Chapter 18

6.8K 814 0
                                    

CHAPTER 18
- လက်ချင်းယှက်ကြရာဝယ် -


စုကျန်းချန်တစ်ယောက် ဝင်ဆံ့ဖို့ ကြိုးစားရင်း အောင့်သည်လို့ ခံစားရ၏။

စုလုရီကတော့ သူ့ ဒုတိယ အစ်ကိုကြီးရဲ့ ထိရှလွယ်နှလုံးသားကို နားမလည်ပါဘူး။
သူက တခိခိရယ်ကာ ပြန်လှည့်သွားသည်။ "ဒုတိယအစ်ကိုကြီးကလည်း စောစောက ပြောရောပေါ့။
အဲ့တာဆို ကျွန်တော်တို့ "love ဂီအိုရီု မိသားစုထဲ ပါလို့ရပြီ"

သူက ထိုနေရာကို ပြန်သွားကာ ထိုင်ချလိုက်ပြီး "စုကျန်းချန်" ဆိုတာပါ ထည့်ရေးလိုက်၏။

စုကျန်းချန် အခုမှ ပိုပြီး နေသာထိုင်သာ ရှိသွားတော့သည်။

ယုရှင်းရန် လှည့်ကြည့်လိုက်တော့ သဲပေါ်မှာ "love မိသားစု" ကို တွေ့သွား၏။ သူမက ဖုန်းကို
ထုတ်ကာ ဓာတ်ပုံ ရိုက်ယူထားလိုက်သည်။ "ချစ်ဖို့ကောင်းလိုက်တာ အမှတ်တရအနေနဲ့သိမ်းထားရမယ်။

စုကျန်းချန်ကတော့ အခုထိ ထိရှလွယ်နေတုန်းမို့ မျက်နှာတွေ နီလာကာ "ဘာတွေများ ချစ်ဖို့ကောင်းနေလို့လဲ"

ယုရှင်းရန်ကတော့ ဓာတ်ပုံကို သေချာတောင်ပြင်နေ၏။ "ဒီသဲတွေက မနက်ဖြန် လေတိုက်ရင်
လေနဲ့အတူ ပါသွားမှာ အမှတ်တရတွေကတော့ ဓာတ်ပုံရိုက် သိမ်းထားရမှာပေါ့"

သူမ ဓာတ်ပုံကို ပြင်ဆင်ပြီးတာနဲ့ "ချစ်စရာမိသားစု" ဆိုတဲ့ group chat ထဲပို့လိုက်သည်။
"နောက် ဒီဓာတ်ပုံကို ပြန်ကြည့်တဲ့အခါကျရင် ဒီအခိုက်တန့်က ဘယ်လောက် လှပခဲ့လည်းဆိုတာ
သိလိမ့်မယ်"

စုကျစ်ထုံကတော့ ထောက်ခံ၏။ "အမကြီး ပြောတာ မှန်တယ်"

စုလုရီလည်း ထောက်ခံတာပဲ "အမေ ပြောတာ မှန်တယ်"

ယုရှင်းရန်က သဘောတွေ့နေပြီး မိသားစုပုံအနည်းငယ် ထပ်ရိုက်ခဲ့၏။

မိုးချုပ်ဖို့ ဘယ်လောက်မှ မလိုတော့တာမို့ ကောင်းကင်ကြီးကလည်း အလင်းတွေ မှိန်လာခဲ့ပြီး
သူတို့အုပ်စုလည်း ပြန်ခဲ့ကြသည်။

စုလုရီကတော့ သည်ည ပျော်ခဲ့ရ၏။ ပင်လယ်စာအရည်တွေကိုလည်း ခိုးလျှက်ခဲ့ရပြီး ပင်လယ်ကြီးရဲ့ အလှဆုံးအချိန်ကိုလည်း တွေ့ခဲ့ရသည်။

