Chapter 50

4.8K 564 4
                                    

စုလုရီ
အပိုင်း (၅၀) "မင်း ငါ့ကို မသွားစေချင်ဘူးလား"


စုလုရီက သူ၏ နားရွက်ကို လာထိသော စုချီ၏ အသက်ရှူငွေ့မှာ ပူလာသဖြင့် စုချီဘက်သို့ လှည့်ကာ "အစ်ကိုကြီးနေလို့ မကောင်းဘူးလား" ဟု မေးလိုက်သည်။

"အင်း၊ မင်း ငြိမ်ငြိမ်ထိုင်နေ"

"တကယ် အဆင်မပြေ ဖြစ်နေတာလား။ ဒါမှမဟုတ် ကျွန်တော်တို့ ပြန်လှည့်ကြမလား။ အစ်ကိုကြီးက ဘာလို့ အဆင်မပြေ ဖြစ်နေတာလဲ"

"ဆက်သွားလို့ရတယ်။ ရေပဲ ဆာနေတာ"

စုလုရီ၏ ယုန်နားရွက် ကျောပိုးအိတ်မှာ စုကျန်းချန် ယူသွားသဖြင့် စုလုရီထံ၌ ရေဘူး မပါလာပေ။

စုလုရီက သူ၏ ကိုယ်ကို စုချီနှင့် မထိမိစေရန် သေချာထိန်းကာ စုချီကို လှမ်းကြည့်လိုက်၏။

ထို့နောက် စုချီ၏ နှုတ်ခမ်းများ ခြောက်၊ မခြောက်ကိုပါ အနားကပ်ပြီး ကြည့်လိုက်ရာ စုချီ၌ ပြီးပြည့်စုံသော နှုတ်ခမ်းတစ်စုံ ရှိကြောင်းကို သိလိုက်သည်။

"အစ်ကိုကြီး၊ ဟိုဘက် ရောက်ရင်တော့ ရေဝယ်သောက်မှ ရတော့မယ်။ ဒီမှာက နှုတ်ခမ်းစိုအောင် လုပ်စရာ ဘာမှ မရှိဘူး"

စုချီက စုလုရီ၏ စကားကြောင့် နှုတ်ခမ်းကို သပ်လိုက်ရာ "အစ်ကိုကြီး၊ အဲ့လိုလုပ်နေရင် နှုတ်ခမ်း ပိုခြောက်လာလိမ့်မယ်နော်" ဟု ပြောလိုက်၏။

ထိုအခါ စုချီက "မင်း နှုတ်ခမ်း မစိုသွားချင်ရင် အရှေ့ကို ပြန်လှည့်နေ" ဟု ပြောလိုက်သည်။

စုလုရီက မိနစ် အနည်းငယ် စဉ်းစားလိုက်ပြီးနောက် "နှုတ်ခမ်း မစိုသွားချင်ရင် အရှေ့ကို ပြန်လှည့်နေလို့ ပြောတာက အကြံ မပေးတတ်ရင် လှည့်နေလို့ ပြောချင်တာလား အစ်ကိုကြီး" ဟု မေးလိုက်၏။

...

တစ်နာရီခွဲ ကြာပြီးနောက် လမ်းဆုံးသို့ ရောက်ကာ ထိုနေရာ၌ ခရီးသွား ဧည့်သည်များပါ ရှိနေသည်ကို တွေ့လိုက်ရသည်။

ထို့အပြင် ထိုနေရာ၌ မီနီမားကတ်တစ်ခုရှိသဖြင့် စုလုရီက စုချီ ရေဆာနေသည့် အကြောင်းကို သတိရကာ ရေတစ်ဘူး သွားဝယ်လိုက်၏။

ထို့နောက် စုချီထံသို့ ရေဘူးကမ်းပေးလိုက်ကာ "သောက်လိုက်ဦး အစ်ကိုကြီး။ အဲ့ဒါမှ နှုတ်ခမ်းပြန်စိုသွားမှာ" ဟု ပြောလိုက်သည်။

နှစ်ယောက်သား တစ်ဖက်သို့ ပြန်ရန်အတွက် ကားဖြင့် ပြန်ရန်သာ ရွေးလိုက်ကြပြီး ကားပေါ်သို့ တက်ကာ အနောက်ဆုံးတန်း၌ သွားထိုင်လိုက်ကြ၏။

ယာဉ်မောင်းဆရာက ခရီးသည် ထပ်မတက်လာတော့သဖြင့် ကားတံခါးကို ပိတ်ကာ စတင် ထွက်ခွာလာခဲ့သည်။

