Chapter 75

3.2K 338 0
                                    

စုလုရီ
အပိုင်း (၇၅) ရေပူကန်


"ငါဘာလို့ လည်ပင်းက အကွက်ကို မေ့သွားတာပါလိမ့်။ ငါ ရေထဲ ဘယ်လို သွားစိမ်ရမလဲ" ဟု စုလုရီက တွေးပြီး "ဘယ်လိုလုပ်ရမလဲ အစ်ကိုကြီး" ဟု လုပ်ထားသည့် တရားခံကို လှမ်းမေးလိုက်သည်။

"မရဘူး။ ငါ့ နှုတ်ခမ်းနဲ့ စုပ်ထားတာက လွယ်လွယ်နဲ့ မှိန်သွားမှာ မဟုတ်ဘူး" ဟု စုချီက စုလုရီ၏ လည်ပင်းပေါ်မှ အနီကွက်ကို ကြည့်ပြီး ပြောလိုက်၏။

"..."

စုချီက စကားပြောပြီးနောက် စုလုရီ၏ ဂုတ်ကိုဆွဲကာ လည်ပင်းကို ထပ်နမ်းလိုက်သည်။

"အား"

စုလုရီက လည်ပင်းကို မော့ပေးလိုက်ပြီး "အစ်ကိုကြီး၊ တော်တော့လေ။ ဘယ်လိုလုပ်ရမလဲဆိုတာ မြန်မြန် စဉ်းစားပေးဦး" ဟု ပြောလိုက်သည်။

"အောက်ကို မဆင်းသွားနဲ့။ ပင်ပန်းပြီး အိပ်ချင်နေပြီလို့ ပြောလိုက်"

"ဒါပေမယ့် ဒါက အိမ်ပြန်ရောက်ရောက်ချင်း လုပ်တဲ့ ပထမဆုံး မိသားစု လှုပ်ရှားမှုလေ။ ကျွန်တော်တို့ နောက်ကျလို့ ရပေမယ့် မသွားလို့တော့ မရဘူးမလား"

"ဒါဆိုလည်း ခဏလောက် နမ်းပြီးမှ သွားကြမယ်"

စုလုရီက စုချီ၏ ပုခုံးကို ကိုင်ထားပြီး စုချီ၏ အဆက်မပြတ် နမ်းစုပ်နေမှုကို ငြိမ်ခံနေလိုက်သည်။

လေးမိနစ်၊ ငါးမိနစ်ခန့် ကြာသောအခါ စုကျစ်ထုံ၏ အော်ခေါ်သံကို ကြားလိုက်ရ၏။

"သူဌေးတို့၊ ဆင်းမလာကြသေးဘူးလား"

"ပါးပါး လှမ်းခေါ်နေပြီ အစ်ကိုကြီး"

"မင်း အပေါ်ထပ်မှာ နေခဲ့။ အဖေတို့ကို ငါ ကြည့်ကောင်းအောင် ပြောလိုက်မယ်"

"မဖြစ်ဘူးလေ။ ကျွန်တော် နေမကောင်းဘူးလို့ ပြောလိုက်ရင် အဖေတို့က လာကြည့်ကြမှာပေါ့။ အိပ်ယာပေါ်မှာ လှဲနေရင်း လည်ပင်းပေါ်က အနီကွက်ကို တွေ့သွားရင် ဘယ်လိုလုပ်မလဲ"

"..."

စုလုရီ၏ စကားကြောင့် စုချီက ခဏကြာ ငြိမ်သက်သွားပြီး ဖြေရှင်းရန် နည်းလမ်းကို စဉ်းစားနေလိုက်သည်။

...

အနောက် ခြံဝင်းထဲတွင် စုကျစ်ထုံက ရေပူကန်၏ နံရံကို မှီပြီး ရေနွေးစိမ်နေ၏။

အပြင်ဘက်တွင် အေးပြီး ရေ‌ပူကန်ထဲတွင် နွေးသဖြင့် စုကျစ်ထုံက သဘက်ကို ပုခုံးပေါ်တွင် လွှားထားလိုက်သည်။

ရေပူကန်ထဲတွင် ရွေ့လျားနေသော အစားအသောက်များ တင်ထားသည့် ဗန်းလည်း ရှိ၏။

စုကျစ်ထုံက တံခါးပေါက်ကို လှမ်းကြည့်လိုက်ပြီး "ဘာလို့ သူဌေးတို့က အခုထိ မလာကြသေးတာလဲ" ဟု စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

ယုရှင်းရန်က ရေ‌နွေးကို လက်ခုပ်ဖြင့် ယူကာ ပုခုံးပေါ်သို့ လောင်းချနေရင်းဖြင့် "ရှောင်ရီလေးက အအေးကြောက်တယ်မလား။ အဲ့ဒါကြောင့် အပြင်မထွက်ရဲတာ ထင်တယ်" ဟု ဝင်ပြောလိုက်သည်။