သူက စုချီကို သွားပြီး ပွတ်သီး ပွတ်သတ် လုပ်လိုက်၏။ ပြီးတော့ သူ့ရဲ့ကြမ်းတိုက်တံလို ဆံပင်မွှေးတွေလည်း ထောင်ထလာခဲ့သည်။ "အစ်ကိုကြီး၊ မနက်ဖြန်လည်း ထပ်သွားရအောင်လေ၊ နော်"

စုချီကတော့ စီးပွားရေးဆန်ဆန်ပဲ "ရာသီဥတုအပေါ်မူတည်တာပေါ့"

စုလုရီက သူ့ဆံပင်တွေကို သပ်တင်ပြကာ "ဒါပေမယ့် ကျွန်တော်မှ မဖျားတော့တာ။ အဖျား လုံးဝကျ
သွားပြီ"

သူ့ရဲ့ အရှေ့ဆံပင်တွေ အုပ်မနေတဲ့ ပုံစံကို စုချီပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ သူ့ရဲ့သိမ်မွေ့တဲ့အစိတ်အပိုင်းတွေက ထင်းထွက်နေ၏။ မျက်ဝန်းတွေကလည်း ကြည်လင်ကာ နူးညံ့နေသည်၊ နဖူးပြင်ကလည်း ချောမွေ့ပြည့်ဖောင်း၏။ သူ့ပုံစံက အရမ်းကို ဖြူစင်နေတယ်လေ။

စုလုရီကတော့ အလျော့မပေးနိုင် ... "မယုံရင် ထိကြည့်"

စုချီ : "ဆွဲနေ အဲ့ဆံပင်ကို၊ နဖူး ပြောင်သွားမယ်"

စုလုရီက ကြက်သီးထကာ ဆံပင်ကို ပြန်ချထားလိုက်ရသည်။

စုယွီကတော့ ရှေ့ကနေလျှောက်ကာ အကြွေစိကိုလက်ထဲမှာလှည့်နေ၏။ သူ နှာတစ်ချက်ရှုံ့လိုက်ကာ နောက်ကနေ အတူတူ လျှောက်လာတဲ့ နှစ်ယောက်ကို ကြည့်လိုက်သည်။ သူ ချက်ချင်းပဲ သူ့ အစ်ကိုကြီးကို ထပ်စချင်လာပြန်သည်။

"ညီလေး၊ တတိယ အစ်ကိုကြီး အပူတိုင်းပေးရမလား"

သင့်လျှော်တဲ့ တောင်းဆိုချက်မလို့ စုချီက သူအပိုတွေ လုပ်နေတာကို ရပ်ကြည့်နေလိုက်သည်။ စုလုရီက တမင်သက်သက် သူ့ အရှေ့ဆံပင်တွေကို ဖိချလိုက်ကာ "မလိုပါဘူး တတိယ အစ်ကိုကြီး"

စုယွီ တကယ်ကို သိချင်တာပါ "အစါကိုကြီးကျ ဘာလို့ရတာလဲ"

စုလုရီရဲ့အကြောင်းပြချက်တွေကတော့ အရင်အတိုင်းပါပဲ။ "ကြက်ပေါက်လေးက အသိုက်မှာပဲ
ရှိသေးတယ်"

သူ ပြောပြီးပြီးချင်းမှာပဲ ဘေးနားကနေ လှောင်ချင်တဲ့အသံနဲ့ "မင်းက ငါ့ကိုအမေလို သဘောထားနေတာလား"

စုလုရီက ကျုံ့သွားပြီး "အစ်ကိုကြီး အဖရာလေ၊ မိဘနဲ့ တစ်ဂိုဏ်းတည်းပဲ၊ အစားထိုးလို့ရတယ်ဆိုတော့ အမေလိုပါပဲ"

"ဟမ်"

စုလုရီ ခဏ‌လောက်တော့ စုယွီ ဘေးနားကပ်ကာ အားကိုး ရှာလိုက်သည်။ သူက အကြွေစိ စုယွီ လက်ထဲ ကျလာတာကို မြင်ပြီး နဂိုဝထ္ထုထဲက စုယွီရဲ့ "ကံကောင်းခြင်း" ကို သတိရလိုက်၏။

