကာ "ရှောင်ချင်းလား"

စုချီက သူ့ကို တစ်ချက်ငဲ့ကြည့်ကာ "ကြည့်ရတာ မင်း ရှောင်ချင်းကို အထင်ကြီးနေပုံပဲ"

စုလုရီ "ရှောင်ချင်းက တော်ပါတယ်"

"ဟုတ်တယ်၊ သူက အလုပ်မှာ တော်တယ်။ ပြီးတော့ ငါ့ကို ဘာပြဿနာမှ မပေးဘူး" စုချီက ခဏရပ်လိုက်ပြီး စုလုရီရဲ့ မျက်နှာ အရိပ်အကဲကို ကြည့်ကာ သတိထား၍ ထပ်ပြောလိုက်၏။ "ဒါပေမယ့်လည်း အခြေ မငြိမ်သေးပါဘူး"

စုလုရီက အားရပါးရ သဘောတူကာ "ဟုတ်တယ်။ သူက မတည်ငြိမ်သေးဘူး" မြန်မြန် တစ်စုံတစ်ယောက်ကို အလုပ်ထုတ်လိုက်တော့။

စုချီက သံသယကင်းသွားသည်။ သိရင်ပြီးတာပဲ။

စုလုရီကလည်း စိတ်သက်သာရာရသွား၏။ သိလို့ တော်သေးတာပေါ့။

ငြိမ်းချမ်းတဲ့ လေထုထဲမှာ စုလုရီက ခုံထိပ်တွင် ထိုင်ကာ ခြေထောက်ကို ဟိုဟိုဒီဒီ လွှဲနေသည်။
"ရှောင်ချင်းက အစီရင်ခံတာလား"

စုချီက "ဟုတ်တယ်၊ သူက အားလပ်ရက်နောက် အစီအစဥ်တွေ ပြောပြနေတာ။ ငါ ခရီးထွက်ရဦးမယ်"

"ဘယ်လဲ"

"ဘန်းယမ်းမြို့"

စုလုရီရဲ့ခြေထောက်တွေ ရပ်တန့်သွားခဲ့သည်။

သေစမ်း၊ သူတို့သွားမှာလည်း ဘန်းယမ်းမြို့မလား။

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Donde viven las historias. Descúbrelo ahora