ကားရပ်ထားသော နေရာသို့ ပြန်ရောက်လာကြသောအခါ ယုရှင်းရန်က စုယွီကို ဓာတ်ပုံရိုက်ခိုင်း နေရာမှ စုလုရိီတို့ကို မြင်သွားပြီး "သူဌေးနဲ့ သားငယ်လေး၊ ပျော်ခဲ့ကြလား" ဟု လက်ပြကာ မေးလိုက်၏။

စုချီက "အင်း" ဟုသာ ဖြေလိုက်သော်လည်း စုလုရီက "ပျော်စရာကြီး မားမား" ဟု ဖြေလိုက်သည်။

ထိုအခါ စုကျစ်ထုံကပါ "သားငယ်လေးက ဘယ်အရွယ် မြင်းကို စီးလာခဲ့တာလဲ" ဟု မေးလိုက်သောအခါ စုလုရီက "အစ်ကိုကြီးနဲ့ အတူတူ စီးလာခဲ့တာ" ဟု ဖြေလိုက်သဖြင့် စုကျစ်ထုံက အံ့ဩသွား၏။

စုယွီက စုလုရီကို စရန် ပြင်လိုက်သော်လည်း စုချီ ကြည့်နေသဖြင့် "ဗိုက်ဆာလိုက်တာ။ ပြန်ကြရအောင်" ဟု စကား လမ်းကြောင်း လွှဲလိုက်သည်။

ယုရှင်းရန်က "အသားကင် သွားစားကြမယ်။ ဒီကနေသွားရင် တစ်နာရီခွဲဆို ရောက်ပြီ" ဟု ပြောလိုက်၏။

နေ့လည်စာ စားပြီးနောက် အိမ်သို့ ညနေ ငါးနာရီ ဝန်းကျင်၌ ပြန်ရောက်လာခဲ့ကြသည်။

ယုရှင်းရန်က မားဝူကို ည (၇) နာရီ ကျော်မှ ညစာပြင်ပေးရန် ပြောလိုက်၏။

စုလုရီက တစ်နေကုန် လျှောက်လည်ထားသဖြင့် ပင်ပန်းနေသောကြောင့် သူ၏ အခန်းသို့ ပြန်ကာ အဝတ်အစားလဲပြီး အိပ်လိုက်သည်။

ည (၇) နာရီ ထိုးသောအခါ စုချီက ဝရံတာတံခါးကို လာခေါက်ပြီး "ထတော့၊ ညစာ သွားစားကြမယ်" ဟု ပြောကာ နှိုးလိုက်၏။

...

ထမင်း စားပွဲ၌ လူစုံသောအခါ စုကျစ်ထုံက "အဖေတို့ အနောက်က မြေလွတ်မှာ ရေကူးကန် ဆောက်ဖို့ စဉ်းစားထားတယ်။ နွေရာသီဆိုရင်လည်း အေးသွားအောင် ရေကူးလို့ ရတာပေါ့။ သားတို့ ဘယ်လိုထင်လဲ ကောင်းတယ်မလား" ဟု မေးလိုက်သည်။

ထိုအခါ စုလုရီက ဝမ်းသာအားရ ထောက်ခံလိုက်၏။

ယုရှင်းရန်ကလည်း "အဲ့ဒါဆို ကျွန်မတို့ ဒီရောက်နေတုန်း စဆောက်လိုက်ရင် မကောင်းဘူးလား" ဟုပြောပြီး ထောက်ခံလိုက်သည်။

စုချီက ဘာမှ မပြောသော်လည်း စုယွီက လက်ခံကာ စုကျန်းချန်ကလည်း သဘောတူလိုက်၏။

အားလုံးက သဘောတူသဖြင့် စုကျစ်ထုံက ညတွင်းချင်းပင် ဆောက်လုပ်ရေး လုပ်ငန်းလုပ်သည့် လူအား ဖုန်းခေါ်လိုက်သည်။

...

စုမိသားစုအိမ်၏ အနောက်ဘက် မြေနေရာလွတ်၌ ရေကူးကန် ဆောက်လုပ်ရေးမှာ ရက်အနည်းငယ် အတွင်း၌ စတင်ခဲ့၏။

စုမိသားစုက အားလပ်ရက်များတွင်‌ နေ့တိုင်း လျှောက်လည်ကြပြီး တစ်ခါတစ်ရံ လွီမိသားစုအိမ်သို့ သွားလည်ခဲ့ကြသည်။

ဇန်နဝါရီလ အလယ်သို့‌ ရောက်သောအခါ စုချီထံသို့ ဖုန်းတစ်ခု ဝင်လာခဲ့၏။

နေ့လည်စာ စားပြီးနောက် လမ်းလျှောက်ထွက်သည့် အချိန်၌ ဖုန်းဝင်လာကာ စုချီမှ "ဟုတ်ကဲ့  နားလည်ပါပြီ" ဟု ပြောကာ ဖုန်းချလိုက်သဖြင့် စုလုရီက အလုပ်ကိစ္စ ဖြစ်မည်ဟု သဘောပေါက်သွားသည်။