သူက ထီထိုးရင်လည်း အမြဲ‌ပေါက်ပြီး တစ်ယောက်ယောက်နဲ့ငြင်းခုံရင်လည်း အမြဲနိုင်တတ်သည်။

စုလုရီက စုယွီရဲ့အကြွေစိကို စိုက်ကြည့်နေလိုက်တာ ဆံပင်တွေ လာဖွမှ အသိပြန်ဝင်လာ၏။
"သင်ချင်လို့လား"

စုလုရီက ကိုယ့်အခြေအနေ ကိုယ်သိပါသည်။ "မသင်ချင်ပါဘူး။ သင်လို့ မရဘူး"

စုယွီ ပြုံးလိုက်၏။ "ဒါပေါ့၊ ဒါက ပါရမီပါမှ ရမှာ"

"... ..."

စုလုရီ ရေချိုးဖို့ အခန်းပြန်တော့ သူ့ လက်မှာ ပြတ်ရှရာလေး ရှိနေတာ တွေ့လိုက်ရသည်။

သူ ရေချိုးနေရာကနေ ခေါင်းပေါ်က သဘက်တန်းလန်းနဲ့ စုချီ အိပ်ခန်းထဲကို ပြေးကာ "အစ်ကိုကြီး၊ လက်ရှသွားပြီ"

စုချီက ကွန်ပျူတာကြည့်နေရင်း ကုတင်ကို မှီထား၏။ ခြေထောက်တစ်ဖက်က ရေချိုးဝတ်စုံကနေ ထွက်ကျနေပြီး သူ့ ကိုယ်နေဟန်ထားက အရမ်းကို သက်တောင့်သက်သာ အနေထားနဲ့ ဖြစ်သည်။
သူ ထထိုင်လိုက်ပြီး "ကြည့်ရအောင်"

စုလုရီက အပ်ပေါက်လောက် အနာကို စုချီ မျက်လုံးရှေ့ထိုးပြကာ "မြင်လား အစ်ကိုကြီး"

စုချီရဲ့ နှုတ်ခမ်းအစွန်းတွေ လှုပ်ရှားသွားသည်။ "မပြောရင် ဒီအတိုင်း လက်ဗွေရာပဲ ထင်မှာ"

စုလုရီကတော့ စိတ်လှုပ်ရှားနေသည်။ "ကြည့်ရတာ အစ်ကိုကြီး နာမည် ရေးနေတုန်းက ကျောက်တုံးနဲ့ခြစ်မိတာနေမယ်။ ပိုးတွေဝင်ပြီး အနာရင်းသွားလောက်လား"

စုချီကတော့ အံ့သြစွာ သက်ပြင်းချလိုက်ပြီး "အရင်အလုပ် ပြန်လုပ်နေတာလား"

စုလုရီက ရပ်သွားပြီး မျက်တောင်ခတ်လိုက်သည်။

စုချီ ; "ကြွေထည်တွေရဲ့ဘုရင်လေ"

စုလုရီ "... ..."

သူ့ရဲ့စိတ်ရင်းကို သူ့ အနာနဲ့ သက်သေပြမလို့ကို ပြန်ရတာက‌တော့ စုချီဆီက လေပူလေးနဲ့ မှုတ်ပေးတာကိုပင်။

စုလုရီက ပျော်ရွှင်စွာနဲ့ ခြေကို ချိတ်ကာ မျက်လုံးကိုမှိတ်၍ ကုတင်စွန်းမှာ ထိုင်နေ၏။

စုချီရဲ့လက်က အသားမာပါးပါးနှင့် ကျယ်ပြန့်နွေးထွေးသည်။ သူတို့ လက်ချင်း ပွတ်တိုက်သွားချိန်
ခေါင်းတွေပါ ကျိန်းသည်။ လေတိုးသံက သူ့နားထဲမှာ အရမ်းကျယ်လွန်းတော့ စုလုရီ အိပ်တောင်ပျော်
တော့မည်။