"အအေးကြောက်လည်း ရေပူကန်ထဲ ဝင်စိမ်လိုက်ရင် ရပြီလေ"

လင်မယား နှစ်ယောက် စကားပြောနေကြချိန်၌ ဘေးနားတွင် ရှိသော စုကျန်းချန်က တံခါးပေါက်ကို ကြည့်ပြီး "အစ်ကိုကြီးတို့ လာပြီ" ဟု ထပြောလိုက်သည်။

လေအေးများကြားတွင် ပန်းခြံ၏ မှန်တံခါးက ပွင့်လာပြီး စုချီက ရေချိုးတဘက်ကို ပတ်ကာ ထွက်လာ၏။

သူ၏ အနောက်တွင် စုလုရီက လည်စည်းကို ပတ်ကာ ထွက်လိုက်လာခဲ့သည်။

"ဟင်"

စုလုရီ၏ ပုံပန်းသဏ္ဌာန်ကြောင့် အားလုံးက ကြောင်သွားကြသည်။

စုချီက တည်ငြိမ်သည့် အမူအရာဖြင့် တဘက်ကိုချွတ်ကာ ရေကန်ထဲသို့ ဝင်စိမ်လိုက်ပြီး "သူက အေးမှာ ကြောက်နေလို့ သားတို့ နောက်ကျသွားတာ" ဟု ဆင်ခြေပေးလိုက်၏။

စုကျစ်ထုံက အံ့အားသင့်နေရာမှ ပုံမှန်စိတ် ပြန်ဝင်လာကာ "သားငယ်လေးက ရေပူကန်ထဲမှာ လည်စည်းကြီး ဘာလို့ ပတ်ထားတာလဲ" ဟု မေးလိုက်သည်။

"အပြင်က အေးနေလို့ ပါးပါး" ဟု စုလုရီက တုန်တုန်ရီရီ ပုံစံ သရုပ်ဆောင်ကာ ပြောလိုက်၏။

ဘေးနားတွင် ရှိသော စုချီက စုလုရီ၏ သရုပ်ဆောင် စွမ်းရည်ကို ချီးကျူးသည့် ပုံစံဖြင့် လှမ်းကြည့်လိုက်သည်။

စုကျစ်ထုံက တစ်ခုခုကို သံသယ ဝင်နေသော်လည်း လက်ဆုပ် လက်ကိုင် ပြစရာ မရှိသဖြင့် စုလုရီကို ခဏ စိုက်ကြည့်ပြီး ပြန်လှည့်သွားတော့၏။

ယုရှင်းရန်ကလည်း "တွေ့လား။ ရှောင်ရီလေးက အအေးကြောက်နေတာ နေမှာပါလို့ ပြောသားပဲ" ဟုဝင်ပြောလိုက်သည်။

....

မိသားစုများ စကားစမြည်ပြောဆိုကြရင်း ရေနွေးစိမ်နေကြရာ အချိန်ကြာလာသောအခါ အပူငွေ့က တရိပ်ရိပ် တက်လာတော့သည်။

အထူးသဖြင့် စုလုရီ၏ လည်စည်း ပတ်ထားသော နေရာက ပိုပူလာကာ ချွေးများပင် စို့လာတော့သည်။

စုလုရီက စုချီကို အရိပ်အကဲ ပြနေသည့် အချိန်၌ အလိုက်ကမ်းဆိုး မသိသော စုကျန်းချန်က "ညီလေး၊ ဘာဖြစ်လို့လဲ" ဟု ထမေးလိုက်သဖြင့် တစ်မိသားစုလုံး စုလုရီကို ဝိုင်းကြည့်ကြတော့သည်။

"..."

"ပူနေပြီမလား သားငယ်လေး။ အခု မအေးတော့ဘူးဆိုတော့ လည်စည်း ချွတ်လိုက်တော့လေ" ဟု ယုရှင်းရန်က စုလုရီကို ကြည့်ပြီး ပြောလိုက်၏။

စုလုရီက ခေါင်းခါပြီး "ရတယ် မားမား။ သား ဒီလို ပူတာကို ကြိုက်တယ်။ တော်တော်လည်း ပူနေပြီ ဆိုတော့ သား အရင်တက်တော့မယ်နော်" ဟု ပြော၍ ရေပူကန်မှ ထွက်သွားလိုက်သည်။

ထိုအခါ စုချီကပါ "သားလည်း တက်တော့မယ်" ဟု ပြောပြီး စုလုရီ အနောက်မှ လိုက်သွားလိုက်၏။