စုကျစ်ထုံက "ဘာကိစ္စလဲ သူဌေး" ဟု မေးလိုက်သောအခါ စုချီက "အရင်တစ်ခေါက် ဆွေးနွေးတာ မအောင်မြင်ခဲ့တဲ့ အလုပ်တစ်ခုက အခုမှ ထပ်ပြီး ဆွေးနွေးချင်တယ်လို့ ကမ်းလှမ်းလာလို့၊ ကျွန်တော် ခဏပြန်သွားရမယ်" ဟု ပြန်ဖြေလိုက်၏။

စုကျစ်ထုံက စုချီ၏ ပုခုံးကို ပုတ်ကာ "အင်း အင်း၊ သူဌေးတော့ ပင်ပန်းတော့မှာပဲ" ဟု ပြောလိုက်သဖြင့် စုချီက "လုပ်သင့်တာပါ" ဟု ပြန်ပြောလိုက်သည်။

ထိုည၌ စုလုရီက မအိပ်ခင် စုချီ၏ ဝရံတာတံခါးသို့ သွားကာ တံခါးခေါက်လိုက်၏။

ထိုအခါ စုချီက ထွက်လာပြီး "ဘာကိစ္စလဲ။ အစား
များသွား ပြန်ပြီလား" ဟု မေးလိုက်သည်။

"ကျွန်တော် ဒီကိုလာတာ အစ်ကိုကြီး ဘယ်တော့ပြန်လာမှာလဲဆိုတာ မေးမလို့"

"မပြောတတ်ဘူး။ လေး၊ ငါးရက်လည်း ကြာနိုင်တယ်။ လကုန်မှလည်း ဖြစ်နိုင်တယ်" ဟု စုချီက အဝတ်အစားများကို ထုတ်ပိုးရင်း ပြောလိုက်၏။

ထိုအခါ စုလုရီက ရင်ထဲ၌ တစ်မျိုးကြီး ခံစားရသွားကာ "ကျွန်တော်တော့ အစ်ကိုကြီးကို လွမ်းနေတော့မှာပဲ" ဟု ခုတင်ပေါ်၌ ထိုင်ချရင်း ခေါင်းငုံ့ကာ ပြောလိုက်သည်။

စုချီက အဝတ်အစားများကို ထုတ်ပိုးပြီးသောအခါ ခုတင်ပေါ်၌ ထိုင်နေသော စုလုရီကို လှမ်းကြည့်ပြီး "မင်း ဘာပြောချင်တာ ရှိသေးလို့လဲ" ဟု မေးလိုက်၏။

စုလုရီက တစ်ဖန် "အစ်ကိုကြီးကို ကျွန်တော် လွမ်းနေမယ်နော်" ဟု ထပ်ပြောလိုက်သည်။

စုချီက မိနစ် အနည်းငယ်ခန့် တိတ်ဆိတ်သွားကာ စုလုရီထံသို့ လျှောက်လာပြီး ကုတင်ပေါ်သို့ ထိုင်ချကာ "မင်း ငါ့ကို မသွားစေချင်ဘူးလား" ဟု မေးလိုက်၏။

"အင်း၊ နည်းနည်းပေါ့။ ဒါပေမယ့် အလုပ်က ပိုအရေးကြီးတော့ ဦးစား ပေးရမှာပေါ့။ ဒါမှမဟုတ် ကျွန်တော်ရော အတူတူ လိုက်ခဲ့ရမလား"

ထိုသို့ ပြောပြီးနောက် စုလုရီက အရင်တစ်ခေါက် စုချီ ခရီးသွားရန် လုပ်ခဲ့သည့် ကိစ္စကို ပြန်သတိရသွားကာ "ကျွန်တော် အခန်းကို ပြန်လိုက်တော့မယ် အစ်ကိုကြီး။ အလုပ်မှာ အဆင်ပြေပါစေ" ဟု ပြောပြီး အခန်းသို့ ပြန်ရန် ထရပ်လိုက်သည်။

ထိုအချိန်၌ စုချီက စုလုရီ၏ လက်ကောက်ဝတ်ကို ရုတ်တရက် လှမ်းဆွဲလိုက်ကာ စုလုရီကို ကြည့်လိုက်ပြီး "ငါ မင်းကို လိုက်စေချင်တယ်ဆိုရင်ရော လိုက်မှာလား" ဟု မေးလိုက်၏။


...…….................................
.........................................


အပိုင်း (၅၀) ပြီးပါပြီ။

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Dove le storie prendono vita. Scoprilo ora