သူ့ ခေါင်းက နောက်ယိမ်းသွားပြီးတော့ သန်မာတဲ့ရင်ဘတ်ပေါ် ဒုတ်ခနဲသွားကျတယ်။

လေမှုတ်တာ ရပ်သွားလို့ စုလုရီ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ အပေါ်က စုချီ၏ မျက်နှာကို တွေ့လိုက်ရသည်။
သည်လို ပင့်ကြည့်ရင် ရုပ်ဆိုးရမယ့်ဟာကို စုချီရဲ့ပုံစံကတော့ အရင်လိုပင်။ စုလုရီက သူ့ အစ်ကိုကြီးဟာ သည်လို ရှုထောင့်က ကြည့်တောင် ချောနေတုန်းပဲလို့ တွေးလိုက်မိသည်။

စုချီ ; "ဘာလုပ်နေတာလဲ"

စုလုရီရဲ့ မိန်းမောနေတဲ့ စိတ်တွေ အနည်းငယ်ကြည်လင်သွားသည်။ သူ့အကြည့်တွေကို စုချီ ကိုယ်ပေါ်ကနေ လွှဲလိုက်ပြီး ရှက်ရှက်နဲ့ သူ့ခေါင်းကိုလှည့်လိုက်၏။ "ကျွန်တော်က အစ်ကိုကြီးက အားကိုးစရာကောင်းတယ်လို့ တွေးနေတာပါ"

စုချီက လှောင်ရယ်လိုက်ကာ သူ့ လည်ပင်းကနေ မပြီး လွှင့်ပစ်လိုက်၏။
...............................................

နောက်နေ့ စုလုရီ နိုးလာတော့ စုချီ ရေချိုးပြီးခါစဖြစ်သည်။ သူယဥ်ယဥ်ကျေးကျေးပဲ လေမှုတ်စက်ကိုကောက်ကာ ...
"ကျွန်တော် မှုတ်ပေးရမလား အစ်ကိုကြီး"

စုချီက လေမှုတ်စက်ကိုယူလိုက်ပြီး "မလိုပါဘူး။ ငါ့ဆံပင်တွေကြောင့် မင်းရဲ့တန်ဖိုးရှိတဲ့ လက်ချောင်းလေးတွေ ရှမိနေဦးမယ်"

စုလုရီက မျက်နှာချို သွေးလိုက်သည် ။ "ကျွန်တော့်ကို အဲ့လောက် သနားစရာမလို..."

စုချီ လေမှုတ်စက်ကို ဖွင့်ကာ သူ့ ပါးစပ်က အီးပေါက်နေတာတွေ လွင့်အောင် လုပ်လိုက်၏။

သူတို့ရဲ့ သည်နေ့ ခရီးက သစ်တောဥယာဥ်ဖြစ်သည်။

သူတို့အုပ်စု လေ့ကျင့်ခန်းအတွက် ပေါ့ပေါ့ပါးပါးဖြစ်မယ့် အဝတ်စားတွေ ဝတ်ခဲ့ကြ၏။ စုလုရီက
တီရှပ်၊ အားကစား ဘောင်းဘီနှင့် အားကစား ဖိနပ်ကိုဝတ်ဆင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားလို ကျောပိုးအိတ်လည်း လွယ်ခဲ့သည်။

သူတို့ မိသားစုထွက်တော့ စုချီက သူ့လွယ်အိတ်ရှိ နားရွက်နှစ်ဖက်ကို ကိုင်ကာ "ဘာကြီးလဲ"

ယုရှင်းရန်က ချစ်ဖို့ကောင်းအောင် ပြုံး၍ "ယုန်နားရွက်လေးတွေလေ။ ယုန်က ချစ်စရာလေး။ ရီလေးနဲ့ ဆိုတော့ ပိုမလိုက်ဘူးလား"

