Chapter 5

8.2K 995 37
                                    

Chapter 5 - ပြန်လည်တိုက်ခိုက်ခြင်း

[Editor Note : ရှေ့အပိုင်းတွေမှာ Zhou Qingcheng နှင့် Sun Heyu တို့ကို ကျောက်ချန်းချန်၊ ဆန်းဟဲ့ယု လို့ ဘာသာပြန်မိထားပါသဖြင့် အခုအပိုင်းမှစ၍ ကျိုးချန်းချန် နှင့် စွင်းဟဲ့ယွီ လို့ ပြောင်းလဲ ပြန်ဆိုသွားမည်ဖြစ်ပါကြောင်း။]

စုလုရီက စုချီ သူ့ကို ကြည့်နေတယ်ထင်ပေမယ့် မသေချာပေ။ အဲ့တာကြောင့် သူက ဆက်ပြီးတော့ပဲ ပွဲကြည့်နေလိုက်သည်။

ကျန့်ချင်ရဲ့ ကျိန်ဆဲမှုတွေကြား အရာရာက ရှင်းလင်းလာခဲ့၏။

လူငယ်လေးရဲ့နာမည်က ဟဲဂျင်ဖြစ်ပြီး ကျန့်ချင်ကတော့ သူ့ရဲ့ ကိုယ်ဝန် လေး၊ ငါးလ ရှိနေပြီဖြစ်တဲ့ သတို့သမီးလောင်းပဲ ဖြစ်သည်။ သူမက ဟဲဂျင်နာမည်ပျက်မှာ ဆိုးတာကြောင့် သည်ပါတီပွဲကို လိုက်လာခဲ့တာဖြစ်သည်။

ရလဒ်ကတော့ သန့်စင်ခန်းသွားပြီး ပြန်လာရုံ ရှိသေး သူမ သတို့သားလောင်းရဲ့လက်မောင်းကြားထဲမှာ အရှက်မရှိတဲ့ ကြာပန်းဖြူမ ရောက်နေတာကို တွေ့လိုက်ရသည်။

စုလုရီ သက်ပြင်းချလိုက်သည်။ သူ့နောက်လိုက်လာတော့ရော ဘာရမှာမလို့လဲ။ အဲ့ကောင်လို ယောကျာ်းမျိုးက ကြိုးနဲ့ ချည်ခံထားရရင်တောင် မင်း သူ့ နှလုံးသားကို မရဘူး။

ကျန့်ချင်ကတော့ ငိုပြီး ကျိန်ဆဲနေဆဲဖြစ်၏။

“ဟဲဂျင်၊ ကျွန်မက ရှင့်ရဲ့ဟဲမိသားစုရဲ့မျိုးဆက်ကို လွယ်ပေးထားရတာပါ။ ဒါပေမယ့် ရှင်က အဲ့တာနဲ့ မတန်ဘူး“

“မင်း ဘာဖြစ်နေတာလဲ။ သူမက ငါ့ အပေါ်မတော်တဆ လဲကျရုံလေးတင်ပါ။ ကိုယ့်ကိုလည်း ဆင်ခြင်ပါအုန်း“

အမျိုးသားတွေရော အမျိုးသမီးတွေရောက သူတို့နဲ့ဝေးရာမှာ ရပ်နေကြပြီး ဆွဲထည့် မခံချင်ကြပေ။

ကောင်းမွန်တဲ့ ပါတီပွဲက အခုတော့ အသားဈေးတန်းလို ဖြစ်သွားလေပြီ။ သည်ပွဲက ကြည့်လို့ကောင်းပေမယ့် တော်တော်လေးတော့ ပေါတယ်။

စုလုရီကတော့ အဲ့တာကို ပေါတယ် မထင်ခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူ့မှာ နစ်နာစရာ တစ်ခုမှ မရှိဘူးလေ။

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Donde viven las historias. Descúbrelo ahora