ယုရှင်းရန်ကလည်း တဘက် ပတ်ပြီး ရေကန်မှ တက်လာကာ ပန်းခြံထဲသို့ အရောက်တွင် စုချီက စုလုရီကို လှမ်းဖက်လိုက်သည်ကို တွေ့လိုက်သဖြင့် "သူဌေးကတော့ သတိမဲ့လိုက်တာ" ဟု ရေရွတ်လိုက်သည်။

စုလုရီတို့ အိမ်ထဲသို့ ရောက်သောအခါ မားဝူက "ပြီးသွားပြီလား သခင်လေးတို့" နှုတ်ဆက်လိုက်သဖြင့်
စုချီက "အင်း" ဟုပြောပြီး စုလုရီကို ဖက်ကာ အပေါ်သို့ တန်းတက်လိုက်သည်။

စုလုရီက စုချီကိုတို့ပြီး "အစ်ကိုကြီး၊ လွှတ်တော့လေ။ သူများတွေ မြင်ရင် မကောင်းဘူး" ဟု တိုးတိုးလေး ပြောလိုက်သော်လည်း စုချီက မလွှတ်ပေးခဲ့ပေ။

စုလုရီက အခန်းထဲသို့ ပြန်ရောက်သောအခါ ရေနွေးဖြင့် ရေချိုးလိုက်ပြီး အိပ်ယာဝင်လိုက်တော့သည်။

...

နောက်တစ်နေ့ မနက်နိုးလာသောအခါ စုလုရီက မထချင် ထချင်ဖြင့် အိပ်ယာထလာကာ မနက်စာစားရန်  အောက်ထပ်သို့ ဆင်းလာခဲ့သည်။

စုကျစ်ထုံက ထုံးစံအတိုင်း သားများ၏ အစီအစဉ်ကို မေးမြန်းနေရာ စုလုရီကိုလည်း "ရှောင်ရီရော၊ ဘာလုပ်စရာ ရှိလဲ" ဟု မေးလိုက်သည်။

"သား သဘက်ခါကျရင် သူငယ်ချင်း တစ်ယောက်ရဲ့ ပါတီပွဲကို သွားရမယ်။ ဒါပေမယ့် တစ်ယောက်တည်း သွားရမှာ ကြောက်တယ်"

အစ်ကို သုံးယောက်က စုလုရီ၏ စကားကြောင့် စားနေရင်း ရပ်သွားကြသည်။

စုကျစ်ထုံ : "သား တစ်ယောက်တည်း သွားရမှာ ကြောက်ရင် မင်း အစ်ကိုတွေကို ခေါ်သွားလိုက်လေ။ အဖော်ရတာပေါ့"

ယုရှင်းရန် : "နေပါဦး ကျစ်ထုံရယ်။ ဟိုက အစ်ကိုတွေကို ဖိတ်ထားလို့လား"

စုလုရီ : "ရတယ် မားမား။ သူက အစ်ကိုတွေကို ခေါ်လာလို့ ရတယ်လို့ ပြောတယ်"

စုယွီ : "အိုး၊ ဒါဆို အစ်ကို (၃) ရော လိုက်လို့ရလား ညီလေး"

စုလုရီ : "ရတာပေါ့ အစ်ကို (၃) ရဲ့"

စုကျန်းချန် : "ဒါဆို ငါလည်း လိုက်မယ်"

...

ထို့နောက် စုလုရီက သူ၏ အစီအစဥ်ကို ကျိုးချင်းချန်ကို စာပို့လိုက်၏။

ပါတီပွဲ ကျင်းပမည့် မနက်၌ စုလုရီက အခန်းတံခါးကို ဖွင့်ထားကာ အဝတ်အစား ရွေးနေသည်။

ထိုအခါ စုချီက ဝင်လာပြီး သူ၏ အနောက်မှ ရပ်ကာ ဗီဒိုမှ အဝတ်အစားများကို သေချာကြည့်လိုက်သည်။

ထို့နောက် ဝတ်စုံတစ်ခုကို ဆွဲယူလိုက်ပြီး သေချာကြည့်လိုက်ကာ "ဒီဝတ်စုံကို ဝတ်လိုက်" ဟု ရွေးပေးလိုက်သည်။

"ဒီဝတ်စုံက ဘာဖြစ်လို့လဲ အစ်ကိုကြီး။ တစ်ခုခု ထူးခြားတာ ရှိလို့လား"

"အင်း"

"ဘာရှိတာလဲ"

"ငါ ဝတ်မယ့် ဝတ်စုံနဲ့ လိုက်တယ်"

"..."

"ငါတို့ စုံတွဲ ဝတ်စုံ ဝတ်သွားပြီး တခြားလူတွေကို အံ့ဩသွားအောင် လုပ်ကြမယ်" ဟု စုချီက စုလုရီကို ကြည့်ပြီး ပြောလိုက်၏။


...…….................................
.........................................


အပိုင်း (၇၅) ပြီးပါပြီ။

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Where stories live. Discover now