စုကျစ်ထုံက သူ့မကို ချီးကျူးလိုက်သည်။ "အမကြီးက ကြည့်တတ်တာပဲ"

စုလုရီကတော့ ယုန်နားရွက် လွယ်အိတ် လွယ်ရလည်း ကိစ္စမရှိပါ။ "အမေ ကြိုက်ရင် လွယ်မှာပေါ့၊ ဟီးဟီး"

သူတို့နေတဲ့နေရာကနေ ပန်းခြံကိုရောက်ဖို့ တစ်နာရီလောက်မောင်းရသည်၊ စုကျစ်ထုံက မြို့တွင်းစီး
ဖို့ ကားငှားထား၏။ အဲ့တာမှ သူတို့အဲ့ကို သက်တောင့်သက်သာ သွားလို့ရမှာမလား။

သူတို့ သစ်တောပန်းခြံကို ရောက်တော့ မနက်ခင်းဖြစ်သည်။ အဝေးကနေ လှမ်းကြည့်ရင် အပူပိုင်းဒေသ မိုးသစ်တောကိုပါ မြင်ရသည်။ တောင်တွေက ရှည်ပြီး နိမ့်၏။ လမ်းတွေကလည်းပြန်ပြူးနေတာကြောင့် စိမ်းစိုနေတဲ့ သစ်တောတွေကို ခရီးသည်တွေ တွေ့မြင်နိုင်လေသည်။

ခရီးသွား ရာသီဆိုတော့ အဝင်ဝမှာတင် လူတွေအများကြီး တန်းစီနေတာကို တွေ့ရသည်။ တချို့တွေကတော့ ခရီးသွား တိုးဂိုက်နဲ့ လာကြတာဆိုတော့ ခရီးသည် နာမည်တွေကို လော်စပီကာနဲ့ အော်ခေါ်နေတာမျိုးတွေလည်း ကြားနေရ၏။

စုကျစ်ထုံက ဗီအိုင်ပီအနေနဲ့ အမြန်လမ်း ဘိုကင်တင်ထားခဲ့တာမို့ မကြာခင်မှာပဲ ဝန်ထမ်းတွေက သူတို့ကို တခြား ဝင်ပေါက်ကနေ ခေါ်သွားခဲ့သည်။

နောက်တစ်ကြိမ်ထပ်ပြီး စုလုရီတစ်ယောက် အပေါ်စီးက လူဖြစ်ရခြင်းရဲ့အရသာကို ခံစားလိုက်ရ၏။ သူက သူ့ယုန်လွယ်အိတ်ကို သယ်ကာ ပျော်ရွှင်မှုတွေ ထုတ်လွှင့်နေလိုက်သည်။

အမြန်လမ်းကတော့ တောင်ပေါ်ကို ကေဘယ်ကားစီးတတ်ရတာပါပဲ။ ကေဘယ်ကားက တစ်ခါသွား
နှစ်ယောက်ပဲရတာမို့ စုကျစ်ထုံနဲ့ ယုရှင်းရန်က အရင်သွား၏။ စုယွီက အားအင်အပြည့်နဲ့ သူ့ ခေါင်းကို လှည့်လိုက်ပြီး "ညီလေး၊ တတိယ အစ်ကိုကြီးနဲ့လာစီး"

စုလုရီ ခဏလောက် ငြိမ်သက်သွားပြီး စုချီ အနားကပ်နေလိုက်၏။ "အစ်ကိုကြီးက အရင် ကျွန်တော့်ကို ရှာတွေ့တာ ဒုတိယ အစ်ကိုကြီးနဲ့ စီးလိုက်"

စုချီ "... ..."

စုယွီက သူ့ ရှေ့ဆံပင်တွေကို ဖွလိုက်ကာ "ဒါပေမယ့် ဒုတိယ အစ်ကိုကြီးက 'လူတွေ' နဲ့ မစီးချင်ဘူးတဲ့"

စုကျန်းချန် "..."

စုလုရီကတော့ ပြဿနာ မမြင်ပါ "အဲ့တာဆို တတိယ အစ်ကိုကြီးနဲ့ဆို ပို အဆင်မပြေဘူးလား"

စုယွီ "... ..."

လူခွဲတာတော့ ညီအကိုသုံးယောက်ရဲ့တိတ်ဆိတ်မှုနဲ့အတူပြီးစီးသွားခဲ့ပြီး သရဖူနဲ့အတူ အနိုင်ရရှိသူကတော့ စုချီကို ကေဘယ်ကားထဲ ဆွဲခေါ်နိုင်ခဲ့တဲ့ စုလုရီပါပဲ။

အပေါ် ရောက်တာနဲ့ နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ သူတို့အောက်မှာရော၊ ဘေးမှာပါ သစ်ပင်တွေ ထူထပ်နေတာကို မြင်ရ၏။ စုလုရီကတော့ ခေါင်းမူးစွာနဲ့ ပြတင်းပေါက် အပြင်ဖက်ကိုသာ ငေးနေလိုက်သည်။ "အစ်ကိုကြီး၊ ကျွန်တော် အမြင့်ကြောက်တယ် ထင်တယ်"

"ပြဿနာချည်းပဲ"

လက်တစ်စုံက သူ့ လွယ်အိတ်က ယုန်နားရွက်ကို ဆွဲကာ သူ့ နေရာကို ပြန်ထိုင်ခိုင်း၏။ စုချီက သူ့ရဲ့
ဖောင်းနေတဲ့ အိတ်ကို ကြည့်ရင်း "ဘာတွေ ယူလာတာလဲ"

စုလုရီ လွယ်အိတ် ဖွင့်ပြလိုက်သည်။ ဂျယ်လီ၊ ဆိုဒါ၊ အာလူးကြော်၊ ပါမုန့်တို့က ယုန်နားရွက် နှစ်ဖက်နဲ့အတူ လိုက်ဖက်ညီလျက်၊ လူတွေမြင်ရင် မူလတန်းကျောင်းသား ကျောင်းအပျော် ခရီးထွက်လာတယ် ထင်ဦးမည်။

စုချီ နဖူးကြောတွေပါ ထောင်လာသည်။ "ဘာလို့ မုန့်တွေ အများကြီး သယ်လာတာလဲ"

"လမ်းမှာ ဗိုက်ဆာရင် စားဖို့လေ" လို့ စုလုရီ ပြန်ပြောလိုက်၏။

စုချီက သူ့အား ဝက်ပေါက်လေးတစ်ကောင်ကို ကြည့်တဲ့ အကြည့်တွေနဲ့ ကြည့်နေလိုက်သည်။ "ဒီနေ့ လမ်းတွေ အများကြီး လျှောက်ရမှာကို ပေါ့ပေါ့ပါးပါး သယ်ခဲ့သင့်တယ် မထင်ဘူးလား"

စုလုရီ နောက်တစ်ကြိမ် အားအင်နဲ့ ပတ်သတ်တဲ့သီအိုရီ ရှင်းတမ်း ထုတ်ပါတော့၏။ "လျှောက်ရင်း စားတော့ ဆွဲငင်အားကနေ ရွေ့လျားစွမ်းအင်ကိုပြောင်းလို့ရတာပေါ့"

စုချီက ချီးကျူးစွာ လက်ခုပ် တီးလိုက်ပြီး "ရူပဗေဒအတွက် ကြီးမားတဲ့ ခုန်ပျံ ကျော်လွှားမှုကြီးပဲ"

သူတို့ တောင်တစ်ဝက်မှာ တင်ဆင်းခဲ့ကြသည်။ ယုရှင်းရန်ကတော့ နေကာဦးထုပ်၊ နေကာမျက်မှန်နဲ့အတူ လက်ထဲမှာ မြေပုံလည်း ကိုင်ထား၏။ "အရှေ့က တောင်ကြားမှာ ကြိုးတံတားရှိတယ်တဲ့။ နောက်တောင်က မီတာ သုံးထောင် ရှည်တဲ့ မှန်တံတား ရှိတယ်တဲ့"

စုလုရီက ဒူးတွေပါ တုန်လာသည်။ မလာခင်တုန်းက သည်လို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ဟာတွေရှိမှန်း မသိခဲ့ပါဘူး။

သူ အရင်ဘဝတုန်းက မှန်းတံတား ဘာညာ ကြားဖူးပေမယ့် အမြင့်ကြောက်၍ သူ တစ်ခါမှ မသွားခဲ့ဘူးပါ။
သူ သည်လို ရုတ်တရက်ကြီး အကြောက်တရားနဲ့ရင်ဆိုင်ရမယ်လို့ မထင်ထားမိခဲ့ဘူး။

စုလုရီ သူ့လက်ကို မြှောက်ကာ စုချီ လက်ကို ကိုင်လိုက်ပြီး အားမွေးလိုက်သည်။

သူတို့ လက်တွဲပြီးပြီးချင်းပဲ စုကျန်းချန်က လှည့်လာခဲ့၏။ သူ့ မျက်နှာက အမူအရာကို မထိန်းချုပ်နိုင်တာမို့ စုယွီက သူကြည့်နေတဲ့နေရာကို လိုက်ကြည့်ကာ သူတို့ လက်တွဲထားတာ မြင်ပြီး စက္ကန့်ပိုင်းလောက် ရပ်တန့်သွားသည်။

စုချီကတော့ အကိုင်ခံရတာ ကျင့်သားရနေပြီး စုလုရီ အမြင့် ကြောက်တတ်တာလည်း သိထားတာကြောင့် အခုချိန်မှာတော့ သူ့ကို တွန်းမလွှတ်ဖြစ်ပါ။

နေက ခေါင်းပေါ်ရောက်လာပြီး သူတို့ ခြေထောက်အောက်က လမ်းမှာ အရောင်ပြန်ကာ အဖြူရောင်ထနေသည်။ ဘေးနားက ခရီးသွားတွေရဲ့ မသာယာဖွယ် အသံတွေလည်း ကြားနေရ၏။

သူတို့ ပုံစံနဲ့ စိတ်နေ သဘောထားကို ကြည့်တာနဲ့ စုမိသားစုက သူများတွေရဲ့အထက်မှာ ဆိုတာကို သိနိုင်သည်။
အထူးသဖြင့် လူအုပ်ကြီးထဲမှာ ကိုယ်ပိုင်ဟန်တွေနဲ့ထီးထီးကြီး ကရိန်းကြီးလို ရပ်နေတဲ့ ညီအကိုသုံးယောက်ကြောင့်ပေါ့။

စုလုရီက စုချီ လက်ကို ကိုင်ကာ အရှေ့ကို တိုးနေတုန်း နားထဲကို အသံတွေ တိုးဝင်လာခဲ့သည်။

"ဟိုမှာ အချောလေးတွေ မြင်လား။ အသက်ရှူ ရပ်တော့မှာပဲ။ ဟိုအမည်းနဲ့ တစ်ယောက်ကို အကြိုက်ဆုံးပဲ"

"သူ့ဘေးက တစ်ယောက်ကလည်း ချောတာပဲ။ ကြည့်၊ လည်ပင်းမှာ မှဲ့နီလေးနဲ့ ရှယ်ပဲ"

"အယ်၊ လက်တွဲထားတယ်ဟ။ မဟုတ်မှလွဲရော..."

စုလုရီက စုချီ လက်ကို တိတ်တိတ်လေး လွှတ်လိုက်၏။ မဟုတ်ပါဘူးဆို။

သူတို့ အရှေ့က ခရီးသွားနောက်ကို လိုက်လာပြီးနောက်မှာတော့ ကြိုးတံတားထိပ်သို့ ရောက်ရှိလာခဲ့ကြသည်။

ထူထပ်စွာ ပေါက်ရောက်နေတဲ့ မိုးသစ်တောတွေနဲ့အတူ တောင်ကြီးနှစ်လုံးကြားမှာ ချိုင့်ဝမ်းကြီးလည်းရှိ၏။
လှုပ်လိလှုပ်လဲ့ ကြိုးနှစ်ချောင်းက တောင်နှစ်ခုကကြားမှာ ဖြတ်သန်းသွယ်ဆက်ထားပြီး လေးနှစ်ဖက်မှာတော့ လက်ရမ်းအနေနဲ့ ကြိုးနှစ်ချောင်းသွယ်တန်းထားသည်။  ခြေထောက် အောက်မှာတော့ သစ်သားပြားကို ကြိုးနဲ့ ခိုင်မာစွာ ပတ်ထားတဲ့ ခြေနင်းပြားတွေရှိ၏။

စုလုရီတော့ ခေါင်းမူးစပြုလာခဲ့သည် ...

စုကျစ်ထုံကတော့ ယုရှင်းရန် လက်ကို ဆွဲကာ တံတားပေါ် တက်သွား၏။ ယုရှင်းရန်က အရမ်း
စိတ်လှုပ်ရှားနေတာကြောင့် စုကျစ်ထုံ လက်ကို ခါချပြီး ပြေးဖို့ကြံနေပေမယ့်လည်း ပြန်ဆွဲထားခံရသည်။

သူတို့ လင်မယားနှစ်ယောက် ပူးကပ်ကာ ခြောက်ပေလောက်ရှိတဲ့ ကြိုးတံတားကို ဖြတ်သွားပြီးတဲ့နောက် သူတို့သားတွေအလှည့် ဖြစ်၏။

စုယွီရဲ့စိတ်အားထက်သန်မှုတွေက ကြိုးတံတားပေါ်မှာ ထပ်ပေါ်လာပြီး ဒုတိယအကြိမ် သူ့ ညီအစ်ကိုသုံးယောက်ကို ထားခဲ့ကာ တံတားထိပ်ကို အရင်ဆုံးပြေးသွားတော့ တံတား အစမှာ စုချီရယ်၊ စုကျန်းချန်ရယ်၊ စုလုရီရယ် သုံးယောက်သာ ကျန်နေခဲ့သည်။

စုလုရီကတော့ တုတ်တုတ်မျှ မလှုပ်ပါ ဘာလို့မှန်းမသိ၊ ဟို ညီအစ်ကိုနှစ်ယောက်ပါ မလှုပ်။

သူက အိတ်ထဲ လက်ထည့်ကာ တံတားကို ကြည့်နေတဲ့ စုချီကို လှမ်းကြည့်လိုက်သည်။ မျက်နှာက အေးစက်နေပြီး ပုံစံကတော့ မထိမဲ့မြင်နဲ့သာ။

စကားလုံးတွေက လျှာထိပ်ကို ပွင့်အန် ထွက်လာတာကြောင့် စုလုရီ ပါးစပ်ဟလိုက်၏။ စုချီ တစ်ခုခုကို နားလည်သွားပြီး သူ့ လက်တွေကို ဘောင်းဘီအိတ်ထဲကနေ ထုတ်လိုက်သည်။

"အစိကို..."

"အမြင့် ကြောက်လို့လား" စုကျန်းချန်ရဲ့အသံက ရုတ်တရက် စုလုရီရဲ့စကားတွေကို ဖြတ်တောက်လိုက်သည်။
သူ့ရဲ့ ရိုးသားတဲ့ မျက်နှာက နေပြင်းလို့ အနည်းငယ်တောင်လောင်နေပြီ။

လက်တစ်ဖက်က သူ့ဆီကမ်းလာပြီး ... "မင်...ကိုင်...ချင်တယ်ဆို..."

စုလုရီ ကြောင်သွားခဲ့ရသည်။ ပြီးတော့ သူ့မျက်လုံးအစွန်းကနေ စုချီ ခေါင်း ပြန်လှည့်သွားတာကို မြင်လိုက်ရ၏။

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Where stories live. Discover now